Types: Topics
Categories: သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
agencies: သတ္တုတွင်းဦးစီးဌာန

စက်သုံးဆီ (မြေပေါ်/မြေအောက်) သိုလှောင်ခွင့်လိုင်စင် လျှောက်ထားခြင်း

 စက်သုံးဆီ (မြေပေါ်/မြေအောက်) သိုလှောင်ခွင့်လိုင်စင် လျှောက်ထားရာတွင် ရယူတင်ပြရမည့် စာရွက် စာတမ်းများမှ -

(၁) သက်ဆိုင်ရာကုမ္ပဏီ/လူပုဂ္ဂိုလ်၏ တာဝန်ရှိသူကိုယ်တိုင် လက်မှတ်ရေးထိုးထားသော လျှောက်လွှာ (ကုမ္ပဏီအမည်ဖြင့် လျှောက်ပါက လက်မှတ်ရေးထိုးသူသည် Form xxvi တွင် ပါရှိသည့် ဒါရိုက်တာအဖွဲ့ဝင်တစ်ဦး ဖြစ်ရမည်)၊
(၂) ဝန်ကြီးဌာနသို့ လိပ်မူထားသော သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သဘောထားမှတ်ချက် (မူရင်း)၊
(၃) သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထောက်ခံစာ၊
(၄) သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ထောက်ခံစာ၊
(၅) သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးဌာန၏ထောက်ခံစာ၊၊
(၆) တည်နေရာပြမြေပုံ (Lay Out Plan)၊၊
(၇) ဆီသိုလှောင်ကန်၏ အသေးစိတ်ပုံ (Detail Drawing)၊
(၈) စက်သုံးဆီအရောင်းဆိုင် ပတ်ဝန်းကျင် လူနေအိမ်များမှ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံ ချက်နှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတို့မှ ကန့်ကွက်ရန် မရှိကြောင်း ထပ်ဆင့်ထောက်ခံစာ၊
(၉) လျှောက်ထားသူ (သို့မဟုတ်) Form xxvi တွင်ပါရှိသည့် ဒါရိုက်တာအဖွဲ့ဝင်တစ်ဦး၏ ကတိ ဝန်ခံချက်၊
(၁၀) ကုမ္ပဏီအမည်ဖြင့် လျှောက်ပါက ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးထားသည့် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်နှင့် Form xxvi ။

 

 

Form Download:

စက်သုံးဆီ (မြေပေါ်/မြေအောက်) သိုလှောင်ခွင့်လိုင်စင် လျှောက်ထားခြင်း

ဦးစီးဌာန: သတ္တုတွင်းဦးစီးဌာန