Category: သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
ရည်ရွယ်ချက်
၁။ | မြန်မာနိုင်ငံ၏သတင်းအချက်အလက်နည်းပညာတွင် စံပြဖြစ်ပြီး အရည်အချင်းပြည့်ဝသော အဆင့်မြင့်တက္ကသိုလ်တစ်ခုဖြစ်လာစေရန်၊ |
၂။ | ကျောင်းသား၊ ကျောင်းသူများအား ခေတ်မီသော သတင်းအချက်အလက်နည်းပညာ ဆိုင်ရာ ပရောဂျက်များ ဖန်တီးဖော်ထုတ်နိုင်စေရန်၊ |
၃။ | ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအား ပြောင်းလဲဖြစ်ပေါ်နေသော သတင်း အချက်အလက်နည်းပညာဆိုင်ရာ လမ်းညွှန်ချက်မူဝါဒများ ချမှတ်ရာတွင် ကူညီပံ့ပိုး ပေးနိုင်ရန်၊ |
၄။ | ဦးဆောင်တက္ကသိုလ်အဖြစ် ကွန်ပျူတာပညာရပ်များ ပြန့်ပွားအောင် ဆောင်ရွက်ရန်၊ |
၅။ | သတင်းအချက်အလက်နည်းပညာဆိုင်ရာ အသုံးချလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် Centre of Excellence အဖြစ် လိုအပ်သော ကျွမ်းကျင်မှုများ ပေးရန်၊ |
၆။ | အီလက်ထရွန်းနစ်ကုန်သွယ်မှုနှင့် စီမံခန့်ခွဲမှုကွန်ယက်များအတွက် သတင်းအချက်အလက်နည်းပညာ အသုံးချနယ်ပယ်တွင် Centre of Research အဖြစ် လုပ်ဆောင်ပေးနိုင်ရန်၊ |
၇။ | အစိုးရလုပ်ငန်းများတွင် သတင်းအချက်အလက်နည်းပညာ အသုံးပြုမှုကို မြှင့်တင်ပေးရန်နှင့် သတင်းအချက်အလက် နည်းပညာဖွံ့ ဖြိုးတိုးတက်ရေး လုပ်ငန်းများ၌အစိုးရ၊ အများ ပြည်သူနှင့်သက်ဆိုင်သော အခန်းကဏ္ဍများတွင် လွယ်ကူချောမွေ့ စေရေး ဆောင်ရွက်ပေးရန်၊ |
၈။ | ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် အိန္ဒိယသမ္မတနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို သတင်းအချက်အလက် နည်းပညာများဖြင့် ပြုစုပျိုးထောင်ပေးရန်နှင့် မြှင့်တင်ပေးရန်၊ |
ပြည်သူနှင့်ဆက်သွယ်ဆောင်ရွက် ပေးရသည့် လုပ်ငန်းတာဝန်များ
မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်သည် ၂၀၁၂ ခုနှစ်၊ မေလ ၂၈ ရက်နေ့တွင် အိန္ဒိယသမ္မတနိုင်ငံနှင့် နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ဖွဲ့စည်းတည်ထောင်ခွင့်ရရှိခဲ့ပါသည်။ အိန္ဒိယသမ္မတနိုင်ငံရှိ IIIT-B တက္ကသိုလ် နှင့် ပူးပေါင်းဖွင့်လှစ်သည့် တက္ကသိုလ်ဖြစ်ပါသည်။ B.E(Hons:) ဘွဲ့ကြိုသင်တန်းအတွက် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတွင် ဝင်ခွင့်စာမေးပွဲဖြေဆိုခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ယခုအခါ ဖြေဆိုအောင်မြင်ခဲ့သည့် ကျောင်းသား/သူ (၁၂၀)ဦးကို Computer Science and Engineering (CSE) နှင့် Electronic Communication and Engineering (ECE) ဘာသာရပ်များတွင် (၆၀)ဦးစီ သင်ကြားပေးလျက်ရှိပါသည်။ ဘွဲ့လွန်ဒီပလိုမာ သင်တန်းအတွက် Postgraduate Diploma in Software Development (PGDSD) Batch I ကိုလည်း ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် Postgraduate Diploma in Software Development (PGDSD) Batch II ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် အတွက် ဒီဇင်ဘာလ တွင်လည်း ဘွဲ့လွန်ဒီပလိုမာသင်တန်းအား သင်တန်းသား၊ သင်တန်းသူ (၆၀)ဦး လျာထား၍လည်းကောင်၊ ဘွဲ့ကြိုပထမနှစ်သင်တန်းကို သင်တန်း သား၊ သင်တန်းသူ (၁၂၀) ဦး လျာထား၍လည်ကောင်း၊ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် ဖွင့်လှစ်သင်ကြားနိုင်ရေး ဆောင်ရွက် လျက်ရှိပါသည်။ ထိုသင်တန်းများအတွက် ဝင်ခွင့်လျှောက်လွှာများကို ပြည်သူများ သိရှိနိုင်ရန်အတွက် နိုင်ငံပိုင်သတင်းစာများနှင့် တက္ကသိုလ်၏ website www.miit.edu.mm မှတဆင့် ကြေငြာ၍ လျှောက်လွှာများ ထုတ်ယူခွင့် ပေးထားပါသည်။ တက္ကသိုလ်၏ လိုအပ်သော ပရိဘောဂများ၊ ကျောင်းသုံးပစ္စည်းများ၊ ရုံးသုံးပစ္စည်းများကိုလည်း မိမိတို့ ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ သတင်းစာများမှတဆင့် တင်ဒါများခေါ်ယူဆောင်ရွက်ပေး လျက်ရှိပါသည်။
ရုံးလိပ်စာ | - (၇၃)လမ်းနှင့် ငုရွှေဝါလမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့၊ မန္တလေးတိုင်းဒေသကြီး |
|
ဆက်သွယ်ရန်ဖုန်းနံပါတ် | - ၀၉၇၈၅၅၅၇၇၀၅၊ ၀၉၇၈၅၅၅၇၇၀၉ |
|
အီးမေးလ်လိပ်စာ | - This email address is being protected from spambots. You need JavaScript enabled to view it.၊ This email address is being protected from spambots. You need JavaScript enabled to view it. |
|
website လိပ်စာ | - www.miit.edu.mm |
|
Social Link | - https://www.facebook.com/MIITMdy/?ref=br_rs |
Eservices | Topics | |
News | ||