edu6

မန္တလေးကွန်ပျူတာတက္ကသိုလ်

Category: ပညာရေးဝန်ကြီးဌာန

 

ရည်ရွယ်ချက်

မြန်မာနိုင်ငံအား ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံဖြစ်လာစေရေးအတွက် ကွန်ပျူတာ Hardware နှင့် Software များကို တီထွင်ခြင်း၊ တပ်ဆင်ခြင်း၊ စမ်းသပ်ခြင်းနှင့်အသုံး ချခြင်းများကို လက်တွေ့လုပ်ဆောင်နိုင်သော ပညာရှင်များ ပိုမိုမွေးထုတ်ပေးရန် ကွန်ပျူတာ နည်းပညာ ကျွမ်းကျင်မှု လုပ်ငန်းများ ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန်၊ မြန်မာနိုင်ငံ၏ Information Technology တိုးတက်မှုကို အထောက်အကူပြုနိုင်သော ပညာရှင်များ ပိုမိုများပြားစွာ မွေးထုတ်နိုင်ရန် ဘွဲ့ကြိုနှင့်ဘွဲ့လွန် သင်တန်းများ ဖွင့်လှစ်ပို့ချရန် ရည်ရွယ်ပါသည်။

 

ဆောင်ပုဒ်
"“မြန်မှန်တွက်ချက် တိုင်းပြည်တွက်”"

 

လုပ်ငန်းတာဝန်များ

၁။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် လိုအပ်သော ဉာဏ၊ ကာယ၊ စာရိတ္တ၊ မိတ္တဗလ နှင့် ဘောဂဗလ ဗလငါးတန် ပြည့်စုံသော အရည်အသွေးမြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာရှင်များ မွေးထုတ် ပေးနိုင်သည့်  ပညာရေးကိုဖော်ဆောင်မည်။
၂။ ခေတ်မီသော သင်ကြားသင်ယူမှုစနစ်များနှင့် ခေတ်မီ သင်ထောက်ကူ ပစ္စည်းများကို အသုံးပြုမည်။
၃။ သုတေသနပြုလုပ်မှု အလေ့အထ ဖွံ့ဖြိုးစေရန်နှင့် ရရှိသော သုတေသနတွေ့ရှိချက် များကို ဖြန့်ဖြူးခြင်းနှင့် အသုံးချခြင်းများ ပြုလုပ်နိုင်အောင် အားပေးဆောင်ရွက် မည်။
၄။ နိုင်ငံတကာတက္ကသိုလ်များ၊ ဖွံ့ဖြိုးရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပညာရပ်ဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည်။
၅။ လွပ်လပ်၍ တက်ကြွသော တက္ကသိုလ်ဝန်းကျင် တစ်ခုဖြစ်ပေါ်လာစေရေး ဆောင်ရွက် သွားမည်။
၆။ ပညာသင်ကြားရေးတွင် လိုအပ်ချက်ရှိသော ကျောင်းသားများအတွက် ကျောင်းသား အထောက်အကူပြု စနစ်ထူထောင်သွားမည်။
၇။ တက္ကသိုလ်မှ မွေးထုတ်လိုက်သော သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ ရှင်များအတွက် အလုပ်အကိုင်အခွင့်အလမ်း အထောက်အပံ့အဖြစ် ပြင်ပ လုပ်ငန်းရှင်များ၊ ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်ကာ ကျောင်းသင်ခန်းစာပြင်ပ ဆောင်ရွက်မှု များကိုလည်း ပြုလုပ်သွားမည်။
၈။ ဆရာ/ဆရာမများအား ခေတ်မီပညာရပ်များ၊ ခေတ်မီသင်ကြားရေးနည်းစနစ်များနှင့် အမြဲထိတွေ့နိုင်စေရန် နိုင်ငံတကာကွန်ဖရင့်များ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းအဝေး များသို့ ပုံမှန်စေလွှတ် တက်ရောက် လေ့လာခြင်းများ၊ ဆွေးနွေးခြင်းများ ပြုလုပ်ပေးမည်။
၉။ ဝန်ထမ်းများ၏ အရည်အသွေးနှင့် လူမှုဘဝ မြှင့်တင်ရေးကို အလေးထားဆောင်ရွက်မည်။

 

  ကျောင်းလိပ်စာ - မန္တလေးကွန်ပျူတာတက္ကသိုလ်၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
  ဆက်သွယ်ရန်ဖုန်းနံပါတ် - ၀၉-၆၅၀၅၀၁၂၊ ၀၉-၆၅၀၂၂၁၅၊ ၀၉-၆၅၀၂၁၁၅
  အီးမေးလ်လိပ်စာ - This email address is being protected from spambots. You need JavaScript enabled to view it.
  website လိပ်စာ - www.ucsm.edu.mm
   Social Link - https://www.facebook.com/ucsm.mandalay.14

 

Eservices   Topics
     
News