မြန်မာ့စီးပွားရေးဘဏ်
Category: စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ရည်ရွယ်ချက်
မြန်မာ့စီးပွားရေးဘဏ်၏ ရည်ရွယ်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(၁) | နိုင်ငံတော်၏ အမျိုးသားစီးပွားရေး ရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့၏ လမ်းညွှန်ချက်များနှင့်အညီ ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေး အခန်းကဏ္ဍမှ ခေတ်မီနည်းပညာ အသုံးပြုလျက် ပြည်သူဗဟိုပြုငွေကြေးဝန်ဆောင်မှုဖြင့် ထိရောက်စွာပံ့ပိုး ဆောင်ရွက်ရန်၊ |
(၂) | နိုင်ငံတော်၏ စျေးကွက်စီးပွားရေးစနစ် အောင်မြင်စေရေးအတွက် နိုင်ငံတော်အစိုးရမူဝါဒ များကို ငွေရေးကြေးရေးကဏ္ဍမှ ပါဝင်အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ |
(၃) | နိုင်ငံတော်အတွင်း ဘဏ္ဍာငွေအရင်းအမြစ်များကို တည်ဆဲဘဏ်ဥပဒေ၊ စည်းမျဉ်း စည်းကမ်း ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိုးမြှင့်စုစည်းပြီး ၊ စုစည်းရရှိသော ဘဏ္ဍာအရင်းအမြစ်များကို တည်ဆဲဘဏ်ဥပဒေ ၊ စည်းမျဉ်းစည်းကမ်း ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ကူးသန်း ရောင်းဝယ်ရေးကဏ္ဍ ၊ ထုတ်လုပ်မှုကဏ္ဍ ၊ ဆောက်လုပ်ရေးကဏ္ဍ၊ပို့ဆောင်ရေးကဏ္ဍ၊ဝန်ဆောင်မှု ကဏ္ဍစသည့် စီးပွားရေးကဏ္ဍ အသီးသီးတို့အတွက် ချေးငွေများ ပံ့ပိုးပေးရန်၊ |
(၄) | ငွေလွှဲဝန်ဆောင်မှု ၊ ဘဏ်အာမခံစသည့် ဝန်ဆောင်ခအခြေခံသော လုပ်ငန်းများကို တိုးမြှင့်ခြင်း ဖြင့် ဝင်ငွေတိုးမြှင့်ရှာဖွေရန် ၊ |
(၅) | မြန်မာ့စီးပွားရေးဘဏ်၏ ပြည်သူ့ဆက်ဆံရေးအရည်အသွေးမြှင့်တင်ရန် ၊ |
(၆) | လုပ်ငန်းလုပ်ဆောင်မှုဆိုင်ရာမှတ်တမ်းများပြည့်စုံ ၊ မှန်ကန်စွာ စနစ်တကျ ထိန်းသိမ်းရေးနှင့် ဘဏ်၏ငွေကြေး ၊ ရရန်ပိုင်ခွင့်များနှင့် နာမည်ကောင်းတို့ ထိခိုက် ဆုံးရှုံးမှုအန္တရာယ် တာဆီး ကာကွယ်ရေးတို့အတွက် စနစ်တကျအစီအမံများ ချမှတ်ပြီး ထိရောက်စွာ အဆင့်ဆင့်ကြီးကြပ် ဆောင်ရွက်ရန် ။ |
ဆောင်ပုဒ်
တိကျ ၊ မှန်မြန် ၊ စီးပွားဘဏ်
အဓိကလုပ်ငန်းတာဝန်များ
အပ်ငွေလက်ခံခြင်းနှင့်ချေးငွေထုတ်ပေးခြင်း ဖြစ်ပါသည်။ မြန်မာ့စီးပွားရေးဘဏ်သည် ကူးသန်း ရောင်းဝယ်ရေးဘဏ်လုပ်ငန်းနှင့်ဖွံ့ဖြိုးရေးဘဏ် လုပ်ငန်းများကိုလည်း ဆောင်ရွက်ပြီး နိုင်ငံတော် ကဏ္ဍနှစ်ရပ်လုံးသို့ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
မြန်မာ့စီးပွားရေးဘဏ်မှ ပြည်သူနှင့်ဆက်သွယ်ဆောင်ရွက်ပေးရသည့် လုပ်ငန်းတာဝန်များ
မြန်မာ့စီးပွားရေးဘဏ်၏ အဓိကလုပ်ငန်းများ
(၁) | စာရင်းရှင်းအပ်ငွေနှင့် အချိန်ပိုင်းအပ်ငွေများ လက်ခံခြင်း။ |
(၂) | ချေးငွေထုတ်ချေးခြင်း။ |
(၃) | ငွေလွှဲလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း။ |
(၄) | ချက်လက်မှတ်နှင့် အခြားစာချုပ်စာတမ်းများကို ကောက်ခံခြင်း/ ရောင်းဝယ်ခြင်း။ |
(၅) | လုံခြုံမှုအတွက် အပ်နှံသည့် ပစ္စည်းများအား လက်ခံဆောင်ရွက်ခြင်း။ |
(၆) | နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ စာရင်းထိန်းသိမ်းပေးခြင်း။ |
(၇) | အငြိမ်းစား လစာထုတ်ပေးခြင်း။ |
(၈) | e- Pension ကတ်ဖြင့် အငြိမ်းစား လစာထုတ်ပေးခြင်း။ |
(၉) | နိုင်ငံ့ဝန်ထမ်းများဘဏ်လုပ်ငန်း ဆောင်ရွက်ခြင်း။ |
(၁၀) | Smart Card အသုံးပြု၍ ငွေသွင်း/ငွေထုတ်ပြုလုပ်ပေးခြင်း။ |
(၁၁) | ATM Card အသုံးပြု၍ အလိုအလျောက်ငွေထုတ်ပေးခြင်း။ |
(၁၂) | Online စနစ်ဖြင့် တယ်လီဖုန်းဘီလ် ကောက်ခံပေးခြင်း။ |
(၁၃) | Online စနစ်ဖြင့် လျှပ်စစ်မီတာဘီလ်ကောက်ခံပေးခြင်း။ |
(၁၄) | Online စနစ်ဖြင့် ငွေလွှဲလုပ်ငန်းဆောင်ရွက်ပေးခြင်း။ |
(၁၅) | မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနှင့် အကျိုးတူပူးပေါင်း၍ Myanmar Mobile Money မိုဘိုင်း ဘဏ်ငွေကြေးဝန်ဆောင်မှုကို ဆောင်ရွက်ပေးခြင်း။ |
(၁၆) | မလေးရှားနိုင်ငံ May Bank နှင့် ချိတ်ဆက်၍ ပြည်ပငွေလွှဲထုတ်ပေးခြင်း ၊ |
(၁၇) | Online စနစ်ဖြင့် မြန်မာနိုင်ငံကူးလက်မှတ်ကောက်ခံပေးခြင်း ၊ |
(၁၈) | မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကိုယ်စားလှယ်အဖြစ် နိုင်ငံတော်တစ်ဝှမ်း ငွေကြေးသေတ္တာများ ထိန်းသိမ်းဆောင်ရွက်ပေးခြင်း ၊ |
လက်ရှိတွင် မြန်မာ့စီးပွားရေးဘဏ်မှ ငွေစုဘဏ်အပ်ငွေအတွက် (၈%) ၊ ငွေစုလက်မှတ်စုဆောင်း ငွေအတွက် (၉%) ၊ (၃)လ အချိန်ပိုင်းအပ်ငွေအတွက် (၈.၂၅%) ၊ (၆)လ အချိန်ပိုင်းအပ်ငွေအတွက် (၈.၅%) ၊ (၉)လ အချိန်ပိုင်းအပ်ငွေအတွက် (၈.၇၅%) အတိုးပေးပါသည်။ နိုင်ငံတော်စီးပွားရေး အဖွဲ့အစည်းများသို့ ထုတ်ချေးငွေအပေါ်(၄%) ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ ထုတ်ချေးငွေအပေါ် (၅%) ၊ ပုဂ္ဂလိကကဏ္ဍသို့ စာရင်းပိုထုတ်ချေးငွေအပေါ်(၁၃%)အသီးသီးအတိုးကောက်ခံပါသည်။ နှစ်လတ်နှင့် နှစ်ရှည် ချေးငွေများအတွက် အတိုးနှုန်းများမှာ (၁၂.၅)နှင့်(၁၂.၂၅%)အသီးသီးဖြစ်ပါသည်။
မြန်မာ့စီးပွားရေးဘဏ်၏ ရုံးချုပ်နှင့် နိုင်ငံခြားငွေလုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားသည့် ဘဏ်ခွဲများတွင်
(၁) | နိုင်ငံခြားငွေဖြင့် စာရင်းရှင်အပ်ငွေစာရင်းဖွင့်လှစ်ပေးခြင်း၊ |
(၂) | နိုင်ငံခြားငွေများစာရင်းလွှဲပြောင်းပေးခြင်း၊ |
(၃) | နိုင်ငံခြားငွေဖြင့် ငွေလွှဲခြင်းနှင့် ငွေလွှဲထုတ်ယူခြင်း၊ |
(၄) | နိုင်ငံခြားငွေဖြင့် ငွေပေးအမိန့်ဘီလ်များနှင့် ချက်လက်မှတ်များအား ကောက်ခံပေးခြင်း၊ |
(၅) | ပြည်ပကုန်သွယ်ရေးအတွက် ပို့ကုန်သွင်းကုန်ငွေလွှဲစာတမ်းများ ဆောင်ရွက်ပေးခြင်း၊ |
(၆) | နယ်စပ်ဒေသနှင့် မြို့နယ်များရှိ အစိုးရဌာနများသို့ နိုင်ငံခြားငွေရောင်းချခြင်းနှင့် ဝယ်ယူခြင်း များ ဆောင်ရွက်ပေးခြင်း၊ |
ရုံးလိပ်စာ | - မန္တလေးတိုင်းဒေသကြီးရုံး ၊ အမှတ်(၁၈၆) ၊ (၈၃)လမ်း ၊ (၂၅×၂၆)လမ်းကြား ၊ အောင်မြေသာစံမြို့နယ် ၊ မန္တလေးမြို့ ။ |
|
ဆက်သွယ်ရန်ဖုန်းနံပါတ် | - ၀၂-၃၉၁၁၉၊ ၀၂-၆၂၀၀၄၊ ဖက်စ်-၀၂၆၂၀၀၄၊ |
|
အီးမေးလ်လိပ်စာ | - This email address is being protected from spambots. You need JavaScript enabled to view it. |
|
website လိပ်စာ | - www.meb.gov.mm |
|
Eservices | Topics | |
|
||
News | ||