Types: Topics
Categories: သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
agencies: သတ္တုတွင်းဦးစီးဌာန

အသေးစားလုပ်ကွက်လျှောက်ထားခြင်း

 

(၁) ကုမ္မဏီ/ အဖွဲ့အစည်းအမည်ဖြင့် လျှောက်ထားရမည်၊
(၂) ကုမ္ပဏီ/ အဖွဲ့အစည်းမှ တာဝန်ရှိသူ (ဥက္ကဌ/အုပ်ချုပ်မှုဒါရိုက်တာ) ကိုယ်တိုင်လက်မှတ် ရေးထိုးထားသည့် လျှောက်ထားစာနှင့် သတ်မှတ်လျှောက်လွှာပုံစံ၊
(၃) အဆိုပြုလျှောက်ထားသည့်လုပ်ကွက်၏ တစ်လက်မတစ်မိုင်စကေး မြေပုံညွှန်းအမှတ်များ ပါဝင်သည့် တည်နေရာပြမြေပုံ (ရောင်စုံဖြင့်)၊
(၄) သက်တမ်းရှိသောကုမ္ပဏီမှတ်ပုံတင်လတ်မှတ်၊ ပုံစံ (၆)၊ ပုံစံ (၂၆)၊
(၅) ဒါရိုက်တာအဖွဲ့ဝင်များ၏ အချက်အလက်များ၊ ရောင်စုံဓာတ်ပုံနှင့် လက်မှတ်မူရင်း ပါဝင်သော ဇယား၊
(၆) တစ်လအတွင်းရယူထားသော ကုမ္ပဏီ၏ငွေကြေးခိုင်မာမှုအထောက်အထား (မူရင်း)၊
(၇) ကုမ္ပဏီ၏ သင်းဖွဲ့စည်းမျဉ်း၊ သင်းဖွဲ့မှတ်တမ်း၊
(၈) ကုမ္ပဏီ၏ မြေယာအရှုပ်အရှင်းကင်းကြောင်း ကတိဝန်ခံချက်၊
(၉) ကုမ္ပဏီလိပ်စာမှန်ကန်ကြောင်း ကုမ္ပဏီအခြေစိုက်တည်ရှိရာရဲစခန်း၏ ထောက်ခံချက် (မူရင်း)နှင့် လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူ၊
(၁၀) သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ လုပ်ကွက်စိစစ်ချထားပေးရေးအဖွဲ့ မှ သတ်မှတ်ထားသည့်လိုအပ်ချက်များပါရှိရမည်။

 

မှတ်ချက် အသေးစားနှင့် လက်လုပ်လက်စားထုတ်လုပ်ခွင့် လျှောက်ထားမှုများအတွက် မြန်မာ့သတ္တုတွင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ (၁၀) အရ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အသီးသီး ရှိ လုပ်ကွက်စိစစ်ချထားပေးရေးအဖွဲ့မှ စိစစ်ပြီး ပြည်ထောင်စုဝန်ကြီးဌာနနှင့် ညှိနှိုင်း သဘောထားရယူ၍ အသေးစားနှင့် လက်လုပ်လက်စား ထုတ်လုပ်ရန် ခွင့်ပြုမိန့် ထုတ်ပေး နိုင်ပါမည်။

 

Form Download:

အသေးစားလုပ်ကွက်လျှောက်ထားခြင်း

ဦးစီးဌာန: သတ္တုတွင်းဦးစီးဌာန