- Types: Topics
- Categories: သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
- agencies: သတ္တုတွင်းဦးစီးဌာန
မာဘယ်ရုပ်တု၊ ရုပ်ထွင်း၊ ကျောက်တုံးများနှင့် ကျောက်မှုန့်များ နိုင်ငံခြားသို့ တင်ပို့ရောင်းချခြင်း
နိုင်ငံခြားသို့ မာဘယ်ဖြင့်ထုလုပ်ထားသည့် ရုပ်တု၊ ရုပ်ထွင်း၊ ကျောက်တုံးများနှင့် ကျောက်မှုန့်များ တင်ပို့ခွင့် လျှောက်ထားရာတွင် ပါရှိရမည့် စာရွက်စာတမ်းများမှာ -
(၁) | ကုမ္ပဏီမှ တင်ပို့မည့် ပစ္စည်းများအတွင်း မူးယစ်ဆေးဝါး၊ တရားမဝင်ပစ္စည်းများနှင့် အဖိုးတန် ကျောက်မျက်ရတနာများအား ထည့်သွင်းမြုပ်နှံထားခြင်းမရှိကြောင်း ကတိဝန်ခံချက်၊ |
(၂) | ကုန်အမှာလွှာ (Invoice)၊ |
(၃) | တင်ပို့မည့် ပစ္စည်းစာရင်း (Packing List)၊ တင်ပို့မည့် ပစ္စည်းများ၏ ကာလာဓာတ်ပုံများ၊ |
(၄) | ကုမ္ပဏီဆိုင်ရာ အချက်အလက်များ (မှတ်ပုံတင်လက်မှတ်၊ ပုံစံ (၆) နှင့် (၂၆)၊ ပို့ကုန်/သွင်းကုန် လက်မှတ်၊ သင်းဖွဲ့စည်းမျဉ်းစာအုပ်)၊ |
(၅) | ပေးပို့လှူဒါန်းမည်ဆိုပါက နိုင်ငံခြားမှ အလှူခံပုဂ္ဂိုလ်၏ Donation Letter နှင့် သက်ဆိုင်ရာ သံရုံး၏ ထပ်ဆင့်ထောက်ခံချက်။ |
Form Download: |
မာဘယ်ရုပ်တု၊ ရုပ်ထွင်း၊ ကျောက်တုံးများနှင့် ကျောက်မှုန့်များ နိုင်ငံခြားသို့ တင်ပို့ရောင်းချခြင်း |
ဦးစီးဌာန: သတ္တုတွင်းဦးစီးဌာန
သတ္တုတွင်းဦးစီးဌာနရှိ အခြားသော Topics များ