i1cover

သတ္တုတွင်းဦးစီးဌာန

 

Category: သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီးဌာန

ရည်မှန်းချက်

(၁) သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဓာတ်သတ္တုသယံဇာတရေးရာ မူဝါဒကို အကောင်အထည်ဖော်ရန်။

 ညွှန်ကြားရေးမှူးရုံး (မန္တလေးမြို့) ၏ လုပ်ငန်းတာဝန်များ

(၁) နေပြည်တော်၊ သတ္တုတွင်းဦးစီးဌာန (ရုံးချုပ်) ၏ မန္တလေးရုံးခွဲ၊ ညွှန်ကြားရေးမှူးရုံး (က) အဆင့်အဖြစ် သတ်မှတ်၍ ကိုယ်စားပြုလုပ်ငန်းများ ဆောင်ရွက်ခြင်း။
(၂) ထုတ်ပေးထားသည့် နည်းဥပဒေများနှင့်အညီ တိုင်းဒေသကြီးက ဆောင်ရွက်ခွင့်ရှိသော ဓာတ်သတ္တုများအား (အကြီးစားထုတ်လုပ်ခြင်းမှအပ) ခွင့်ပြုမိန့်ရရှိရေး လျှောက်ထားလာမှု နှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ် ထားသော တိုင်းဒေသကြီး လုပ်ကွက်စိစစ်ချထားရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက် ခြင်း။
(၃) ဓာတ်သတ္တုများအား နိုင်ငံခြားသို့တင်ပို့ရောင်းချရာတွင် သတ္တုဈေးနှုန်းသတ်မှတ်နိုင်ရေး အတွက် ကိုယ်စားပြု နမူနာကောက်ယူခြင်းဆိုင်ရာကိစ္စရပ်များအား ရုံးချုပ်နှင့်ညှိနှိုင်း ကွင်းဆင်းဆောင်ရွက်ခြင်း။
(၄) တိုင်းဒေသကြီးအတွင်း ရေနံ/ပေါက်ကွဲမှုအက်ဥပဒေနှင့်အညီ ယမ်းတိုက်နှင့် မြေပေါ်/ မြေအောက် ဆီသိုလှောင်ကန် တည်ဆောက်ခြင်းများ ထောက်ခံချက်ပေးနိုင်ရန်အတွက် ရုံးချုပ်၏ ညွှန်ကြားချက် ရရှိပါက ကွင်းဆင်းဆောင်ရွက်ခြင်း။
(၅) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (ဝန်ကြီးရုံး)၊ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် သတ္တုတွင်းဦးစီးဌာန (နေပြည်တော်) တို့မှ အခါအားလျော်စွာ တာဝန်ပေးအပ်လာမှုများအား ဆောင်ရွက်ခြင်း။
(၆) နိုင်ငံခြားသို့ မာဘယ်ဖြင့်ထုလုပ်ထားသောပစ္စည်းများ တင်ပို့နိုင်ရန် ထောက်ခံချက်ထုတ်ပေး နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်း။
(၇) လမ်းခင်းကျောက်များ ထုတ်လုပ်ခွင့်လိုင်စင်ရရှိရေး မြန်မာ့သတ္တုတွင်းဥပဒေပါ အလှဆင် ကျောက်နှင့် စက်မှုတွင်ထွက်ကုန်ကြမ်းပစ္စည်းများနှင့် ငြိစွန်းမှု ရှိ/မရှိ၊ နည်းဥပဒေနှင့်အညီ ကွင်းဆင်းစစ်ဆေးပြီး ရုံးချုပ်သို့ တင်ပြ၍ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ထောက်ခံချက်ထုတ်ပေးခြင်း။

 ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံရာတွင် သိသင့်သော သတင်းအချက်အလက်များ

(၁) ဓာတ်သတ္တုသယံဇာတဆိုင်ရာမူဝါဒအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီအနေဖြင့်လည်း ကောင်း (သို့မဟုတ်) ပြည်တွင်းရင်းနှီးမြှုပ်နှံမှုကုမ္ပဏီအနေဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နိုင်သည်။
(၂) ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မည်သည့်ဓာတ်သတ္တုများအား ရှာဖွေစမ်းသပ်ခြင်း၊ သတ္တုသိုက်၏ ပမာဏအားသိရှိရန် ဖြစ်မြောက်နိုင်စွမ်းလေ့လာခြင်း၊ ထုတ်လုပ်ခြင်း စသည့် မိမိတို့၏ လုပ်ဆောင်လိုသောလုပ်ငန်းနှင့် စပ်ဆက်သည့်အချက်များဖြင့် ရှင်းလင်းတိကျစွာ ဖော်ပြရ မည်။
(၃) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအား ဓာတ်သတ္တုအကြီးစားထုတ်လုပ်မှုလုပ်ငန်း၌ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခွင့်ပြုပြီး ကျန်ဓာတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်း၌ လုပ်ကိုင်ခွင့်မပြု (မပြု) ပါ။
(၄) ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရှာဖွေ၊ စမ်းသပ်တိုင်းတာသည့်ကာလနှင့် တူးဖော်ထုတ်လုပ်သည့် ကာလ အတွင်း ကုန်ကျသည့် ကုန်ကျစရိတ်များအား ရာနှုန်းပြည့် အပြည့်အဝတာဝန်ယူရမည်။
(၅) ဝန်ကြီးဌာနအနေဖြင့် သတ္တုရိုင်းများအတိုင်း နိုင်ငံခြားသို့ တင်ပို့ရောင်းချခြင်းအား ခွင့်မပြု (မပြု) ပါ။
(၆) ရင်းနှီးမြှုပ်နှံသူများအနေဖြင့် တူးဖော်ထုတ်လုပ်၍ရရှိလာသော သတ္တုရိုင်းများအား သတ္တု သန့်စင် (သို့မဟုတ်) သတ္တုစင်များ (Finished Product) အဆင့်ထိ ပြုလုပ်ပြီးမှသာ နိုင်ငံခြား သို့ တင်ပို့ရောင်းချရမည်။
(၇) ဝန်ကြီးဌာနအနေဖြင့် နောက်ဆုံးပေါ်နည်းပညာအသုံးပြုသော သတ္တုသန့်စင်ခြင်း လုပ်ငန်း/ စက်ရုံများနှင့် သံ/သတ္တုအရည်ကြိုလုပ်ငန်း/စက်ရုံများ တည်ထောင်ခြင်းများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မတီ ခွင့်ပြုချက်ရယူ၍ ဆောင်ရွက်ခွင့်ရှိသည်။

 

     
  ရုံးလိပ်စာ

၃၄ လမ်းနှင့် ၃၅ လမ်းကြား၊ ၆၅ လမ်း၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

  ဆက်သွယ်ရန်ဖုန်းနံပါတ်

၀၂ ၆၂၁၁၀

  ဖက်(စ်)ဖုန်း
  အီးမေးလ်လိပ်စာ  This email address is being protected from spambots. You need JavaScript enabled to view it.
  website လိပ်စာ  www.mining.gov.mm

  

Eservices   Topics
 
News