နည်းပညာမြှင့်တင်ရေးသင်တန်းဌာန (ဘယ်လင်း)
Category: သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
နည်းပညာမြှင့်တင်ရေးသင်တန်းဌာန(ဘယ်လင်း)ကို (၂၀၁၀-၂၀၁၁)ဘဏ္ဍာရေးနှစ် အတွင်း ပညာရေး၀န်ကြီးဌာန(ယခင်သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန)၊ ပြည်ထောင်စု၀န်ကြီး၏ လမ်းညွှန်ချက်ဖြင့် ၂၀၁၁ခုနှစ်၊ဖေဖော်၀ါရီလ(၁၅)ရက်နေ့တွင် စက်မှုနည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ စက်မှုနည်းပညာမြှင့်တင်ရေးသင်တန်းဌာန(ဘယ်လင်း)အဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်မှစတင်၍ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နည်းပညာမြှင့်တင်ရေးသင်တန်းဌာန(ဘယ်လင်း)အမည်ဖြင့် ပြောင်းလဲသတ်မှတ်ပြီး ဦးစီးဌာန အောက်ရှိ အစိုးနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပံ္ပနှင့် အစိုးရနည်းပညာအထက်တန်း ကျောင်းများမှ ဆရာ/မများအတွက် ဘာသာရပ်ဆိုင်ရာ လက်တွေ့ကျွမ်းကျင်မှုသင်တန်းများ၊ သင်ကြားမှုသင်ယူမှုဆိုင်ရာသင်တန်းများနှင့် ကျောင်း၊ကောလိပ်၊သိပ္ပံ အသီးသီးမှ ကျောင်းအုပ်ကြီးများ အတွက် စီမံခန့်ခွဲမှုဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။
မျှော်မှန်းချက်
ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးအတွက် ပထမတန်းစား နည်းပညာ နှင့် သက်မွေးပညာစနစ်ထူထောင်ရာတွင် လူ့စွမ်းအားအရင်းအမြစ်နှင့် စွမ်းဆောင်ရည်ပြည့်၀သည့် ဆရာ၊ဆရာမများအဖြစ် ပြုစုပျိုးထောင်ပေးနိုင်သော နိုင်ငံတကာအဆင့်မီ လေ့ကျင့်သင်ကြားရေး ဗဟိုဌာနအဖြစ် ထူထောင်ရန်။
ရည်ရွယ်ချက်
နည်းပညာဆိုင်ရာဆရာ/မများ၏ သင်ကြားမှု/သင်ယူမှုဆိုင်ရာအရည်အသွေးနှင့် ဘာသာရပ် ဆိုင်ရာလက်တွေ့ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပို့ချပေးရန်။
နည်းပညာနှင့် သက်မွေးပညာနယ်ပယ်အတွက် လိုအပ်သောအရည်အချင်းပြည့်၀သည့် လုပ်ငန်းခွင် အကြိုဆရာ/မများမွေးထုတ်ပေးနိုင်ရေး လေ့ကျင့်သင်ကြားပေးရန်။
နည်းပညာနှင့်သက်မွေးပညာဆိုင်ရာစီမံအုပ်ချုပ်သူများ၏ စီမံခန့်ခွဲမှုဆိုင်ရာ အရည်အသွေး များမြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ်ပို့ချပေးရန်။
စာတွေ့နှင့်လက်တွေ့ အချိုးညီမျှပြီး ဒေသလိုအပ်ချက်နှင့်ကိုက်ညီသော သင်ရိုးညွှန်းတမ်းများ ရေးဆွဲနိုင်ရေး ဆောင်ရွက်ရန်။
သင်ကြားရေးနည်းစနစ်နှင့် သင်ထောက်ကူပစ္စည်းများ၊ ခေတ်မီသက်မွေးပညာရပ်များနှင့် ပတ်သက်သော နည်းပညာနှင့် သက်မွေးပညာနှင့်လေ့ကျင့်ရေးဆိုင်ရာ သုတေသနလုပ်ငန်း များလုပ်ဆောင်ရန်။
တက္ကသိုလ်အမည်နှင့် ဘာသာရပ်
နည်းပညာမြှင့်တင်ရေးသင်တန်းဌာန (ဘယ်လင်း)
ပြည်သူလူထုသို့ ဝန်ဆောင်မှုပေးလျက်ရှိသော လုပ်ငန်းများ
၁။ | ဒေသတွင်း လူငယ်များအတွက် လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်မှု အထောက်အကူ ဖြစ်စေရန်အတွက် အခြေခံ ကွန်ပျူတာ ကာလတို(၄) ပတ်သင်တန်းပေးခြင်း၊ |
၂။ | Automobile Maintenance Skill Training Level (1) ကာလတို (၈)ပတ် သင်တန်းများ ဖွင့်လှစ်ခြင်း၊ |
၃။ | Electronic and Electrical ကျွမ်းကျင်မှု ကာလတို (၂)ပတ် သင်တန်းများ ဖွင့်လှစ်ခြင်း၊ |
၄။ | Auto CAD ကျွမ်းကျင်မှု ကာလတို (၄)ပတ်သင်တန်းများဖွင့်လှစ်ခြင်း၊ |
၅။ | Residential Air Conditioner Installation and Maintenance ကျွမ်းကျင်မှု ကာလတို (၄)ပတ်သင်တန်းများဖွင့်လှစ်ခြင်း၊ |
၆။ | နည်းပညာတက္ကသိုလ်မှ ကျောင်းသား/သူများအတွက် Industrial Training များဆောင်ရွက်ခြင်း၊ |
၇။ | A.G.T.I Diploma (Electronics Engineering နှင့် Mechnical Engineering) သင်တန်းများ နှင့် သင်တန်းအလိုက် အထူးပြုဘာသာရပ်များ သင်ကြားခြင်း၊ |
အသိပေးလိုသည့် အချက်အလက်များ
- ကာလတိုသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်လျက်ရှိပါသည်။
ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ
(i) ဘာသာရပ်ဆိုင်ရာ လက်တွေ့ကျွမ်းကျင်မှုသင်တန်းများပို့ချပေးခြင်း
(ii) TVETဆရာဆရာမများအတွက် လုပ်ငန်းအကြိုသင်တန်းများပို့ချြခင်း
(iii) သင်ကြားသင်ယူမှုဆိုင်ရာ သင်တန်းများပို့ချခြင်း
(iv) စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းများပို့ချခြင်း
(v) GTI နှင့် GTHS စာမေးပွဲဆိုင်ရာကိစ္စရပ်များဆောင်ရွက်ခြင်း
(vi) သာသာရပ်ဆိုင်ရာ ဖွံဖြိုးတိုးတက်ရေး ဆွေးနွေးပွဲများကျင်းပခြင်း
(vii)Professional Development ဆိုင်ရာကိစ္စရပ်များဆောင်ရွက်ခြင်း
(viii)Teacher Skill Competition ပြိုင်ပွဲများကျင်းပခြင်း (ဆရာ/မများ၏လက်တွေ့ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲ)
ရုံးလိပ်စာ | - နည်းပညာ မြှင့်တင်ရေးသင်တန်းဌာန (ဘယ်လင်း)၊ ရှမ်းကန်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၂၀)၊ စဉ့်ကိုင်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။ |
|
ဆက်သွယ်ရန်ဖုန်းနံပါတ် | (က) ဒေါက်တာသန်းဇော်(တာ၀န်ခံ)(၀၉-၇၉၀၃၆၁၅၅၃) (ခ) သင်တန်းရေးရာဌာန(၀၉-၅၆၆၁၂၃၅၊၀၉-၇၈၇၀၈၆၄၅၆) (ဂ) ၀န်ထမ်းရေးရာဌာန(၀၉-၇၉၇၅၉၇၇၂၅၊၀၉-၇၇၁၇၈၈၄၈၇) (င) ငွေစာရင်းဌာန(၀၉-၇၉၇၉၁၀၅၆၆) |
|
အီးမေးလ်လိပ်စာ | - This email address is being protected from spambots. You need JavaScript enabled to view it. |
|
website လိပ်စာ | ||
Social Link | - |
Eservices | Topics | |
|
|
|
News | ||
|