Types: Topics
Categories: သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
agencies: သတ္တုတွင်းဦးစီးဌာန

ဓာတ်သတ္တုလက်လုပ်လက်စားထုတ်လုပ်ခြင်း

 

(၁) လူပုဂ္ဂိုလ်အနေဖြင့်သာ လျှောက်ထားရမည်၊
(၂) လျှောက်ထားသူကိုယ်တိုင် လက်မှတ်ရေးထိုးထားသော လျှောက်ထားစာ၊ လျှောက်လွှာပုံစံ (၅)၊
(၃) လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူ၊ လိုင်စင်ဓာတ်ပုံ (၂) ပုံ၊
(၄) အဆိုပြုလျှောက်ထားသည့်လုပ်ကွက်၏ တစ်လက်မတစ်မိုင်စကေးနှင့် မြေပုံညွှန်း အမှတ်များ ပါဝင်သည့် တည်နေရာပြမြေပုံ (ရောင်စုံဖြင့်)၊
(၅) မြေယာအရှုပ်အရှင်းကင်းကြောင်း ကတိဝန်ခံချက်၊၊
(၆) လျှောက်ထားသူနေထိုင်ရာနယ်မြေရှိရဲစခန်း၏ အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် အမှန်တကယ်နေထိုင်ကြောင်း ထောက်ခံချက် (မူရင်း)၊
(၇) လူတစ်ဦးလျှင် မြေဧရိယာ (၃) ဧကထက်မပိုရ၊
(၈) သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ လုပ်ကွက်စိစစ်ချထားပေးရေး အဖွဲ့မှ သတ်မှတ်ထားသည့် လိုအပ်ချက်များပါရှိရမည်။

 

မှတ်ချက် အသေးစားနှင့် လက်လုပ်လက်စားထုတ်လုပ်ခွင့် လျှောက်ထားမှုများအတွက် မြန်မာ့သတ္တုတွင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ (၁၀) အရ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အသီးသီး ရှိ လုပ်ကွက်စိစစ်ချထားပေးရေးအဖွဲ့မှ စိစစ်ပြီး ပြည်ထောင်စုဝန်ကြီးဌာနနှင့် ညှိနှိုင်း သဘောထားရယူ၍ အသေးစားနှင့် လက်လုပ်လက်စား ထုတ်လုပ်ရန် ခွင့်ပြုမိန့် ထုတ်ပေး နိုင်ပါမည်။

 

Form Download:

ဓာတ်သတ္တုလက်လုပ်လက်စားထုတ်လုပ်ခြင်း

ဦးစီးဌာန: သတ္တုတွင်းဦးစီးဌာန