edu3

အဆင့်မြင့်ပညာဦးစီးဌာန(မန္တလေးရုံးခွဲ)

Category: ပညာရေးဝန်ကြီးဌာန

 

ရည်ရွယ်ချက်

၁။ တွေးခေါ်ကြံဆ ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိ၍ ဗလ(၅)တန် ပြည့်စုံသည့် နိုင်ငံသားကောင်းများ ဖြစ်ထွန်းရေးကို ဦးတည်လေ့ကျင့်ပေးရန်၊
၂။ ပြည်သူ့နီတိ ဒီမိုးကရေစီကျင့်စဉ်နှင့် လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများဖြင့် ဥပဒေကို လေးစား လိုက်နာသော နိုင်ငံသားများဖြစ်ထွန်းလာစေရေးအတွက် လေ့ကျင့်ပြုစုပျိုးထောင်ပေးရန်၊
၃။ ပြည်ထောင်စုစိတ်ဓာတ်ဖွံ့ဖြိုးပြီး တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊  အနုပညာ ရိုးရာဓလေ့၊ သမိုင်းအမွေနှစ်နှင့် သဘာဝပတ်ဝန်းကျင်တို့ကို တန်ဖိုး ထား၍ ထိန်းသိမ်းမြှင့်တင်နိုင်ပြီး ယင်းတို့ကို လက်ဆင့်ကမ်းနိုင်သည့် နိုင်ငံသားများ ဖြစ် လာစေရန်၊
၄။ ပညာအခြေပြု လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သော လူ့စွမ်းအား အရင်းအမြစ် များကို လေ့ကျင့်ပြုစု ပျိုးထောင်ပေးရန်၊
၅။ နိုင်ငံတကာအဆင့်မီ ပညာရပ်ဆိုင်ရာ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်နှင့် သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာများကို ထိရောက်စွာ အသုံးပြုခြင်းဖြင့် သင်ကြားရေး၊ သင်ယူရေး၊ သုတေသနနှင့် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းများ၏ အရည်အသွေး မြင့်မားလာစေရန်၊
၆။ ပညာရပ်နယ်ပယ်အလိုက် ကျွမ်းကျင်စွာ တတ်မြောက်သော ထူးချွန်ထက်မြက်သည့် အသိပညာရှင်၊ အတတ်ပညာရှင်၊ နည်းပညာနှင့်သက်မွေးပညာဆိုင်ရာ ကျွမ်းကျင်သူများကို လေ့ကျင့်ပြုစုပျိုးထောင်ပေးရန်၊
၇။ အားကစားကဏ္ဍကို အားပေးမြှင့်တင်ခြင်းနှင့် ကျောင်းကျန်းမာရေး လုပ်ငန်းများကို စနစ်တကျ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်၊

 

အဆင့်မြင့်ပညာဦးစီးဌာန၏ ဆောင်ပုဒ်
" ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့"

 

အဆင့်မြင့်ပညာဦးစီးဌာန၏ လုပ်ငန်းတာဝန်များ
        အဆင့်မြင့်ပညာဦးစီးဌာနသည် နိုင်ငံတော်အတွက် အတတ်ပညာရှင်များနှင့် အသိပညာရှင်များ ဖြစ်ထွန်းလာအောင် လေ့ကျင့်သင်ကြားပေးပြီး ဘွဲ့များ၊ ဒီပလိုမာများနှင့် အခြားပညာရပ်ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ အပ်နှင်းချီးမြှင့်ခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များနှင့် ပတ်သက်သည့် သင်ကြားရေး၊ စီမံခန့်ခွဲရေး ၊ နိုင်ငံခြားသို့ စေလွှတ်ရေး၊ ဘဏ္ဍာရေးကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိပါသည်။ တက္ကသိုလ်၊ဒီဂရီကောလိပ်၊ ကောလိပ်များတွင် နိုင်ငံအကျိုးပြု၊ ဒေသအကျိုးပြု၊ တက္ကသိုလ်အကျိုးပြု သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရွက်စေခြင်း၊ တစ်မျိုးသားလုံး ကျန်မာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဟူသော ဦးတည်ချက် ဖြင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။ မူဝါဒရေးရာကိစ္စများကို သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက် ရှိပါသည်။

 

ပြည်သူနှင့်ဆက်သွယ်ဆောင်ရွက်ပေးရသည့် လုပ်ငန်းတာဝန်များ

၁။ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သော ကျောင်းသား/ကျောင်းသူများဝင်ခွင့်လျှောက်ထားခြင်းကိစ္စ ၊
၂။ တက္ကသိုလ်ကျောင်းသား/ကျောင်းသူများ ကျောင်းပြောင်း/ ဘာသာပြောင်းကိစ္စ ၊
၃။ တက္ကသိုလ်ပညာသင်ထောက်ပံ့ကြေးဆုလျှောက်ထားခြင်းကိစ္စ ၊

 

ဆက်သွယ်ရန်ဖုန်းနံပါတ်များ

၁။ ဒုတိယညွှန်ကြားရေးမှူးချုပ် ၂၁၁၄၄
၂။ ညွှန်ကြားရေးမှူး(သင်တန်းနှင့်မူဝါဒ) ၆၀၃၇၄/၇၁၇၂၃
၃။ ညွှန်ကြားရေးမှူး(အင်/ယာ) ၆၀၃၇၇
၄။ ဒုတိယညွှန်ကြားရေးမှူး(ဘဏ္ဍာ) ၆၀၃၇၀/၂၁၁၄၀/၃၃၈၆၃
၅။ လ/ထညွှန်ကြားရေးမှူး(စီမံ) ၆၀၃၇၂/၃၉၃၁၇/၂၁၁၄၇
၆။ လ/ထညွှန်ကြားရေးမှူး(ကွန်ပျူတာ) ၆၀၃၇၅
၇။ လ/ထညွှန်ကြားရေးမှူး(စီမံကိန်းစာရင်းအင်း) ၇၁၇၂၄
၈။ လ/ထညွှန်ကြားရေးမှူး(သင်တန်းနှင့်မူဝါဒ) ၆၀၃၇၅/၆၀၃၇၆
၉။ စီမံကိန်းစာရင်းအင်း(PR) ၂၁၁၄၆

 

- မန္တလေးအဝေးသင်တက္ကသိုလ်
- ရတနာပုံတက္ကသိုလ်
- မန္တလေးတက္ကသိုလ်
မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်
- ကျောက်ဆည်တက္ကသိုလ်
- မိတ္ထီလာတက္ကသိုလ်
- မိတ္ထီလာစီးပွားရေးတက္ကသိုလ်
- မြင်းခြံတက္ကသိုလ်
- မန္တလာတက္ကသိုလ်
- မန္တလေးပညာရေးကောလိပ်
- မိတ္ထီလာပညာရေးကောလိပ်

  ရုံးလိပ်စာ - လမ်း ၈၀၊ ၃၄ လမ်းx၃၅ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့
  အီးမေးလ်လိပ်စာ - This email address is being protected from spambots. You need JavaScript enabled to view it.
  website လိပ်စာ -
   Social Link  - https://www.facebook.com/dhenpw/

 

Eservices   Topics
No tagged items found
 
No tagged items found
News  
No tagged items found