edu15

နည်းပညာတက္ကသိုလ်(ရမည်းသင်း)

Category: သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

 

ရည်ရွယ်ချက်

အင်ဂျင်နီယာပညာရပ်နယ်ပယ်အားလုံးကို တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေပြီး နိုင်ငံတော်၏လူမှုစီးပွာဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သောအရည်အသွေး ပြည့်ဝသည့် အင်ဂျင်နီယာပညာရှင်၊ အင်ဂျင်နီယာနည်းပညာရှင်များပြုစုမွေးထုတ်ပေးရန်။

 

ဆောင်ပုဒ်
“နည်းပညာဖြင့်တိုင်းပြည်မြှင့်အံ့"

 

အဓိကလုပ်ငန်း

၁။ နိုင်ငံတကာအသိအမှတ်ပြုအဆင့်မြှင့်ဘွဲ့ကြိုနှင့် ဘွဲ့လွန်ပညာရေးစနစ်ကိုအကောင် အထည်ဖေါ်ဆောင်ရွက်ရန်၊
၂။ နိုင်ငံတကာအဆင့်မှီပညာရပ်ဆိုင်ရာ ပတ်၀န်းကျင်ကောင်းများ ဖန်တီးပေးရန်နှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာရပ်များကို ထိရောက်စွာ အသုံးပြုခြင်းဖြင့် သင်ကြားရေး၊ သင်ယူရေး၊ သုတေသနနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများ၏ အရည်အသွေးမြင့်မားလာစေရန်၊
၃။ ကျေားင်းသားဗဟိုပြုနည်းလမ်းများကိုအသုံးပြုလျှက် အသိဉာဏ်ပညာလှုံ့ဆော်ပေးသည့် ဆန်းသစ်တီထွင်မှုအားကောင်းသောပညာရပ်ဆိုင်ရာ ပတ်၀န်းကျင်တစ်ခုတွင် လူ့အသိုင်းအဝိုင်း၊ လူသားနှင့် သဘာ၀ပတ်၀န်းကျင်တို့၏အကျိုးကို ထိရောက်စွာပါ၀င်ဆောင်ရွက်နိုင်မည့် အင်ဂျင်နီယာများ၊ သုတေသီများပြုစုပျိုးထောင် မွေးထုတ်ပေးရန်၊
၄။ အရည်အသွေးမြင့်မားသည့်ပညာရေး၀န်ထမ်းများ ခန့်အပ်ခြင်း၊ အရည်အချင်းမြှင့်တင်ပေးခြင်း၊ ပြန်လည်သင်တန်းများပေးအပ်ခြင်းကိုပြုလုပ်ရန်၊
၅။ နိုင်ငံအကျိုးပြု၊ ဒေသအကျိုးပြု၊ ဘာသာရပ်အကျိုးပြု၊ လက်တွေ့အသုံးချ သုတေသနလုပ်ငန်းများကိုဆောင်ရွက်ရန်၊
၆။ ပညာဉာဏ်အမြော်အမြင်ကိုလည်းကောင်း၊ ကျွမ်းကျင်မှုကိုသော်လည်းကောင်းအစဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်အောင် စီမံဆောင်ရွက်ရန်။

 

 

  ရုံးလိပ်စာ - မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ သီလဝရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းမကြီးအနီး
  ဆက်သွယ်ရန်ဖုန်းနံပါတ် - ၀၆၄-၄၀၂၀၁၊ ၀၆၄-၄၀၂၀၂၊ ၀၆၄-၄၀၄၆၈၊ ၀၉-၂၁၇၃၂၁၄
  အီးမေးလ်လိပ်စာ - This email address is being protected from spambots. You need JavaScript enabled to view it.
  website လိပ်စာ - http://tuyamethin.most.gov.mm/
   Social Link - https://web.facebook.com/tuyamethin/?fref=ts

 

Eservices   Topics
  - အောင်လက်မှတ်/ထောက်ခံစာ/အမှတ်စာရင်း/Grading လျှောက်ထားခြင်း
News