Types: Topics
Categories: စည်ပင်သာယာရေး
agencies: သန့်ရှင်းရေးဌာန

လုပ်ငန်းလိုင်စင် ပိုင်ရှင်အမည်ပြောင်း၊ လုပ်ငန်းနေရာ လိပ်စာပြောင်း၊ လုပ်ငန်း အမည်ပြောင်း၊ လိုင်စင် သက်တမ်းတိုးခြင်း လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ

 

၁။ 
လုပ်ငန်းပိုင်ရှင် အမည်ပြောင်း   
  (က)  မူလပိုင်ရှင်၏ ကန့်ကွက်ရန် မရှိကြောင်းထွက်ဆိုချက်၊ လက်မှတ်ထိုး၊ လက်ဗွေနှိပ် ပါရှိရပါမည်။ 
  (ခ) မူလပိုင်ရှင် သေဆုံးပါက သေစာရင်းမိတ္တူ တင်ပြရပါမည်။
  (ဂ) 
ရောင်းချခြင်းဖြစ်ပါက အရောင်းအဝယ်စာချုပ် တင်ပြရပါမည်။
  (ဃ) ပေးကမ်းခြင်း (သို့မဟုတ်) သေဆုံး၍ အမွေဆက်ခံ အမည်ပြောင်းခြင်း ဖြစ်ပါက အခြား သား၊ သမီးများ၊ ဇနီး၊ ခင်ပွန်း၊ ညီအကိုမောင်နှမများ၏ သဘောတူညီကြောင်း အထောက်အထား လက်မှတ်ထိုး ပါရှိရပါမည်။
  (င)   ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ ယခုလုပ်ငန်း လုပ်ကိုင်သူ ပိုင်ရှင်အမည်ပြောင်းခြင်း မှန်ကန်ကြောင်း ထောက်ခံချက် ပါရှိရပါမည်။
  (စ) 
 အမည်ပြောင်း လုပ်ကိုင်မည့်သူ၏ အမည်ပြောင်းခွင့်ပြုရန် တင်ပြလွှာ ။
 ၂။
 လုပ်ငန်းနေရပ်လိပ်စာပြောင်း
  (က)
 ယခုပြောင်းရွှေ့သော လိပ်စာ၏ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ထောက်ခံချက်
  (ခ)  ဘေးပတ်ဝန်းကျင်အိမ်များ၏ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက် ပါရှိရပါမည်၊
  (ဂ)
 လုပ်ငန်းနေရပ်လိပ်စာ  ပြောင်းခွင့်ပြုရန် တင်ပြလွှာ။
 ၃။ 
လုပ်ငန်း အမည်ပြောင်း 
  (က)
  လုပ်ငန်း အမည်ပြောင်းခြင်း မှန်ကန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက် ပါရှိရပါမည်။
  (ခ)  လုပ်ငန်း အမည်ပြောင်းခွင့် လုပ်ရန် တင်ပြလွှာ ။
 ၄။   လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်း
  (က)
 အိမ်ထောင်စုဇယား မိတ္တူ
  (ခ)  မှတ်ပုံတင်မိတ္တူ
  (ဂ)

 ဓါတ်ပုံ(၃)ပုံနှင့် လိုင်စင်နှုန်းထားငွေ ပေးသွင်းရပါမည်။ (ငွေပေးသွင်းပြီး ရက်သတ္တတစ်ပတ်အတွင်း လုပ်ငန်းလိုင်စင် ထုတ်ပေးပါမည်။

 

Form Download:

 လျှောက်လွှာဖောင် Download ရယူပါ။

 ဦးစီးဌာန: သန့်ရှင်းရေးဌာန

သန့်ရှင်းရေးဌာနရှိ အခြားသော Topics များ