- Types: Topics
- Categories: စည်ပင်သာယာရေး
- agencies: သန့်ရှင်းရေးဌာန
လုပ်ငန်းလိုင်စင်သစ် လျှောက်ထားရာတွင် ပူးတွဲတင်ပြရသည့် ထောက်ခံချက်များ
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးဌာနသို့ လုပ်ငန်းလိုင်စင်သစ် လျှောက်ထားရာတွင် အောက်ဖော်ပြပါ အချက်အလက်များ ပူးတွဲတင်ပြရမည် ဖြစ်ပါသည်-
၁။ | ရပ်ကွက် အုပ်ချုပ်ရေးမှူး ထောက်ခံချက်။ |
၂။ |
မြို့နယ်(သို့) ဗဟိုမီးသတ် ဦးစီးဌာန ထောက်ခံချက် (လျှောက်လွှာတွင် ဖြည့်စွက်ပုံစံ ပါရှိပါသည်)။ |
၃။ |
ဘေးပတ်ဝန်းကျင် အိမ်များ၏ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက် (လျှောက်လွှာတွင် ဖြည့်စွက်ပုံစံ ပါရှိပါသည်)။ |
၄။ |
အိမ်ထောင်စုဇယား မိတ္တူ (လျှောက်ထားသူ)။ |
၅။ |
မှတ်ပုံတင်မိတ္တူ (လျှောက်ထားသူ)။ |
၆။ |
ဓာတ်ပုံ(၃)ပုံ (လျှောက်ထားသူ)။ |
၇။ | အောက်ဖော်ပြပါ လုပ်ငန်းများအတွက် အမှတ်စဉ်(၁ မှ ၆ ထိ) အထောက်အထားများအပြင် လုပ်ငန်းအမျိုးအစားပေါ် မူတည်၍ သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်ပူးတွဲ တင်ပြရမည်ဖြစ်ပါသည်- |
၈။ |
တည်းခိုခန်းလုပ်ငန်းလိုင်စင်အတွက် (က) သက်ဆိုင်ရာ ရဲစခန်း၏ထောက်ခံချက် (ခ) မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ထောက်ခံချက် (ဂ) အခန်းဖွဲ့စည်းပုံ (ဆောက်အအုံနှင့်ကုန်ရုံဌာန၏ ဆောက်လုပ်ခွင့် ခွင့်ပြုမိန့်) (ဃ) ပိုင်ဆိုင်မှုအထောက်အထား (သို့) ငှားရမ်းလုပ်ကိုင်ပါက အငှားစာချုပ်မိတ္တူ |
၉။ |
အစားအသောက် ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းလိုင်စင်အတွက် FDA ၏ ထောက်ခံချက် (က) မုန်မျိုးစုံ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသော စက်ရုံ (ခ) ကြာဇံ စက်ရုံ (ဂ) ရေသန့် စက်ရုံ (ဃ) ငါးပိ၊ ငံပြရည်၊ ဆော့ထုတ်လုပ်သည့်စက်ရုံ (င) အချိုရည် စက်ရုံ (စ) အသင့်စား အသားခြောက်လုပ်ငန်း |
၁၀။ | တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ထောက်ခံချက် (က) စက္ကူစက်ရုံ (ခ) အရက်ချက်စက်ရုံ (ဂ) ပုံနှိပ်လုပ်ငန်း (ဃ) ကွန်ပျူတာစက်ကြီး၊ စက်ပန်းထိုးနှင့်ဆက်စပ်လုပ်ငန်းများ (င) ရေခဲစက်ရုံ |
၁၁။ |
စက်မှုလက်မှု လုပ်ငန်းများအား သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်များ (သို့) ထောက်ခံချက် |
လျှောက်လွှာဖောင် Download ရယူပါ။ |
ဦးစီးဌာန: သန့်ရှင်းရေးဌာန
သန့်ရှင်းရေးဌာနရှိ အခြားသော Topics များ