မန္တလာတက္ကသိုလ်
Category: ပညာရေးဝန်ကြီးဌာန
ရည်ရွယ်ချက်
မန္တလာဒီဂရီကောလိပ်သည် ကျောင်းသား၊ ကျောင်းသူများ၏ အားထားရာ၊ ဦးစား ပေးရွေးချယ်ရာ ကျောင်းတော်ကြီးအဖြစ် ရပ်တည်၍ သင်ကြားရေးနှင့် သုတေသန လုပ်ငန်းများကို အကောင်းဆုံးဆောင်ရွက် ပေးမည်။
ဆောင်ပုဒ်
" လူတော်ဖြစ်ရေးကြိုးစားပေး၊ လူကောင်း ဖြစ်ဖို့လေ့ကျင့်စို့။"
လုပ်ငန်းတာဝန်များ
မန္တလာဒီဂရီကောလိပ်တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ၏ သင်ကြား/သင်ယူမှုကိစ္စများ၊ စာမေးပွဲများ ကျင်းပပြုလုပ် ပေးခြင်း၊ အောင်စာရင်းပြုစုပေးခြင်း၊ သင်တန်းများ ဖွင့်လှစ် ပေးခြင်းနှင့် ကျောင်းသား၊ကျောင်းသူများ ပညာရည်မြှင့်မားရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း လုပ်ငန်းများ
ပြည်သူနှင့်ဆက်သွယ်ဆောင်ရွက်ပေးရသည့် လုပ်ငန်းတာဝန်များ
မန္တလာဒီဂရီကောလိပ်တွင် တက်ရောက်ခွင့်ရရှိသော ကျောင်းသား၊ ကျောင်းသူများသည် မန္တလာဒီဂရီကောလိပ်ရှိ ကျောင်းသားရေးရာဌာန နှင့် အဝေးသင်ဌာနခွဲများ တွင် အောက်ပါကိစ္စရပ်များအား လာရောက် ဆက်သွယ်ဆောင်ရွက်ကြပါသည်။
၁။ | ကျောင်းဝင်ခွင့်မှတ်ပုံတင်ကိစ္စရပ်များ | |
၂။ | ကျောင်းတက်ရောက်နေကြောင်း ထောက်ခံစာများတောင်းခံခြင်း | |
၃။ | စာမေးပွဲဖြေဆိုရန် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများ တင်သွင်းခြင်း | |
၄။ | ခရီးသွားလုပ်ငန်းပညာ အထူးပြုအတွက် တိုက်ရိုက်လျှောက်လွှာ ခေါ်ယူသဖြင့် ဝင်ခွင့်လျှောက်လွှာများ လာရောက်တင်ခြင်း | |
၅။ | အဝေးသင်တက်ရောက်သည့် ကျောင်းသား၊ကျောင်းသူများသည် ပို့ချ ချက် စာအုပ်များ နှင့် စာစဉ်မေးခွန်းများ လာရောက် ထုတ်ယူခြင်း | |
၆။ | အဝေးသင်တက်ရောက်သည့် ကျောင်းသား၊ကျောင်းသူများအနေဖြင့် စာစဉ်အဖြေများ လာရောက်တင်သွင်းခြင်း |
ပြည်သူများရုံးသို့လာရောက်မေးမြန်းသည့် လုပ်ငန်းကိစ္စများဆောင်ရွက်မှု
ကျောင်းသား၊ကျောင်းသူများသည် ကျောင်းသားရေးရာဌာန နှင့် အဝေးသင် ဌာနများသို့ လာရောက်ဆက်သွယ်မေးမြန်းပါက ဖြေဆိုကူညီ ဆောင်ရွက်ပေး ပါသည်။ ကျောင်းဝင်ခွင့်မှတ်ပုံတင် လျှောက်လွှာများနှင့် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများတွင် ဖြည့်သွင်းရမည့် အချက် အလက်များ နားမလည်ပါက ရှင်းပြခြင်း၊ ခရီးသွားလုပ်ငန်းပညာအထူးပြု တက်ရောက်လိုပါက လာရောက်လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်း၏သတ်မှတ်ချက်များကို ဖြေဆိုရှင်းလင်းခြင်း နှင့် သတ်မှတ်ကာလ များအား ဖြေဆိုရှင်းလင်းပါသည်။
ကျောင်းလိပ်စာ | - နတ်ရေကန်ကျေးရွာ၊အမရပူရမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး |
|
ဆက်သွယ်ရန်ဖုန်းနံပါတ် | - ၀၂-၅၁၅၂၂၈၂ |
|
အီးမေးလ်လိပ်စာ | - This email address is being protected from spambots. You need JavaScript enabled to view it., This email address is being protected from spambots. You need JavaScript enabled to view it. |
|
website လိပ်စာ | - www.mandalarcollege.com |
|
Social Link | - https://www.facebook.com/Mandalar-Degree-College-763102753810310/?ref=bookmarks |