မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်

Category: စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

 

(၁) ပြည်တွင်းဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများ

မြန်မာကျပ်ငွေဖြင့် စာရင်းရှင်အပ်ငွေ၊ ၃လ၊၆လ၊၉လ၊ စာရင်းသေအပ်ငွေများ၊ ငွေစုဘဏ်အပ်ငွေစာရင်းများကို လက်ခံ ဆောင်ရွက်ပေးလျက်ရှိပြီး၊ CBM Net ဖြင့် ငွေလွှဲပို့ခြင်း၊ ငွေလက်ခံခြင်းလုပ်ငန်းများ၊MPU Card Payment ၊ OK $ Payment ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျှက်ရှိပါသည်။

 

(၂) နိုင်ငံခြားဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ

အမေရိကန်ဒေါ်လာ၊ ယူရို ငွေ၊ စင်္ကာပူဒေါ်လာတို့ဖြင့် စာရင်းရှင်အပ်ငွေများ လက်ခံခြင်း၊ အမေရိကန်ဒေါ်လာဖြင့် (၆ လ၊ ၁၂ လ) စာရင်းသေအပ်ငွေများ လက်ခံခြင်း၊နိုင်ငံခြားငွေ (USD)လက်ခံခြင်း၊ ထုတ်ပေးခြင်း၊ သက်ဆိုင်ရာ အစိုးရဌာနများသို့ ပေးချေရန်ရှိသည့် နိုင်ငံခြားငွေပမာဏနှင့် ညီမျှသော ကျပ်ငွေဖြင့် ငွေပေးအမိန့်လွှာများ ထုတ်ပေးခြင်း၊ SWIFT စနစ်ဖြင့် ပြည်ပမှ လွှဲပို့ငွေများ(Inward Remittance) လက်ခံဆောင်ရွက်ခြင်း၊ ပြည်ပသို့လွှဲပို့ငွေများ (Outward Remittance) ဆောင်ရွက်ပေးခြင်း၊ နိုင်ငံခြားငွေစာရင်းတခုမှ တခုသို့ စာရင်းပြောင်း(Account Transfer ) များ ဆောင်ရွက်ပေးခြင်း၊ စသည့်ဝန်ဆောင်မှုများကို ဆောင်ရွက် ပေးလျှက်ရှိပါသည်။

 

(၃) ပို့ကုန်/သွင်းကုန်ဆိုင်ရာဝန်ဆောင်မှုများ

သွင်းကုန်လုပ်ငန်း ဆောင်ရွက်သော လုပ်ငန်းရှင်များအတွက် ငွေလွှဲစာတမ်း၊ ထပ်ဆင့်အတည်ပြု ငွေလွှဲစာတမ်းများ ဖွင့်လှစ် ဆောင်ရွက်ပေးခြင်း၊ ပြည်တွင်းကုမ္ပဏီများမှ ပြည်ပဘဏ်များနှင့် ပြည်တွင်း ရှိ နိုင်ငံခြားဘဏ်ခွဲများမှ နိုင်ငံခြား ငွေကြေးဖြင့် ချေးငွေရယူခြင်းအတွက် ဘဏ်အာမခံငွေလွှဲစာတမ်း( Standby L/C) များ ဖွင့်လှစ်ပေးခြင်း၊ ငွေလွှဲစာတမ်း LC စနစ်ဖြင့် ငွေပေးချေခြင်း၊ Documentary Collection စနစ် (D/A)(D/P) ဖြင့်ငွေကောက်ခံပေးခြင်း တို့ကို ဝန်ဆောင်မှုပေးလျက်ရှိပြီး၊ ပို့ကုန်လုပ်ငန်းရှင်များအတွက် ပို့ကုန်ငွေလွှဲစာတမ်းဆောင်ရွက်ပေးခြင်း၊  Advance TT စနစ်ဖြင့် ရောက်ရှိလာသော ပို့ကုန်ကြိုတင်ရ ငွေများအား၊ ပို့ကုန် လုပ်ငန်းရှင်များ၏စာရင်းသို့ နေ့ချင်းပြီး စာရင်းထည့်သွင်းပေးခြင်း စသည့်ဝန်ဆောင်မှုများကို တိုးချဲ့ဆောင်ရွက်ပေးလျှက်ရှိပါသည်။

 

(၄) နိုင်ငံခြားငွေကြေးရောင်း/ဝယ်ခြင်း (Fx Dealing)

ဘဏ်တွင် ပို့ကုန်/သွင်းကုန်လုပ်ငန်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းရှင်များ၏ နိုင်ငံခြားငွေ(အမေရိကန်ဒေါ်လာဖြင့်) ပို့ကုန်ရငွေ၊ ပို့ကုန်ကြိုတင်ရငွေများကို ဝယ်ယူခြင်း၊ L/C ဖွင့်လှစ်ရန်နှင့် Payment ဆောင်ရွက် ရန် အတွက်နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ)များ ရောင်းချပေးခြင်းတို့ကို ဘဏ်မှနေ့စဉ်သတ်မှတ်သော ဝယ်ဈေး/ ရောင်းဈေး ဖြင့် တန်ဘိုးသင့် ဆောင်ရွက်ပေးလျှက်ရှိပါသည်။

 

(၅) စီးပွားရေးလုပ်ငန်းချေးငွေများ ( Commercial Loan) ထောက်ပံ့ခြင်း။

မြန်မာနိုင်ငံသားလုပ်ငန်းရှင်များသို့ စာရင်းပိုထုတ်ချေးငွေ ( Overdraft ) နှစ်တိုချေးငွေ ( Short Trem Loan)၊ နှစ်လတ်ချေးငွေ ( Medium Term Loan) များကို ထုတ်ချေးလျှက်ရှိပါသည်။

 

(၆) ကုန်သွယ်မှုဆိုင်ရာချေးငွေများ (Trade Financing) ထောက်ပံ့ခြင်း။

ဘဏ်၏သွင်းကုန်လုပ်ငန်းရှင်များအတွက် ၄င်းတို့၏စာရင်းသေအပ်ငွေနှင့် အရံငွေကြေးအပ်နှံငွေ ပမာဏအပေါ် အခြေခံလျက် သွင်းကုန်ငွေလွှဲစာတမ်းတန်ဖိုး၏ (၂၀% , ၄၀% ,၆၀% ,၈၀% မှ ၁၀၀% ) အထိ ကုန်သွယ်မှု ဆိုင်ရာချေးငွေ (Trade Financing) နှင့် (Short-term Trade Financing) တို့ကိုလည်းကောင်၊ ပို့ကုန် လုပ်ငန်းရှင်များ အတွက် ပို့ကုန်ငွေလွှဲစာတမ်း အောက်မှ (Post Shipment  Financing) ကိုလည်းကောင်း၊ ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များ၏ ကာလတိုမြန်မာကျပ်ငွေ လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရန် နိုင်ငံခြားငွေမာ ငွေကြေး(အမေရိကန်ဒေါ်လာ)ကို အာမခံရယူခြင်းဖြင့် ကာလတိုမြန်မာကျပ်ချေးငွေ ( Short Trem Financing) များကို လည်းကောင်း၊ ပံ့ပိုးဆောင်ရွက်ပေးလျက် ရှိပါသည်။

 

 

     
  ရုံးလိပ်စာ - အမှတ် ၁၀၀၊ ၈၄ လမ်း၊ ၂၉ လမ်းနှင့် လမ်း ၃၀ ဒေါင့်၊ ချမ်းအေးသာစံမြို့နယ်၊မန္တလေးမြို့။
  ဆက်သွယ်ရန်ဖုန်းနံပါတ် - ၀၂၄၀၆၀၂၄၈၊၀၂၄၀၂၁၁၀၃၊၀၂ ၄၀၃၅၈၁၆၊ ၀၂ ၄၀၃၅၈၁၇၊ ၀၂၄၀၃၅၈၁၈။
  အီးမေးလ်လိပ်စာ - This email address is being protected from spambots. You need JavaScript enabled to view it.
  website လိပ်စာ -
     

 

Eservices   Topics
 
No tagged items found
News