မန္တလေးတက္ကသိုလ်
Category: ပညာရေးဝန်ကြီးဌာန
ရည်ရွယ်ချက်
မန္တလေးတက္ကသိုလ်သည် ပညာရပ်နယ်ပယ်အလိုက် အရည်အချင်းမြင့်မားပြီး ကျင့်ဝတ်သိက္ခာနှင့် ပြည့်စုံသည့် ကျွမ်းကျင်ပညာရှင်များ လေ့ကျင့်သင်ကြား ပေးခြင်း၊ အရည်အချင်းစစ်ဆေးပေးခြင်း၊ နိုင်ငံအကျိုးပြု သုတေသနလုပ်ငန်းများ ဆောင်ရွက် နိုင်သော ပညာရှင်များဖြစ်စေရန် သင်ကြားလေ့ကျင့် ပေးခြင်း၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးသင်တန်းများ ဖွင့်လှစ်ပျိုးထောင်ပေးခြင်းနှင့် နိုင်ငံတကာအသိအမှတ်ပြု ပညာရပ်ဆိုင်ရာ ဝန်းကျင်ကောင်းများအဖြစ် ဖန်တီးဆောင်ရွက်ပေးခြင်းများ လုပ်ဆောင် နိုင်ရန် ရည်ရွယ်ပါသည်။
ဆောင်ပုဒ်
“ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့”
လုပ်ငန်းတာဝန်များ
၁။ | သိက္ခာ၊ လုပ်ငန်းကို အလေးထားပြီး ကျွမ်းကျင်စွာ ဆောင်ရွက်မှုနှင့် စနစ်ကျသည့် နည်းလမ်းတို့အပေါ် အခြေခံထားသည့် အရည်အသွေးမြင့် သင်ကြားရေးကို ဖော်ဆောင်ခြင်းဖြင့် နိုးကြားတက်ကြွသော သင်ကြား/ယူရေးကို ဖန်တီးရန် |
၂။ | ပညာရှင်နှင့် လုပ်ငန်းကျွမ်းကျင်သူ မျိုးဆက်များ လေ့ကျင့်မွေးထုတ်ပေးရန် |
၃။ | ပညာရပ်နှင့် သုတေသနဆိုင်ရာ ဆောင်ရွက်ချက်များ တိုးတက်ရေးအတွက် အားကောင်းသော ပံ့ပိုးမှုများပေးနိုင်သည့် ခိုင်မာသည့်အခြေခံတစ်ရပ်ကို ဖော်ဆောင်ရန် |
၄။ | လူ့အဖွဲ့အစည်း၏အကျိုးစီးပွားရေးအတွက် အသုံးချနိုင်မည့် ခေတ်မီ၊ အဆင့်မြင့် သုတေသနများ ဆောင်ရွက်ရန် |
၅။ | မိမိတို့နေထိုင်သော လူ့အဖွဲ့အစည်း၏ ပြောင်းလဲနေသော လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် ပြည်တွင်း၊ နိုင်ငံတကာ လူ့အဖွဲ့အစည်း များနှင့် ပူးပေါင်းမှုများ တိုးမြှင့်ဆောင်ရွက်ရန် |
၆။ | ဒေသအတွင်းနှင့် နိုင်ငံအတွင်း ပြည်သူများ၏ အကျိုးစီးပွားအတွက် ဗဟုသုတ တိုးပွားရေးကို ပံ့ပိုးဆောင်ရွက်ရန် |
၇။ | ပညာရေးနှင့်သက်ဆိုင်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန်အတွက် ၄င်းတို့၏ စိတ်၀င်စားမှုကို နှိုးဆွရန်နှင့် ပါဝင်ဆောင်ရွက် လာစေရန် |
ရုံးလိပ်စာ | - ၇၃ လမ်း၊ ၄၁ လမ်း မဟာအောင်မြေ၊ မန္တလေး |
|
ဆက်သွယ်ရန်ဖုန်းနံပါတ် | - ၀၂-၆၂၁၂၈ ၊ ၀၂-၆၂၁၂၉ |
|
အီးမေးလ်လိပ်စာ | - This email address is being protected from spambots. You need JavaScript enabled to view it.This email address is being protected from spambots. You need JavaScript enabled to view it. |
|
website လိပ်စာ | - www.mu.edu.mm |
|
Social Link | - |
Eservices | Topics | |
|
|
|
News | ||
|