mcdc

ဦးစီးဌာန၊ သန့်ရှင်းရေးဌာန

ဝန်ကြီးဌာန၊ မြို့တော်စည်ပင်သာယာရေးကော်မတီ

သတင်းထုတ်ပြန်သည့် ရက်စွဲ ၊ ၂၀၁၈ ခုနှစ်၊ မတ်လ၊ ၃၀ ရက်။

  

၂၀၁၈ ခုနှစ်၊ ဧပြီလ (၁) ရက်မှ  စက်တင်ဘာလ (၃၀) ရက်ထိ ကြားကာလ ဘဏ္ဍာရေးနှစ်အတွက်

လုပ်ငန်းလိုင်စင်များ သက်တမ်းတိုးဆောင်ရွက်ရန် အသိပေးကြေငြာခြင်း

 

၁။ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း လုပ်ငန်းလိုင်စင် ခွင့်ပြုချက် ရယူထားသည့် လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်းကို ဘဏ္ဍာနှစ်တစ်နှစ်ဖြစ်သည့် (ဧပြီလမှ မတ်လအထိ) ပေးဆောင်လျက်ရှိကြပါသည်။ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်ကို အောက်တိုဘာလ (၁) ရက်နေ့မှ စက်တင်ဘာလ (၃၀) ရက်နေ့အထိ ပြောင်းလဲပြင်ဆင်ခဲ့ပါသဖြင့် ယခု ၂၀၁၈ ခုနှစ် ဧပြီလ (၁) ရက်မှ စက်တင်ဘာလ (၃၀) ရက်နေ့ထိကို ကြားကာလသတ်မှတ်၍ (၆)လအတွက် လုပ်ငန်းလိုင်စင်သက်တမ်းတိုး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
၂။ ယခု ၂၀၁၈ ခုနှစ် (ဧပြီလမှ စက်တင်ဘာလ) (၆)လအတွက် လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းကို လုပ်ငန်းအမျိုးအစားအလိုက် လုပ်ငန်းရှင်များက ပုံမှန်ပေးဆောင်သည့် တစ်နှစ်အတွက် လိုင်စင်ခကျသင့်ငွေ၏ ၅၀ ရာခိုင်နှုန်းကို ပေးသွင်းစေပြီး ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
၃။ သို့ဖြစ်ပါ၍ ၂၀၁၈ ခုနှစ် (ဧပြီလမှစက်တင်ဘာလ) (၆)လအတွက် လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းကို  အောက်ပါအတိုင်း ဆောင်ရွက်ပေးရန် သတ်မှတ်ပါကြောင်းနှင့် သတ်မှတ်ချိန်အမီ သက်တမ်းတိုးဆောင်ရွက်ကြပါရန် အသိပေးကြေညာအပ်ပါသည် -
(က) ၂၀၁၈ ခုနှစ် ဧပြီလမှ ဇူလိုင်လအတွင်း သက်တမ်းတိုးဆောင်ရွက်ပါရန်၊
(ခ) ၂၀၁၈ ခုနှစ် သြဂုတ်လမှ စက်တင်ဘာလအတွင်း သက်တမ်းတိုးဆောင်ရွက်ပါက နောက်ကျ ဒဏ်ကြေးငွေကျပ် ၁၅၀၀၀/- ပေးဆောင်ရန်နှင့် စက်တင်ဘာလကုန်ပြီးမှ သက်တမ်းတိုးပါက နောက်ကျဒဏ်ကြေးငွေကျပ် ၃၀၀၀၀/- ပေးဆောင်ရန်၊

 

သန့်ရှင်းရေးဌာန
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ