ပြည်တွင်းအခွန်များဦးစီးဌာန
Category: စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ရည်ရွယ်ချက်
"ကျွန်ုပ်တို့ဌာနသည် အလွန်ထိရောက်ကောင်းမွန်သော အခွန်စီမံခန့်ခွဲမှုလုပ်ငန်းများကို ရိုးသား ဖြောင့်မတ်စွာဖြင့် ဆောင်ရွက်သည့် နိုင်ငံတကာက အသိအမှတ်ပြုခံရသည့် ခေတ်မီသော အဖွဲ့အစည်းတစ်ခု ဖြစ်ရမည်။"
ဆောင်ပုဒ်
"ပြည်သူလူထု၏ ကြွယ်ဝချမ်းသာမှုအလိုငှာ အခွန်ကိုအမြင့်မားဆုံးရရှိစေရန်အတွက် စွမ်းရည်ပြည့်ဝသော ဝန်ဆောင်မှုပေးခြင်းဖြင့် အခွန်ထမ်းများအနေဖြင့် နိုင်ငံသားကောင်းများပီပီ ဆန္ဒအလျောက် အခွန်ပေးဆောင်လာစေရန်"
အဓိကလုပ်ငန်းတာဝန်များ
(က) | ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၀ (ခ)အရ နှစ်စဉ်ပြဌာန်းသည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါ အခွန်အကောက်များအနက်မှ အောက်ဖော်ပြပါ အခွန် ၅ မျိုးကို အဆိုပါ ဥပဒေတွင် ဖော်ပြပါရှိသည့် လျာထားချက်များအတိုင်း ပြည့်မီအောင် ကောက်ခံပေးရသည့် ဦးစီးဌာနတစ်ခု ဖြစ်ပါ သည်။ | |
(၁) | ဝင်ငွေခွန် | |
(၂) | ကုန်သွယ်လုပ်ငန်းခွန် | |
(၃) | အထူးကုန်စည်ခွန် | |
(၄) | တံဆိပ်ခေါင်းခွန် | |
(၅) | အောင်ဘာလေသိန်းဆုခွန် | |
(ခ) | အထက်ဖော်ပြပါ အခွန်အမျိုးအစားအလိုက် အခွန်ကောက်ခံရာတွင် အခွန်လွတ်ကင်းမှုမရှိ စေဘဲ ရသင့်ရထိုက်သော အခွန်ငွေများ အပြည့်အဝ ကောက်ခံရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန်၊ ဈေးကွက်စီးပွားရေးစနစ်နှင့် လိုက်လျောညီထွေဖြစ်သော အခွန်စနစ်ဖြစ်ပေါ်ရေးအတွက် ပြုပြင်ဆောင်ရွက်ပေးရန်၊ ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှု မဖြစ်ပေါ်စေရေးအတွက် ပြည်တွင်း၌ လှည့်လည်သုံးစွဲနေသော ကျပ်ငွေ များကို အခွန်စနစ်ဖြင့် စုစည်းပေးရန်ဟူသော အဓိကလုပ်ငန်းတာဝန်များကို အောင်မြင် စွာအကောင်အထည်ဖော်နိုင်ရေးအတွက် “ပြည်တွင်းအခွန်များဦးစီးဌာန၏ လုပ်ငန်း တာဝန် ၅ ရပ်”ကို အောက်ပါအတိုင်း ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ | |
(၁) | စည်းကြပ်ကောက်ခံရမည် အခွန်အကောက်များကို လွတ်ကင်းမှု၊ လျော့နည်းမှု မရှိစေဘဲ ဥပဒေများနှင့်အညီ အပြည့်အဝရရှိအောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူများ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြုရန်။ | |
(၂) | အခွန်ထမ်းပြည်သူများအား အခွန်ပညာပေးခြင်းနှင့် ဝန်ဆောင်မှုအပြည့်အဝပေးခြင်းဖြင့် ဆန္ဒအလျောက် အခွန်ပေးဆောင်လာစေပြီး အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့်စနစ်သို့ ကူးပြောင်းရန်။ | |
(၃) | အခွန်စည်းကြပ်မှုကို ဥပဒေများနှင့်အညီ တိကျမှန်ကန်စွာ ဆောင်ရွက်ခြင်းဖြင့် အခွန် ရုံးများအပေါ် ပြည်သူများ၏ ယုံကြည်ကိုးစားမှုကို ရယူရန်။ | |
(၄) | အခွန်ရုံးများကို ခေတ်မီနည်းပညာများဖြင့် စနစ်တကျဆောင်ရွက်နိုင်သည့် ရုံးများဖြစ်အောင် အဆင့်မြှင့်တင်နေရန်။ | |
(၅) | ဝန်ထမ်းများအား လိမ္မာယဉ်ကျေး၍ အကျင့်စာရိတ္တကောင်းမွန်ပြီး အသိပညာ၊ အတတ်ပညာ၊ ပြည့်စုံသည့် ဝန်ထမ်းကောင်းများ ဖြစ်စေရေး စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြား ပြုစုပျိုးထောင်ပေးရန်။ |
ပြည်သူနှင့် ဆက်သွယ်ဆောင်ရွက်ပေးရသည့် လုပ်ငန်းတာဝန်များ
ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် နှစ်စဉ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါ အခွန် အကောက်များအနက် အခွန် ၅ မျိုးကို တာဝန်ခံ၍ အခွန်ကောက်ခံပေးရသည့် အတွက် အခွန်ထမ်းပြည်သူများနှင့် နေ့စဉ် တွေ့ဆုံဆက်သွယ်ဆောင်ရွက်ရသည့် လုပ်ငန်းသဘာဝရှိပါသည်။ လုပ်ငန်းတာဝန်အလိုက် အောက်ပါအတိုင်းဖော်ပြအပ်ပါသည်-
(က) | ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန် နှင့် အထူးကုန်စည်ခွန် ကောက်ခံခြင်းအတွက် သက်ဆိုင်ရာအခွန် အမျိုးအစားအလိုက် သတ်မှတ်ထားရှိသည့် အခွန်ဥပဒေများအရ အခွန်ထမ်းသို့ အကြောင်းကြားစာပေးပို့ခြင်း၊ အခွန်ထမ်းထံမှ လုပ်ငန်းစတင်ကြောင်း အကြောင်းကြားစာ လက်ခံခြင်း၊ ကြိုတင်ခွန်ကောက်ခံနိုင်ရေး အခွန်ထမ်းများသို့ ကြိုတင် ခွန်ချလံများထုတ်ပေးခြင်း၊ အခွန်ထမ်းမှ လစဉ် ကုန်သွယ်လုပ်ငန်းခွန် ပေးသွင်းခြင်း၊ သုံးလတစ်ကြိမ်နှင့် နှစ်ချုပ်ကြေညာလွှာများ ပေးပို့ခြင်းကိုလက်ခံခြင်း၊ ကြေညာလွှာ ပေးပို့တင်ပြခြင်းမရှိသည့် အခွန်ထမ်းများထံ အကြောင်းကြားစာပေးပို့ခြင်း၊ အခွန်ထမ်း တင်ပြထားသော စာရင်းများအရ အခွန်ထမ်းအားခေါ်ယူ၍ ကြားနာစစ်ဆေးခြင်း၊ စာရင်းတင်ပြခြင်းမရှိသော အခွန်ထမ်းများအား စာရင်းများတင်ပြရန် အကြောင်းကြား ခေါ်ယူခြင်း၊ သက်ဆိုင်ရာဘဏ္ဍာနှစ်အလိုက် အခွန်စည်းကြပ်မှုပြုပြီးသော အခွန်ထမ်းများအား စည်းကြပ်မှုအရ ကျသင့်အခွန်များပေးသွင်းစေရန် အကြောင်းကြားခြင်း စသည့် လုပ်ငန်းများ တည်ဆဲအခွန်ဆိုင်ရာဥပဒေများနှင့် အညီ ဆောင်ရွက်ရပါသည်။ | |
(ခ) | ပြည်သူအများလိုအပ်သော တရားရုံးသုံးတံဆိပ်ခေါင်းများနှင့် တရားရုံးသုံးမဟုတ် သောတံဆိပ်ခေါင်းများကို တံဆိပ်ခေါင်းခွန်အက်ဥပဒေ၊ ရုံးခွန်ဥပဒေများနှင့် အညီ ဖြန့်ဖြူးရောင်းချပေးခြင်း။ | |
(ဂ) | လစဉ် ဖွင့်လှစ်သည့် အောင်ဘာလေသိန်းဆုခွန် လက်မှတ်များကို ပြည်သူထံအချိန်မီ ဖြန့်ဝေရောင်းချပေးခြင်း။ | |
(ဃ) | အခွန်ဆိုင်ရာဝန်ဆောင်မှုရုံးဖွင့်လှစ်ဆောင်ရွက်ပေးမှုအခြေအနေ။ | |
(၁) | ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်ထမ်းပြည်သူများ သိရှိလိုသည့် အခွန်ဆိုင်ရာကိစ္စရပ်များကို အလွယ်တကူ မေးမြန်းနိုင်ရေး မြို့နယ်အခွန်ဦးစီးဌာ နမှူးရုံးများအလိုက် ပြည်သူ့ဆက်ဆံရေး ဌာနစိတ်များကို ဖွဲ့စည်းထားရှိသည့်အပြင် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် "အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံး"များကို ဖွင့်လှစ်ထားရှိပါသည်။ အခွန်ဆိုင်ရာ မရှင်းလင်းသည့် အချက်အလက်များနှင့် စပ်လျဉ်း၍ အဆိုပါရုံးများသို့ လူကိုယ်တိုင်သော်လည်းကောင်း၊ တယ်လီဖုန်းဖြင့် သော်လည်းကောင်း မေးမြန်းစုံစမ်းနိုင်ပါသည်။ အဆိုပါရုံးများမှ အခွန်ဆိုင်ရာ ကိစ္စရပ်များ မေးမြန်းမှုအတွက် ဖြေကြားပေးခြင်း၊ အခွန်ဆိုင်ရာအကြံပြုချက် များကို လက်ခံ၍ တင်ပြ ပြန်ကြားပေးခြင်း၊ အခွန်ထမ်းပြည်သူများ အနေဖြင့် အခွန်ရုံးများနှင့် ဆက်ဆံရာတွင် တွေ့ကြုံရသည့် အခက်အခဲတင်ပြမှုများကို ဖြေရှင်း ပြန်ကြားပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျှက်ရှိပါသည်။ | |
(၂) | အထက်တင်ပြပါ လုပ်ငန်းများအတွက် အခွန်ထမ်းပြည်သူများအနေဖြင့် အခွန် ဆိုင်ရာဝန်ဆောင်မှုရုံးများသို့ အောက်ဖော်ပြပါ ပုံစံသုံးမျိုးဖြင့် မေးမြန်းစုံစမ်း နိုင်ပြီးဌာနအနေဖြင့် အရေးယူဆောင်ရွက်ပေးမှုအခြေအနေကို အခွန်ထမ်းပြည် သူများထံ ပြန်ကြားပေးမည်ဖြစ်ပါသည်- |
ရုံးလိပ်စာ | - ၆၅ လမ်း၊ ၂၂×၂၃ လမ်းကြား၊ အနှိပ်တော်ရပ်ကွက်၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။ |
|
ဆက်သွယ်ရန်ဖုန်းနံပါတ် | - ၀၂-၃၀၁၉၂ |
|
အီးမေးလ်လိပ်စာ | - This email address is being protected from spambots. You need JavaScript enabled to view it. |
|
website လိပ်စာ | - www.irdmyanmar.gov.mm |
|
Eservices | Topics | |
|
||
News | ||