edu4

ကျောက်ဆည်တက္ကသိုလ်

Category: ပညာရေးဝန်ကြီးဌာန

 

ရည်ရွယ်ချက်

၁။ နိုင်ငံတကာအသိအမှတ်ပြု အရည်အသွေးပြည့်ဝသော ပညာရေးဌာနတစ်ခုဖြစ်ရန်၊
၂။ နိုင်ငံရေရှည်ဖွံ့ဖြိုးမှုအတွက် အရည်အသွေးရှိပြီး ကိုယ်ကျင့်တရားကောင်းမွန် သော ဘွဲ့ရများမွေးထုတ်ပေးနိုင်စွမ်းရှိသည့် ပြည့်စုံကျယ်ပြန့်သောတက္ကသိုလ်ကြီး တစ်ခုဖြစ်လာရန်

 

ဆောင်ပုဒ်
" ပညာဂုဏ်ဖြင့် နိုင်ငံမြှင့်အံ့"

 

လုပ်ငန်းတာဝန်များ

၁။ ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်တစ်ခုမှသည် ပို၍ပြည့်စုံကျယ်ပြန့်သည့် တက္ကသိုလ်ကြီးတစ်ခု ထူထောင် ရန်။
၂။ ကိုယ်ကျင့်တရားတည်ကြည်ဖြောင့်မတ်သော ပညာတတ်ပုဂ္ဂိုလ်များ ပေါ်ထွန်းလာစေရန် အတွက် အရည်အသွေးရှိသော သင်ကြားပို့ချမှုများပေးရန်။
၃။ နိုင်ငံတော်ရေရှည်ဖွံဖြိုးတိုးတက်မှုကို အကျိုးပြုမည့် ဘွဲ့ရများမွေးထုတ်ရန်။
၄။ အသိပညာအသစ်များ သုတေသနပြုရှာဖွေရန်နင့် သုတေသနတွေ့ရှိချက်များကို လူအဖွဲ့ အစည်း ဖွံ့ဖြိုးမှုအတွက် အသုံးချရန်။
၅။ ဒေသဆိုင်ရာ လူ့အဖွဲ့အစည်း၏ စွမ်းရည်ဖွံ့ဖြိုးမှုကို ဖြည့်ဆည်းပံ့ပိုးရန်။
၆။ နိုင်ငံတကာစံများနှင့်အဆင့်မီသည့် အသိပညာသစ်များ၊ ကွန်ပျူတာနှင့်ဒစ်ဂျစ်တယ် တတ်မြောက်သူများ၊ အင်္ဂလိပ်စာတတ်မြောက်မှုများနှင့် ပြည့်စုံသော ဘွဲ့ရများ မွေးထုတ်ရန်။
၇။ လက်ရှိ ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ် တစ်ခုဖြစ်ပါသည်။ ကျောက်ဆည်တက္ကသိုလ်တွင် အောက်ပါ ဝိဇ္ဇာဘာသာရပ်(၆)ခုနှင့် သိပ္ပံဘာသာရပ် (၆)ခု တို့ကို ဘွဲ့ကြို/ဘွဲ့လွန် သင်ကြားပေးလျက်ရှိ ပါသည်။

 

ပြည်သူနှင့်ဆက်သွယ်ဆောင်ရွက်ပေးရသည့် လုပ်ငန်းတာဝန်များ

၁။ ကျောက်ဆည်တက္ကသိုလ်တွင် အောက်ပါမြို့နယ်များ၏ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၌ နေ့သင်တန်း (ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ဂုဏ်ထူးတန်း (ပထမနှစ်/ ဒုတိယနှစ်/ တတိယနှစ်)၊ မဟာအရည်အချင်းစစ်၊ မဟာဝိဇ္ဇာ/သိပ္ပံ (ပထမနှစ်/ ဒုတိယ နှစ်)၊ မဟာသုတေသန) ကျောင်းသား/ကျောင်းသူများကိုပညာသင်ကြားပေးရပါသည်။
စဉ် မြို့နယ် ကျား ပေါင်း
၁။ ကျောက်ဆည်မြို့နယ် ၅၀၀ ၉၅၃ ၁၄၅၃
၂။ မြစ်သားမြို့နယ် ၂၈၅ ၅၄၃ ၈၂၈
၃။ စဉ့်ကိုင်မြို့နယ် ၃၃၄ ၆၃၁ ၉၆၅
၄။ တံတားဦးမြို့နယ် ၁၉၉ ၃၃၁ ၅၃၀
၅။ ပျဉ်းမနားမြို့နယ် ၂၉၇ ၄၆၀ ၇၅၇
၆။ တပ်ကုန်းမြို့နယ် ၁၁၂ ၁၈၂ ၂၉၄
၇။ လယ်ဝေးမြို့နယ် ၇၁ ၁၂၅ ၁၉၆
၈။ အခြားမြို့နယ် ၃၇၂ ၅၁၄ ၈၈၆
  စုစုပေါင်း ၂၁၇၀ ၃၇၃၉ ၅၉၀၉
၂။

ကျောက်ဆည်တက္ကသိုလ်သည် (ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦး၊ မြစ်သား၊ နေပြည်တော်၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း၊ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ငါန်းဇွန်၊ ကျောက်ပန်းတောင်း၊ ပုဂံ/ ညောင်ဦး) မြို့နယ်များ၏ ၂၀၁၆ ပညာသင်နှစ်၌ အဝေးသင် သင်တန်း (ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်) ကျောင်းသား/ ကျောင်းသူ (၁၈၆၆၇)ဦးကိုလည်း မန္တလေးအဝေးသင်တက္ကသိုလ် (ကျောက်ဆည်ဌာနခွဲ) အနေဖြင့်တာဝန်ယူသင်ကြားပေးရပါသည်။မန္တလေးအဝေးသင်တက္ကသိုလ်(ကျောက်ဆည် ဌာနခွဲ)သို့ အောက်ဖော်ပြပါ မြို့နယ်များမှ ကျောင်းသား/ကျောင်းသူများ လာရောက် ပညာသင်ကြားကြပါသည်။

(၁) ကျောက်ဆည် (၂) စဉ့်ကိုင် (၃) တံတားဉီး (၄) မြစ်သား (၅) နေပြည်တော် (၆) ပျဉ်းမနား (၇) လယ်ဝေး (၈) တပ်ကုန်း (၉) မြင်းခြံ (၁၀) နွားထိုးကြီး (၁၁) တောင်သာ (၁၂) ငါန်းဇွန် (၁၃) ကျောက်ပန်းတောင်း (၁၄) ပုဂံ/ညောင်ဉီး

၃။ ကျောက်ဆည်တက္ကသိုလ်က အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအတွက် စေတနာ လုပ်အားပေးကျောင်းသား/ကျောင်းသူများ၏ ပါဝင်ဆောင်ရွက်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်

 

စဉ် အကြောင်းအရာ စာသင်ဝိုင်း

ကြီးကြပ်သူ

ဆရာ/ဆရာမဦးရေ

စေတနာလုပ်အားပေး

ကျောင်းသား၊ ကျောင်းသူဦးရေ

ကာလ မှတ်ချက်
  ကျောက်ဆည်တက္ကသိုလ်          
၁။ အခြေခံစာတတ်မြောက်ရေး
လုပ်အားပေး
(စဉ့်ကိုင်မြို့နယ်)
၂၀၀ ၁၀ ဦး ၂၀၀ ဦး (၁-၄-၂၀၁၄)မှ  (၁၅-၅-၂၀၁၄) ထိ  ပ-ကြိမ်
၂။ အခြေခံစာတတ်မြောက်ရေး
လုပ်အားပေး
(မလှိုင်မြို့နယ်)
၁ ဦး ၅ ဦး (၁-၄-၂၀၁၅)မှ (၁၅-၅-၂၀၁၅) ထိ  ဒု-ကြိမ်
၃။ အခြေခံစာတတ်မြောက်ရေး
လုပ်အားပေး
(လယ်ဝေးမြို့နယ်)
၁၁၅ ၁၂ ဦး ၁၂ ဦး (၁-၄-၂၀၁၆)မှ (၁၅-၅-၂၀၁၆) ထိ  တ-ကြိမ်

 

  ကျောင်းလိပ်စာ - မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တောမရွာအရှေ့ကွင်း
  ဆက်သွယ်ရန်ဖုန်းနံပါတ် - ၀၉-၂၀၀၀၂၃၃၊ ၀၉-၂၀၀၂၈၀၉၊ ၀၆၆-၄၀၂၇၃၊ ၀၆၆-၄၀၂၄၈
  အီးမေးလ်လိပ်စာ - This email address is being protected from spambots. You need JavaScript enabled to view it.
  website လိပ်စာ -
   Social Link  -

 

Eservices   Topics
     
News