မန္တလေးအဝေးသင်တက္ကသိုလ်
Category: ပညာရေးဝန်ကြီးဌာန
ရည်ရွယ်ချက်
၁။ | အဆင့်မြင့်ပညာကို ငွေကုန်ကြေးကျသက်သာစွာဖြင့် မိမိအရပ်ဒေသ၊ မြို့ရွာ၊ နေအိမ်၊ မိသားစု၊ အလုပ်ခွင်မှ မခွာရဘဲ သင်ယူနိုင်စေရန်၊ |
၂။ | အဆင့်မြင့်ပညာကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် နယ်စပ်ဒေသပါမကျန် သတင်း အချက်အလက်နှင့် နည်းပညာများအသုံးပြု၍ သင်ကြားသင်ယူ နိုင်ရန်၊ |
၃။ | အခြားတက္ကသိုလ်များမှ ပေးအပ်သော ပညာရပ်ဘွဲ့အဆင့်ထက် မနိမ့်ကျသော ဘွဲ့များ အပ်နှင်းရန်၊ |
၄။ | အဆင့်မြင့်ပညာကို ကျယ်ကျယ်ပြန့်ပြန့် သင်ယူနိုင်ခြင်းဖြင့် ပညာတတ်လူငယ်များ နိုင်ငံ့အကျိုးကို ပိုမိုထိရောက်စွာ သယ်ပိုးဆောင်ရွက်နိုင်ရန်၊ |
ဆောင်ပုဒ်
“ပညာလိုအိုသည်မရှိ”
လုပ်ငန်းတာဝန်များ
၁။ | မန္တလေးအဝေးသင်တက္ကသိုလ်သည် အဆင့်မြင့်ပညာနှင့် ဘဝတစ်သက်တာ သင်ယူခြင်းအခွင့်အရေးများကို သင်ကြားပို့ချပေးရာတွင် နည်းလမ်းပေါင်းစုံ နှင့် နည်းပညာမျိုးစုံ အသုံးပြုပါမည်။ |
၂။ | မန္တလေးအဝေးသင်တက္ကသိုလ် လက်အောက်ရှိ အဝေးသင်ဌာနခွဲ (၂၀) မှ အဝေးသင် ကျောင်းသား၊ ကျောင်းသူများအား ဝိဇ္ဇာဘွဲ့များ၊ သိပ္ပံဘွဲ့များနှင့် ဥပေဒေဘွဲ့များ အပ်နှင်းပေးပါသည်။ |
ပြည်သူနှင့် ဆက်သွယ်ဆောင်ရွက်ပေးရသည့် လုပ်ငန်းတာဝန်များ
မန္တလေးအဝေးသင်တက္ကသိုလ်တွင် Student Service Center (SSC) ဖွင့်လှစ် ထားပါသည်။ Student Service Center (SSC)တွင် ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများသိရှိလိုသည့် အချက်အလက်များကို မေးမြန်း နိုင်ပါသည်။
တာဝန်ကျ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများက သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည် ဖြေကြားလမ်းညွှန်ပေးပါသည်။
ရုံးလိပ်စာ | - မန္တလေးအဝေးသင်တက္ကသိုလ် ပရဝုဏ်အတွင်း၊ မဟာအောင်မြေမြို့နယ်၊ မန္တလေး |
|
ဆက်သွယ်ရန်ဖုန်းနံပါတ် | - ၀၂-၆၂၁၇၀၊ ၀၂-၃၉၄၆၆ |
|
ဖက်(စ်) | - ၀၂ ၃၁၁၉၂ | |
အီးမေးလ်လိပ်စာ | - This email address is being protected from spambots. You need JavaScript enabled to view it. |
|
website လိပ်စာ | - www.mude.edu.mm |
|
Social Link |
- https://www.facebook.com/Mandalay-University-of-Distance-Education-610808295760894/ |
Eservices | Topics | |
News | ||