ဦးစီးဌာန၊ သန့်ရှင်းရေးဌာန
ဝန်ကြီးဌာန၊ စည်ပင်သာယာရေးဝန်ကြီးဌာန
သတင်းထုတ်ပြန်သည့် ရက်စွဲ ၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ၊ ၆ ရက်။
မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ လမ်းများပေါ်သို့ ဝင်ရောက်မောင်းနှင် ဖြတ်သန်းလျှက်ရှိသော
သဲကားမော်တော်ယာဉ်များအား အသိပေးကြေငြာခြင်း
မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ လမ်းများပေါ်သို့ ဝင်ရောက်မောင်းနှင် ဖြတ်သန်းလျှက်ရှိသော သဲလုပ်ငန်းပို့ဆောင်နေသော သဲကားမော်တော်ယာဉ်များအားလုံး အောက်ပါစည်းကမ်းချက် များကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန် ကြေငြာအပ်ပါသည်။
၁။ | သဲကားမော်တော်ယဉ် မြို့တွင်းဝင်ရောက် ဖြတ်သန်းပို့ဆောင်ခွင့်လိုင်စင် (၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်) လျှောက်ထားရယူ ဆောင်ရွက်ရန်။ | |
၂။ | သတ်မှတ်ခွင့်ပြုသည့် မြို့တွင်းလမ်းကြောင်းများမှသာ ဖြတ်သန်းပို့ဆောင်ရန် (၃၅ လမ်း၊ ၂၆ လမ်း တို့အား ဖြတ်သန်းမောင်နှင်ခြင်း ခွင့်မပြုပါ)။ | |
၃။ | အောက်ဖော်ပြပါ ခုံးကျော်တံတားများမှ ဖြတ်သန်းမောင်းနှင်ခြင်း ခွင့်မပြုပါ - | |
(က) | ၃၅ လမ်း၊ ရန်ကြီးအောင် ခုံးကျော်တံတား။ | |
(ခ) | ၄၂ လမ်း၊ ခုံးကျော်တံတား။ | |
(ဂ) | ဦးပွားခုံးကျော်တံတား။ | |
၄။ | သဲကားမော်တော်ယာဉ်များအားလုံး သဲဆိပ်ကမ်းလုပ်ငန်းနေရာမှ ထွက်ခွာပို့ဆောင်ခြင်းမပြုမီ ရေစစ်ခြင်းကို ပြီးစီးအောင် စောင့်ဆိုင်းရေစစ်ပြီးမှ ထွက်ခွာရန်။ | |
၅။ | သဲကားမော်တော်ယာဉ်များအားလုံး မော်တော်ယာဉ်ပေါ်မှ သဲများကျဆင်းမှု မဖြစ်ပေါ်စေရေးအတွက် အဖုံးအကာ၊ မိုးကာအကောင်းများကို လုံခြုံစွာ ပြုပြင်ကာရံ၍ ပို့ဆောင်ကြရန်၊ ယာဉ်အောက်ကြမ်းခင်း၊ ဘေးကာ၊ နံရံဘောင်များကို လုံခြုံစွာ ပြုပြင်ကာရံ၍ ပို့ဆောင်ကြရန်။ |
|
၆။ | လိုက်နာဆောင်ရွက်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိပါက စည်ပင်သာယာဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ |
သန့်ရှင်းရေးဌာန
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ
-
Thu 06 Feb 2020 11:49
-
Fri 30 Mar 2018 15:07