- Types: Topics
- Categories: လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား
- agencies: လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားရုံး
နိုင်ငံခြားသားမှတ်ပုံတင် နှစ်စဉ် လဲလှယ်ခွန် ငွေပေးဆောင်ခြင်း (FRC သက်တမ်းတိုးခြင်း)
နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ်သည် နှစ်စဉ် နိုဝင်ဘာလ(၃၀)ရက်နေ့တွင် သက်တမ်းကုန်ဆုံးပြီး နောက်နှစ်အတွက် သက်တမ်းတိုးခြင်းကို
- ဒီဇင်ဘာလ(၁)ရက်နေ့ မှ (၃၁)ရက်နေ့အတွင်း အခငွေ(၉)ဒေါ်လာ ပေးဆောင်၍လည်းကောင်း၊
- ဒီဇင်ဘာလမှကျော်လွန်လျှင် အခငွေ(၁၈)ဒေါ်လာ ပေးဆောင်၍လည်းကောင်း
နိုင်ငံခြားသားမှတ်ပုံတင် မူရင်းနှင့်အတူ နိုင်ငံခြားသား(ပဏာမ) မှတ်ပုံတင်ဌာနစိတ်တွင် သွားရောက်ဆောင်ရွက်ရပါမည်။
သက်တမ်းတိုးကာလဖြစ်သည့် ဒီဇင်ဘာလတွင် ပြည်ပရောက်ရှိနေသည့် နိုင်ငံခြားသားသည် မြန်မာနိုင်ငံသို့ ရောက်ရှိသည့်အချိန်တွင် ရောက်ရှိရက်မှ (၃၀)ရက်အတွင်း နိုင်ငံခြားသားမှတ်ပုံတင်၏ သက်တမ်းအတည်ပြုခြင်း နှင့် နှစ်စဉ်လဲလှယ်ခွန်ငွေပေးဆောင်ခြင်းကို တပြိုင်နက် ဆောင်ရွက်ရမည် ဖြစ်ပါသည်။
Form Download : |
ဉီးစီးဌာန: လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံး
လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံး အခြားသော Topics များ
-
နိုင်ငံခြားသား မှတ်ပုံတင်မိတ္တူ ပြုလုပ်ခြင်း
- 2068 hit(s)
-
နိုင်ငံခြားသားကလေး မှတ်ပုံတင်ခြင်း
- 1930 hit(s)
-
နိုင်ငံခြားသားမှတ်ပုံတင် လျှောက်ထားခြင်း
- 2951 hit(s)
-
ဆက်လက်နေထိုင်ခွင့် သက်တမ်းတိုးမြှင့်ခြင်း
- 2360 hit(s)
-
ပြည်ပြန်ဝင်ခွင်ဗီဇာ လျှောက်ထားခြင်း
- 2067 hit(s)