- Types: Topics
- Categories: လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား
- agencies: လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားရုံး
နိုင်ငံခြားသားမှတ်ပုံတင် လျှောက်ထားခြင်းနှင့် ပတ်သက်၍ သိရှိသင့်သော အချက်များ
ပဏာမမှတ်ပုံတင်ခြင်း
၁။ ပြည်ပမှ ပြည်ဝင်ဗီဇာအမျိုးမျိုးဖြင့် ဝင်ရောက်လာသော နိုင်ငံခြားသားများသည် မြန်မာနိုင်ငံတွင် ရက်ပေါင်း (၉၀) ထက်ကျော်လွန် နေထိုင်မည်ဆိုပါက ရက်(၉၀)မတိုင်မီ နိုင်ငံခြားသားမှတ်ပုံတင်ကို ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၊ နိုင်ငံခြားသား (ပဏာမ) မှတ်ပုံတင်ဌာနစိတ်၌ အောက်ပါ အထောက်အထားများနှင့်အတူ သွားရောက်၍ အခငွေ ၉ ဒေါ်လာပေးဆောင်ကာ လျှောက်ထားရယူရပါမည်။
(၁) | ကာယကံရှင် (သို့) သက်ဆိုင်ရာ ကုမ္ပဏီ၏လျှောက်လွှာ |
(၂) | သက်တမ်းရှိ နိုင်ငံကူးလက်မှတ် မူရင်း/ မိတ္တူ |
(၃) | ဓါတ်ပုံ (၅)ပုံ |
(၄) | ကာယကံရှင်၏ ကိုယ်ရေးအချက်အလက်များ |
(၅) | လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ နေခွင့်သက်တမ်း တိုးမြှင့်ရန် ခွင့်ပြုမိန့် |
[မှတ်ချက်။ ရက် (၉၀) ကျော်လွန်မှ လျှောက်ထားပါက (၁၈) ဒေါ်လာ ပေးဆောင်ရမည်]
၂။ နေခွင့်သက်တမ်း ကျော်လွန်သဖြင့် ရက်လွန်ကြေး (Over stay) ပေးဆောင်ပြီး ပြည်ပသို့ ထွက်ခွါမည့် နိုင်ငံခြားသားသည် မြန်မာနိုင်ငံ၌ ရက်ပေါင်း (၉၀)ထက် ကျော်လွန် နေထိုင်သူ ဖြစ်ပါက ၄င်း၏ လေယာဉ်လက်မှတ် အထောက်အထားပြ၍ အထက်အပိုဒ်ခွဲ (က)မှ (ဃ)ထိဖြင့် နိုင်ငံခြားသား မှတ်ပုံတင်ကို လျှောက်ထားရယူရပါမည်။
နိုင်ငံခြားသားမှတ်ပုံတင် လျှောက်ထားခြင်းဖောင် |
ဉီးစီးဌာန: လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံး
လူ၀င်မှုကြီးကြပ်ရေးဦးစီးဌာန အခြားသော Topics များ
-
နိုင်ငံခြားသား မှတ်ပုံတင်မိတ္တူ ပြုလုပ်ခြင်း
- 2068 hit(s)
-
နိုင်ငံခြားသားကလေး မှတ်ပုံတင်ခြင်း
- 1930 hit(s)
-
နိုင်ငံခြားသားမှတ်ပုံတင် လျှောက်ထားခြင်း
- 2952 hit(s)
-
ဆက်လက်နေထိုင်ခွင့် သက်တမ်းတိုးမြှင့်ခြင်း
- 2360 hit(s)
-
ပြည်ပြန်ဝင်ခွင်ဗီဇာ လျှောက်ထားခြင်း
- 2068 hit(s)