သန့်ရှင်းရေးဌာန
Category: စည်ပင်သာယာရေးဝန်ကြီးဌာန
လုပ်ငန်းဆောင်ရွက်သူများနှင့် စပ်လျဉ်းပြီး သန့်ရှင်းရေးဌာနမှ အသိပေးကြေညာခြင်း
၁။ | မန္တလေးမြို့တွင်းရှိ လမ်းမကြီးများနှင့် လမ်းထောင့်များတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်၊ လက်ဖက်ရည်၊ အကင်ဆိုင်များ၊ စတိုးဆိုင်၊ ကုန်စုံဆိုင်များနှင့် ပစ္စည်းအရောင်း ဆိုင်များမှာ မိမိပိုင်နက်အဆောက်အအုံပြင်ပ လမ်းမြေ၊ ပလက်ဖောင်း၊ ရောင်းမြေများပေါ်သို့ ကျူး၍ ဆိုင်တည်ခင်းခြင်း၊ ရောင်းချခြင်း၊ လာရောက်ကြသော မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်များမှ လမ်းမပေါ်၌ အဆင်ပြေသလို ရပ်တန့်ကြ၍ ယာဉ်ကြောပိတ်ဆို့ခြင်းများကြောင့် လမ်းသွားလမ်းလာများ လုပ်သားပြည်သူများအား အနှောင့်အယှက် ဖြစ်စေကြောင်း တွေ့ရှိရပါသည်။ |
၂။ | သို့ပါ၍ အထက်ပါဆိုင်များအနေဖြင့် မိမိ ပိုင်နက် အဆောက်အအုံ၊ ဝင်းခြံ အတွင်းသာ တည်ခင်း ရောင်းချသွားရန်နှင့် ဆိုင်သို့ လာရောက်သော ယာဉ်၊ ဆိုင်ကယ်များ စနစ်တကျ ရပ်တန့်စေရေး၊ ယာဉ်(၂)ထပ် ရပ်တန့်မှု မရှိစေရေး မိမိဆိုင်ဝန်ထမ်းများ အစီအစဉ်ဖြင့် ဆက်ဆံရေး ပြေပြစ်စွာ စီမံဆောင်ရွက်သွားရန် အကြောင်းကြားပါသည်။ |
၃။ | လိုက်နာမှုမရှိသော ဆိုင်များ၊ တိုင်ကြားခံရသော ဆိုင်များအား မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာန နည်းဥပဒေများအရ လည်းကောင်း၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ဥပဒေများအရ လည်းကောင်း အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် မကြာခဏ စည်းကမ်းဖောက်ဖျက်သော ဆိုင်များအား လုပ်ငန်းလိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတိပေး ကြေညာအပ်ပါသည်။ |
ပလက်ဖောင်း၊ မြောင်း၊ လမ်း ပိတ်ဆို့မှု မဖြစ်စေရန်အတွက် လုပ်ငန်းလိုင်စင် ထုတ်ပေးထားသော ဆိုင်ခန်းများအားလုံး လိုက်နာရန်
၁။ |
လိုင်စင်ထုတ်ပေးထားသော လမ်းမကြီးများပေါ်ရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ အထည်ဆိုင်၊ စတိုးဆိုင်၊ ကုန်စုံဆိုင် စသည့် လုပ်ငန်းလိုင်စင် ထုတ်ပေးထားသော ဆိုင်များအားလုံး အောက်ပါအတိုင်း လိုက်နာ ဆောင်ရွက်ရန်- | |
(က) | လုပ်ငန်းလိုင်စင် လျှောက်ထားသည့် ဧရိယာအကျယ်အဝန်းအတွင်း၌သာ လုပ်ငန်းလိုင်စင် ခွင့်ပြုထားသဖြင့် လိုင်စင်ခွင့်ပြု ဧရိယာပြင်ပ ကျော်လွန် လုပ်ကိုင်ခြင်း မပြုရ။ | |
(ခ) |
လုပ်ငန်းလိုင်စင် ခွင့်ပြုဧရိယာပြင်ပ ကျော်လွန်၍ အမိုးများ၊ ထိုင်ခုံများ ရှေ့၊ နောက်၊ ဘယ်၊ ညာ တိုးချဲ့ခြင်း၊ မီးဖိုများ ရှေ့ထုတ်ခြင်း၊ အသုပ်အကင် ခေါက်ဆွဲဆိုင်များ တိုးချဲ့ရောင်းချခြင်း မပြုရ။ | |
(ဂ) | ပြည်သူလူထု လူသွားလမ်းအား အနှောက်အယှက်ဖြစ်အောင် ပိတ်ဆို့ရောင်းချခြင်း၊ စားသုံးသူများ၏ ယာဉ် ဆိုင်ကယ်များ ယာဉ်ကျောပိတ်ဆို့ ရပ်တန့်ခြင်းများ မပြုလုပ်စေရ။ | |
(ဃ) | လူသွားလမ်း ပလက်ဖောင်းပေါ်၌ ဆိုင်များမှ ဆိုင်ကယ်တင်၍ ကန့်လန့်ရပ်ခြင်း၊ ပန်းအိုးများ၊ အုတ်ခုံများ အခိုင်အမာ ပြုလုပ်ခြင်း၊ မီးစက်ကြီးများဖြင့် ပိတ်ဆို့ထားခြင်း၊ တစ်ဆိုင်နှင့်တစ်ဆိုင်ကြား တားဆီးကာရန်ထားခြင်း၊ ဆိုင်းဘုတ် များပိတ်၍ ထောင်ထားခြင်းများ လုံးဝမပြုလုပ်ရ။ | |
(င) |
ဆိုင်ပတ်ဝန်းကျင်ရှိ ရေမြောင်းများထဲသို့ အစာအကြွင်းအကျန်များ စွန့်ပစ်ခြင်း၊ အမှိုက်များ စွန့်ပစ်ခြင်း၊ရေဆိုးများ ထုတ်ခြင်း လုံးဝမပြုလုပ်ရ။ | |
(စ) | အထက်ပါ ကြေငြာချက်များအား လိုက်နာမှုမရှိသည့် ဆိုင်ခန်းများအား မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။ |
လုပ်ငန်းဆောင်ရွက်သူများနှင့် စပ်လျဉ်းပြီး သန့်ရှင်းရေးဌာနမှ အသိပေးကြေညာချက်
၁။ | မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ် (၆) မြို့နယ်အတွင်းတွင် အိမ်များ၊ ဆိုင်များ၊ ဈေးဆိုင်နှင့် စတိုးဆိုင်များ ပွဲရုံနှင့် အရောင်းစင်တာများမှ ရောင်းကုန်ပစ္စည်းများ လူသွားစင်္ကြန်၊ ပလက်ဖောင်း၊ ရေမြောင်း လမ်းမများအပေါ် ကျူးကျော်ပစ္စည်း ထားရှိတည်ခင်းရောင်းချခြင်း၊ လမ်းနယ်နိမိတ်အတွင်း လမ်းမျက်နှာပြင်ထက်မြင့်၍ မြေဖို့ခြင်း၊ ကွန်ကရိ လောင်းခြင်းများကြောင့် လမ်းများ၊ ရေမြောင်းများ ပိတ်ဆို့မှု ဖြစ်ပေါ်လျက်ရှိကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် အောက်ပါအတိုင်း သိရှိလိုက်နာ ဆောင်ရွက်ကြရန် အသိပေး ကြေညာအပ်ပါသည်- |
|
(က) | မိမိရောင်းကုန်ပစ္စည်းများ လုပ်ငန်းသုံးပစ္စည်းများအား အများပြည်သူဆိုင်ရာ လူသွားစင်္ကြန် ပလက်ဖောင်းရေမြောင်း၊ လမ်းမများအပေါ် တည်ခင်းထားရှိ ရောင်းချခြင်းများနှင့် ကုန်ပစ္စည်း၊ ဆောက်လုပ်ရေး ပစ္စည်းများ (သို့မဟုတ်) အိမ်ထောင်ပရိဘောဂ ပစ္စည်းများ စုပုံခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်ရ၊ | |
(ခ) | မိမိပိုင်နက် အိမ်၊ ဆိုင်၊ ပွဲရုံ ခြံဝင်းအတွင်း၌သာ တည်ခင်းထားရှိ ရောင်းဝယ်မှု ပြုလုပ်ရမည်၊ | |
(ဂ) | လမ်းဆုံ လမ်းခွ လမ်းထောင့်များတွင် တည်ခင်းရောင်းချမှု လုံးဝ (လုံးဝ) မပြုလုပ်ရ၊ | |
(ဃ) |
ကွမ်းယာလှည်းများ၊ အချဉ်ပေါင်းလှည်းများ၊ ထီလှည်းများ၊ သစ်သီးလှည်းများ၊ လက်တွန်း ဈေးရောင်းလှည်းများ၊ ဈေးရောင်းမော်တော်ယာဉ်များ လမ်းပိတ်ဆို့ရောင်းချခြင်း၊ လမ်းမများ ပေါ်တွင် မူသေ ရပ်နားရောင်းချခြင်း(လုံးဝ) မပြုလုပ်ရ၊ ရွေ့လျားသွားလာ၍ လမ်းသွားလမ်းလာ များ လွတ်ကင်းအောင် ခေတ္တရပ်နားမှုသာ ပြုလျက် ရောင်းချရမည်၊ | |
(င) |
တရားမဝင်လောင်စာဆီ/ဓာတ်ဆီ/ ဒီဇယ်များအား တရားဝင် ခွင့်ပြုချက်မရရှိဘဲ လမ်းဘေး၊လမ်းများ အပေါ်( လုံးဝ ) ရောင်းချခြင်း မပြုလုပ်ရ၊ | |
(စ) | လမ်းနယ်နိမိတ်အတွင်းခွင့်ပြုချက်မရှိဘဲ လမ်းမျက်နှာပြင်ထက်မြှင့်၍မြေဖို့ခြင်း၊ကွန်ကရိလောင်း ခြင်း လုံးဝ (လုံးဝ) မပြုလုပ်ရ၊ | |
၂။ | အထက်ကြေညာချက်ပါ စည်းကမ်းများအား လိုက်နာဆောင်ရွက်မှု မရှိပါက မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၏ တည်ဆဲဥပဒေ နည်းဥပဒေများအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။ |
ဆက်သွယ်ရန် ဖုန်းနံပါတ်များ
အမှိုက်သိမ်းယာဉ်များ အမှိုက်သိမ်းဆည်းရန် ပျက်ကွက်ခြင်း၊ မြောင်းများ ပိတ်ဆို့ရေလျှံခြင်းများအတွက် အောက်ပါဖုန်းနံပါတ်များအား ဆက်သွယ် အကြောင်းကြားနိုင်သည်-
(၁) | ဦးလှမျိုး၊ ဌာနမှူး (၀၉-၄၄၁၀၆၀၈၅) |
(၂) | ဦးစိုးတင့်အောင်၊ ဌာနခွဲမှူး(နယ်မြေ-၁) ၀၉-၂၀၀၀၃၁၄ |
(၃) | ဦးသန်းထွဋ်၊ ဌာနခွဲမှူး(နယ်မြေ-၂) ၀၉-၄၃၁၆၀၆၈၃ |
(၄) |
မြို့နယ်မှူး၊ အောင်မြေသာစံ ၀၉-၉၁၀၃၇၈၈၅ |
(၅) |
မြို့နယ်မှူး၊ ချမ်းအေးသာစံ ၀၉-၉၇၇၂၈၅၂၈၁ |
(၆) |
မြို့နယ်မှူး၊ မဟာအောင်မြေ ၀၉-၉၁၀၃၇၈၈၉ |
(၇) | မြို့နယ်မှူး၊ ချမ်းမြသာစည် ၀၉-၂၀၁၆၈၃၉ | (၈) |
မြို့နယ်မှူး၊ ပြည်ကြီးတံခွန် ၀၉-၇၉၇၃၅၂၄၄၉ |
(၉) |
မြို့နယ်မှူး၊ အမရပူရ ၀၉-၉၁၀၅၂၈၉၀ |
လုပ်ငန်းလိုင်စင်နှင့်ပတ်သက်၍ အောက်ပါလိပ်စာတည်ရှိရာ ရုံးနေရာများတွင် ဆက်သွယ်ဆောင်ရွက်နိုင်သည်-
(၁) | သန့်ရှင်းရေးဌာနရုံး |
(၁၉×၆၃)လမ်းထောင့်၊ နန်းရှေ့ဈေးအပေါ်ထပ်၊ ၀၂-၇၂၀၀၃ |
(၂) | မြို့နယ်စည်ပင်သာယာ၊ အုပ်ချုပ်ရေးမှူးရုံး၊ အောင်မြေသာစံမြို့နယ် | ၂၂လမ်း(၈၇×၈၈)ကြား၊ ၀၂-၃၆၁၃၇ |
(၃) | မြို့နယ်စည်ပင်သာယာ၊ အုပ်ချုပ်ရေးမှူးရုံး၊ ချမ်းအေးသာစံမြို့နယ် |
၂၉လမ်း(၇၃×၇၄)ကြား၊မန္တလေးနေ့စဉ်သတင်းစာတိုက် ၀၂-၃၆၁၃၈ |
(၄) | မြို့နယ်စည်ပင်သာယာ၊ အုပ်ချုပ်ရေးမှူးရုံး၊ မဟာအောင်မြေမြို့နယ် |
(၃၅×၇၀)ထောင့်၊ ၀၂-၇၇၉၀၃ |
(၅) | မြို့နယ်စည်ပင်သာယာ၊ အုပ်ချုပ်ရေးမှူးရုံး၊ ချမ်းမြသာစည်မြို့နယ် |
သိပ္ပံလမ်းတောင်ဘက်၊ ရေပေးရေးဂိုဒေါင်ဝင်းအတွင်း ၀၂-၃၆၁၅၁ |
(၆) | မြို့နယ်စည်ပင်သာယာ၊ အုပ်ချုပ်ရေးမှူးရုံး၊ ပြည်ကြီးတံခွန်မြို့နယ် |
ဒဒ-၁၊ ၆၅လမ်းနှင့်ဗန္ဓုလလမ်းထောင့်(ဆ)ရပ်ကွက် ၀၂-၈၀၆၀၃ |
(၇) | မြို့နယ်စည်ပင်သာယာ၊ အုပ်ချုပ်ရေးမှူးရုံး၊ အမရပူရမြို့နယ် |
ဈေးချိုရပ်ကွက်၊ စစ်-မန်းလမ်း၊ ရုံးပေါင်းစုံဝင်းအတွင်း ၀၂-၅၉၉၆၅ |
ရုံးလိပ်စာ | ၁၉လမ်း x ၆၃လမ်းထောင့်၊ နန်းရှေ့စျေးအပေါ်ထပ်၊ မန္တလေးမြို့။ | |
ဆက်သွယ်ရန်ဖုန်းနံပါတ် | ၀၂ ၇၂၀၀၃ | |
အီးမေးလ်လိပ်စာ | - |
|
website လိပ်စာ |
- |
|
Eservices | Topics | |
|
||
News | ||
|