edu12

မိတ္ထီလာပညာရေးကောလိပ်

Category: ပညာရေးဝန်ကြီးဌာန

 

ရည်ရွယ်ချက်

ဗလငါးတန်နှင့် ပြည့်ဝသည့် နိုင်ငံ့သားကောင်းများကိုပြုစုပျိုးထောင်ပေးနိုင်ရန်အတွက် ဆရာ့လုပ်ငန်းတာဝန်များကိုတန်ဖိုးထား၍ ဘာသာရပ် ကျွမ်းကျင်ပြီး ဆရာအတတ်ပညာအရည်အသွေး ပြည့်ဝကျွမ်းကျင်သည့် အခြေခံပညာဆရာများကို လေ့ကျင့်သင်တန်းပေးရန်

 

ဦးစီးဌာန၏လုပ်ငန်းစဉ်များ

၁။ ဆရာအတတ်ပညာဖွံ့ဖြိုးတိုးတက်မှုနှင့် အရည်အသွေးမြှင့်တင်နိုင်ရေးအတွက် ဆရာအတတ်ပညာဆိုင်ရာ လုပ်ငန်းနယ်ပယ်အသီးသီးတွင် ပြည်တွင်းပြည်ပ ပညာရှင်များအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်
၂။ ဆရာများ၏အရည်အချင်းနှင့် အဆင့်အတန်းတိုးတက်လာစေရေးအတွက် စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်မည့် အခွင့်အလမ်းနှင့် အစီအစဉ်များကို ဖန်တီးအကောင်အထည်ဖော် ဆောင်ရွက်ရန်၊
၃။ ပညာအရည်အသွေးအာမခံရေးနှင့် ဆရာ၏လူနေမှုဘဝမြှင့်တင်ရေးအတွက် စီမံခန့်ခွဲမှုလုပ်ငန်းများကို အမျိုးသားပညာရေးဥပဒေနှင့်အညီ တင်ပြအကောင်အထည်ဖော်ဆောင်ရွက်ရန်၊

ဦးစီးဌာန၏ မျှော်မှန်းချက်

အခြေခံပညာကျောင်းများ၏ လိုအပ်ချက်အရဆရာ၊ ဆရာမအရေအတွက် ပြည့်မီအောင်ဖြည့်တင်းရေးနှင့် လုပ်ငန်းခွင်ဝင် ဆရာ၊ ဆရာမများ ဆရာ့အရည်အသွေး/ စွမ်းဆောင်ရည်မြင့်မားရေးကို ဆောင်ရွက်ရန်

 

ဦးစီးဌာန၏မူဝါဒများ

၁။ ဆရာအတတ်ပညာသင်ဌာနများ၏ သင်ရိုးညွန်းတမ်း၊ သင်နည်းစနစ်နှင့် စစ်ဆေးအကဲဖြတ်နည်းများကိုပုံမှန်စစ်၍ ဆရာအတတ်ပညာကဏ္ဍ ဖွံ့ဖြိုးရေးတိုးတက်ရန် ဆောင်ရွက်ရေး
၂။ အရည်အသွေးကောင်းမွန်ပြည့်ဝသော လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာသင်တန်းများနှင့် လုပ်ငန်းခွင်ဆရာအတတ် ပညာသင်တန်းပေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ရေး
၃။ ဆရာများ၏တတ်ကျွမ်းမှုစံများကိုသတ်မှတ်ပြီးဆရာအတတ်ပညာဆိုင်ရာဘွဲ့၊ ဒီပလိုမာ၊ လက်မှတ်များအသိအမှတ်ပြုလက်မှတ်များအပ်နှင်းရေး
၄။ ဆရာအတတ်ပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရေး၊ အရည်အသွေးပြည့်ဝ၍ လေ့လာသင်ယူနေသော ဆရာအတတ်ပညာရှင်များ ပြုစုပျိုးထောင်ရေး
၅။ ဆရာအတတ်ပညာသင်ဌာနများသည် အရည်အသွေးအာမခံသည့် နိုင်ငံတကာအဆင့်မီဌာနများဖြစ်ရေး

 

 

     
  ရုံးလိပ်စာ - ကျောက်ပန်းတောင်းလမ်း၊ ပေါက်ချောင်းရပ်ကွက်၊ မိတ္ထီလာမြို့။
  ဆက်သွယ်ရန်ဖုန်းနံပါတ် - ၀၆၄-၂၃၀၁၄၊ ၀၆၄-၂၃၈၆၆
  အီးမေးလ်လိပ်စာ -
  website လိပ်စာ -
   Social Link -
     

 

Eservices   Topics
     
News