- Types: Topics
- Categories: လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား
- agencies: လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားရုံး
ပြည်ပြန်ဝင် ဗီဇာအမျိုးအစား၊ ၎င်းတို့နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များ
(က) Re-entry Visa
ပြည်တွင်း၌ အမြဲနေထိုင်ခွင့် အရည်အချင်းရှိသော နိုင်ငံခြားသားများနှင့် မှီခိုသူနေခွင့်ကန့်သတ်ချက်ဖြင့်နေထိုင်သော နိုင်ငံခြားသားများ ပြည်ပသို့ ခေတ္တသွားရောက်ရန် ပြည်ပြန်ဝင်ခွင့်ဗီဇာ (RV) ထုတ်ပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ Re-entry Visa အတွက် တင်ပြရသော အထောက်အထား များမှာ-
၁။ | ကာယကံရှင် လျှောက်လွှာ |
၂။ | ကိုယ်ရေးရာဇဝင် |
၃။ | ရပ်ကွက်/ရဲစခန်း ထောက်ခံချက် |
၄။ | အိမ်ထောင်စု လူဦးရေစာရင်း မိတ္တူ |
၅။ | နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် မိတ္တူ |
၆။ | Passport မိတ္တူ |
၇။ | သက်ဆိုင်ရာ တစမ/ပနမရုံး၏ ခွင့်ပြုချက် |
ပြည်တွင်း၌ အမြဲနေအရည်အချင်းရှိသူ နိုင်ငံခြားသားများအတွက် ပြည်ပြန်ဝင်ခွင့်ဗီဇာ အခငွေ(၅၀၀)ကျပ်၊ မှီခိုသူနေခွင့် ကန့်သတ်ချက်ဖြင့် နေထိုင်သူ နိုင်ငံခြားသား အတွက် အခငွေ(၃၀၀)ကျပ် ကောက်ခံပြီး ဗီဇာထုတ်ပေးသည့် နေ့မှစ၍ ပြည်ပတွင် (၆)လနေထိုင်ခွင့် ရှိသော ပြည်ပြန်ဝင်ခွင့်ဗီဇာကို ထုတ်ပေးပါသည်၊ (အမြဲနေ အရည်အချင်းရှိ နိုင်ငံခြားသားတစ်ဦးသည် ပြည်ပရှိ မြန်မာသံရုံး၌ (၆)လ သုံးကြိမ် ထပ်မံသက်တမ်းတိုး လျှောက်ထားနိုင်ပါသည်။ ထုတ်ပေးသည့်နေ့မှစ၍ ပြည်ပတွင် (၆)လနေထိုင်ခွင့် ရှိသည်။)
(ခ) Special Re-entry Visa
ပြည်ဝင်ဗီဇာအမျိုးမျိုးဖြင့် ဝင်ရောက်လာသူများမှ သက်တမ်းအတွင်း ပြန်လည်ဝင်ရောက်ရန် လျှောက်ထားသူများအား ဆောင်ရွက်ပေးသည့် Visa အမျိုးအစားဖြစ်ပါ သည်။
(၁) | တစ်ကြိမ် ပြည်ပြန်ဝင်ခွင့် ဗီဇာ (SRV) |
၆ လ (သို့မဟုတ်) ၆လထက် မပိုသည့် နေခွင့်သက်တမ်းအတွင်း တစ်ကြိမ်သာ အသုံးပြုခွင့်ရှိသည်။ (အခငွေ USD 54$) | |
(၂) | အကြိမ်ကြိမ် ပြည်ပြန်ဝင်ခွင့် ဗီဇာ (MJSRV) |
၁နှစ် (သို့မဟုတ်) ၁နှစ်ထက် မပိုသည့် နေခွင့်သက်တမ်းအတွင်း အကြိမ်ကြိမ် အသုံးပြုခွင့် ရှိသည်။ (အခငွေ USD 180$) |
မှတ်ချက်။ သက်တမ်းတိုး (Stay) လျှောက်ထားစဉ် တစ်ပါတည်း ပူးတွဲလျှောက်ထားရပါသည်။
Form Download : |
ပြည်ပြန်ဝင်ခွင့်ဗီဇာ လျှောက်ထားခြင်း ဖောင် |
ဉီးစီးဌာန: လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံး
လူ၀င်မှုကြီးကြပ်ရေးဦးစီးဌာန အခြားသော Topics များ
-
နိုင်ငံခြားသား မှတ်ပုံတင်မိတ္တူ ပြုလုပ်ခြင်း
- 2068 hit(s)
-
နိုင်ငံခြားသားကလေး မှတ်ပုံတင်ခြင်း
- 1930 hit(s)
-
နိုင်ငံခြားသားမှတ်ပုံတင် လျှောက်ထားခြင်း
- 2951 hit(s)
-
ဆက်လက်နေထိုင်ခွင့် သက်တမ်းတိုးမြှင့်ခြင်း
- 2360 hit(s)
-
ပြည်ပြန်ဝင်ခွင်ဗီဇာ လျှောက်ထားခြင်း
- 2068 hit(s)