- Types: Topics
- Categories: လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား
- agencies: လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားရုံး
နိုင်ငံခြားသားကလေး မှတ်ပုံတင်ခြင်း
၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေးနည်း ဥပဒေအပိုဒ် ၆(၅)(က) အရ အသက်(၁၈)နှစ်အောက်ရှိ ကလေးများ၏အမည်ကို ၄င်းတို့မိဘ၏ မှတ်ပုံတင်လက်မှတ်များတွင် ထည့်သွင်းရမည်။ မိဘမရှိသူများအတွက် ၄င်းတို့အား အုပ်ထိန်းသူများ၏ မှတ်ပုံတင်လက်မှတ်တွင် ထည့်သွင်းရမည်။ ထို့ပြင် (၁၈) နှစ်အောက်နှင့် (၁၂)နှစ်အထက် ကလေးများကိုမူ ပုံစံ “ကက” ထုတ်ပေးရမည်။ (၁၈) နှစ်ပြည့်သည့် နေ့မှစ၍ ရက်ပေါင်း (၃၀) အတွင်း သီးခြားမှတ်ပုံတင်လက်မှတ် လျှောက်ထားရမည်။ အသက်(၁၂)နှစ်ပြည့်သည့် နေ့မှစ၍ ရက်ပေါင်း(၃၀)အတွင်း “ကက” လျှောက်ထားရမည်။ ပုံစံ “ကက” လျှောက်ထားရန် လိုအပ်ချက်များမှာ –
(၁) | မိဘ (သို့မဟုတ်) အုပ်ထိန်းသူ၏ လျှောက်လွှာ |
(၂) | နေ့ခွင့်သက်တမ်းရှိသော Passport မူရင်းနှင့် မိတ္တူ (၁) စောင် |
(၃) | (၁.၅” x ၂”) အရွယ် ပတ်(စ်)ပို့ ဓါတ်ပုံ (၄) ပုံ |
(၄) | ငွေသွင်းချလံ မူရင်း |
(၅) | နေခွင့်သက်တမ်း ထပ်မံတိုးမြှင့်သူဖြစ်လျှင် လဝကဝန်ကြီးဌာန၏ နေခွင့်သက်တမ်း တိုးခွင့်ပြုသည့်စာ |
(၆) | အသက်(၁၂)နှစ် ပြည့်သည့်နေ့မှ ရက်ပေါင်း (၃၀)အတွင်း လျှောက်ထားလျှင် (၁)ဒေါ်လာ၊ ရက်ပေါင်း (၃၀) ကျော်လွန်ပြီးမှ လျှောက်ထားလျှင် (၂)ဒေါ်လာ အခွန်ပေးဆောင်ရမည်။ |
Form Download : |
နိုင်ငံခြားသားကလေးမှတ်ပုံတင်ခြင်းဖောင် |
ဉီးစီးဌာန: လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံး
လူ၀င်မှုကြီးကြပ်ရေးဦးစီးဌာန အခြားသော Topics များ
-
နိုင်ငံခြားသား မှတ်ပုံတင်မိတ္တူ ပြုလုပ်ခြင်း
- 2068 hit(s)
-
နိုင်ငံခြားသားကလေး မှတ်ပုံတင်ခြင်း
- 1931 hit(s)
-
နိုင်ငံခြားသားမှတ်ပုံတင် လျှောက်ထားခြင်း
- 2952 hit(s)
-
ဆက်လက်နေထိုင်ခွင့် သက်တမ်းတိုးမြှင့်ခြင်း
- 2360 hit(s)
-
ပြည်ပြန်ဝင်ခွင်ဗီဇာ လျှောက်ထားခြင်း
- 2068 hit(s)