- Types: Topics
- Categories: လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား
- agencies: လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားရုံး
လူမှုရေးဗီဇာ (Social Visa)ဖြင့် ဝင်ရောက်လာသူများအား နေခွင့်သက်တမ်း တိုးမြှင့်ခြင်း။
မြန်မာနိုင်ငံရှိ ဆွေမျိုးသားချင်းများနှင့်တွေ့ဆုံရန် လူမှုရေးဗီဇာဖြင့် ဝင်ရောက်လာသူများ နေခွင့်သက်တမ်းတိုးမြှင့်လိုပါက ၎င်းတို့ တည်းခိုနေထိုင်ရာလိပ်စာရှိ ဆွေမျိုး(သို့)မိတ်ဆွေမှ သက်ဆိုင်ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှတဆင့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီး မှူးရုံးသို့ တင်ပြလျှောက်ထားရပါသည်။ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူရုံးမှတဆင့် ဦးစီး(ရုံးချုပ်)သို့ ဆက်လက်လျှောက်ထားစေ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ နေခွင့်သက်တမ်း တိုးမြှင့်ပေးပါသည်။
(၁) | သက်ဆိုင်ရာမြို့နယ်ရုံးမှ စတင်လျှောက်ထားရပြီး တိုင်း/ပြည်နယ်ရုံး၏ ခွင့်ပြုချက် |
(၂) | ထောက်ခံသူ၏ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား |
(၃) | FRC မိတ္တူ (သက်တမ်းရှိပြီး) |
(၄) | Passport (မူရင်း/မိတ္တူ) |
(၅) | သက်ဆိုင်ရာ လဝကရုံးသို့ ဧည့်စာရင်းတိုင်ကြားချက် (Form-c) |
(၆) | အသက်(၇)နှစ်အောက် ကလေးဖြစ်ပါက မွေးစာရင်းမိတ္တူ |
(၇) | ဇနီး/ခင်ပွန်းဖြစ်က လက်ထပ်စာချုပ်မိတ္တူ |
Form Download : |
လူမှုရေးဗီဇာ (Social Visa)ဖြင့်ဝင်ရောက်လာသူများအား နေခွင့်သက်တမ်း တိုးမြှင့်ခြင်းဖောင် |
ဉီးစီးဌာန: လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံး
လူ၀င်မှုကြီးကြပ်ရေးဦးစီးဌာန အခြားသော Topics များ
-
နိုင်ငံခြားသား မှတ်ပုံတင်မိတ္တူ ပြုလုပ်ခြင်း
- 2068 hit(s)
-
နိုင်ငံခြားသားကလေး မှတ်ပုံတင်ခြင်း
- 1930 hit(s)
-
နိုင်ငံခြားသားမှတ်ပုံတင် လျှောက်ထားခြင်း
- 2951 hit(s)
-
ဆက်လက်နေထိုင်ခွင့် သက်တမ်းတိုးမြှင့်ခြင်း
- 2360 hit(s)
-
ပြည်ပြန်ဝင်ခွင်ဗီဇာ လျှောက်ထားခြင်း
- 2068 hit(s)