edu1

ကွန်ပျူတာတက္ကသိုလ် (မိတ္ထီလာ)

Category: သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

 

ရည်ရွယ်ချက်

၁။ အရည်အချင်းပြည့်ဝသော ကွန်ပျူတာနည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပြီး လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု ဆောင်ရွက်ခြင်း
၂။ ပုဂ္ဂလိကကဏ္ဍအတွင်း နည်းပညာအခြေပြုသည့် လုပ်ငန်းအသစ်များ ပေါ်ထွန်းလာစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ပေါ်ပေါက်လာစေရေး အတွက် ကွန်ပျူတာပညာရှင်များ လေ့ကျင့်မွေးထုတ်ပေးခြင်း
၃။ နိုင်ငံတကာမှ ဆောင်ရွက်လျက်ရှိသော ပညာရေးဆိုင်ရာ လုပ်ထုံး၊ လုပ်နည်းများ၊ သင်ရိုးညွှန်းတမ်း၊ သင်ထောက်ကူပစ္စည်းများကို Internet အသုံးပြု၍ လေ့လာဆည်းပူးခြင်း
၄။ ကျောင်းသား/ကျောင်းသူများကိုလည်း Industry-Ready ဖြစ်စေရန်အတွက် ထိရောက်သော သင်ကြားမှု၊ သင်ယူမှုများနှင့် လက်တွေ့ပိုင်း ပို့ချချိန် ပိုမိုအသုံးပြုစေခြင်း

 

ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)၏ဆောင်ပုဒ်    -    မြန်မှန်တွက်ချက်တိုင်းပြည်တွက်

 

အဓိကလုပ်ငန်းတာဝန်များ

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား အေးချမ်းသာယာပြီး၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်အဖြစ်သို့ ရောက်ရှိစေရန်အတွက် လိုအပ်သော ကွန်ပျူတာ Software နှင့် Hardware ပညာရှင်များမွေးထုတ်ခြင်း၊ တီထွင်ပေးခြင်း၊ တပ်ဆင်ပေးခြင်း၊ စမ်းသပ်ခြင်း၊ အသုံးချခြင်းများ လက်တွေ့ဆောင်ရွက် နိုင်ပြီး၊ နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်သော Information Technology ကို တိုးတက်စေရန်
၂။ နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများ ပြင်ဆင်ခြင်း နှင့် အရည်အသွေးပြည့်မီစွာ မွေးထုတ်ပေးနိုင်မည့် စာမေးပွဲစနစ်များ ပြင်ဆင်ခြင်း
၃။ နည်းပညာကွာဟမှုမရှိစေရေးအတွက်  ICT ကို ဒေသအလိုက် သင်ယူနိုင်မှု အခွင့်အလမ်း များ ရရှိလာစေရေး ဆောင်ရွက်ခြင်း
၄။ ဒေသတွင် သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာကွာဟမှု မရှိစေရေး၊ အသုံးပြုမှု မြင့်မားလာရေး နှင့် လေ့လာမှု၊ သင်ယူမှု အခွင့်အလမ်းများ ရရှိလာစေရေး အတွက် ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)မှ ဦးစီး၍ ဒေသဆိုင်ရာနှင့် နည်းပညာရှင်၊ စီးပွားရေးပညာရှင်များ ပူးပေါင်းပါဝင်လာစေရန် တို့ဖြစ်ပါသည်။

 

ပြည်သူနှင့်ဆက်သွယ်ဆောင်ရွက်ပေးရသည့် လုပ်ငန်းတာဝန်များ

၁။ သိပ္ပံနှင့်နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ခြင်းဖြင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်
၂။ အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ICT နည်းပညာအသုံးပြုမှုကဏ္ဍများတွင် အထောက်အကူဖြစ်စေရန်
၃။ ဒေသတွင်း ပြည်သူလူထုသို့ IT နည်းပညာပြန့်ပွားရေးအတွက် HRD Program များကို စဉ်ဆက်မပြတ် တိုးချဲ့ဆောင်ရွက်သွားရန်
၄။ ဒေသရှိ မျိုးဆက်သစ်လူငယ်များသို့ ကွန်ပျူတာနည်းပညာဆိုင်ရာ အတတ်ပညာရှင်၊ အသိပညာရှင် များ ပေါ်ထွန်းလာစေရန်

 

     
  ရုံးလိပ်စာ - ပန်းတော်ဆက်ကျေးရွာ၊ တောမအုပ်စု၊ သာစည်လမ်း၊မိတ္ထီလာမြို့။
  ဆက်သွယ်ရန်ဖုန်းနံပါတ် - ၀၆၄-၂၄၄၁၇၊၀၆၄-၂၄၂၁၇
  အီးမေးလ်လိပ်စာ - This email address is being protected from spambots. You need JavaScript enabled to view it.
  website လိပ်စာ - cumtla.most.gov.mm
   Social Link  - https://www.facebook.com/University-of-Computer-Studies-Meiktila-854368237931860/

 

Eservices   Topics
     
News