mcdc

ဦးစီးဌာန၊ သန့်ရှင်းရေးဌာန

ဝန်ကြီးဌာန၊ မြို့တော်စည်ပင်သာယာရေးကော်မတီ

သတင်းထုတ်ပြန်သည့် ရက်စွဲ ၊ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၆ ရက်။

  

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

 

၁။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာနမှ  ၂ဝ၁၉-၂ဝ၂၀ ဘဏ္ဍာနှစ်တွင် အမရပူရမြို့နယ် ၊ တောင်အင်းမြောက်အင်း အမှိုက်ကျင်းအနီးတွင် ဆောင်ရွက် မည့် RDF (Refuse Derived Fuel)ထုတ်လုပ်ခြင်း အပါအဝင်ဖြစ်သည့် Sorting Machine ဝယ်ယူရန် (ဒုတိယအကြိမ်) အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းဖြစ်ပါသည်။
၂။ သို့ဖြစ်ပါ၍ အမရပူရမြို့နယ် ၊ တောင်အင်းမြောက်အင်း အမှိုက်ကျင်းအနီးတွင် ဆောင်ရွက် မည့် RDF (Refuse Derived Fuel)ထုတ်လုပ်ခြင်း အပါအဝင်ဖြစ်သည့် Sorting Machine ကို (ဒုတိယအကြိမ်) အိတ်ဖွင့်တင်ဒါ တင်သွင်းလိုသူများမှ အောက်ဖော်ပြပါအတိုင်း အိတ်ဖွင့် တင်ဒါတင်သွင်းနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်-
(က) အိတ်ဖွင့်တင်ဒါလျှောက်လွှာစတင်ရောင်းချမည့်ရက် - (၁၀.၂.၂၀၂၀)၊(တနင်္လာနေ့)
(ခ) တင်ဒါတင်သွင်းရန်စာရင်းပေးသွင်းရမည့်နေ့/အချိန် - (၁၀.၃.၂ဝ၂၀ )၊ (အင်္ဂါနေ့) (၀၉:၃၀) မှ (၁၃: ၃၀ )နာရီထိ
  (ဂ) အိတ်ဖွင့်တင်ဒါဆောင်ရွက်မည့်နေ့/အချိန် - (၁၁.၃.၂၀၂၀ )၊(ဗုဒ္ဓဟူးနေ့)
  (ဃ)  အိတ်ဖွင့်တင်ဒါဆောင်ရွက်မည့်နေရာ - မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ
၃။ အထက်ပါတင်ဒါပုံစံများကို တစ်စုံလျှင် ကျပ်  ၁၅၀၀၀/- နှုန်းဖြင့် ရုံးချိန်အတွင်း သန့်ရှင်းရေးဌာန (နန်းရှေ့စျေးအပေါ်ထပ်)တွင် ဝယ်ယူနိုင်ပါသည်။ (အသေးစိတ် အချက်အလက်များ သိရှိလိုပါက ဖုန်း ဝ၂-၄၀၇၂ဝဝ၃ သို့စုံစမ်းနိုင်ပါသည်။)

သန့်ရှင်းရေးဌာန
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ