ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)

Category: သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန


ရည်ရွယ်ချက်

(က) မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ရှာဖွေဖော်ထုတ်ရန်၊ ထိန်းသိမ်းရန်၊ တိုးတက် ပြန့်ပွားအောင် ဆောင်ရွက်ရန်၊
(ခ) ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွအနှစ်စာရင်းဝင်နိုင်ရေးအတွက် ဆောင်ရွက် ရန်၊

ဆောင်ပုဒ်

"နိုင်ငံဂုဏ်ပြုယဉ်ကျေးမှု"

 

ဦးစီးဌာန၏ အဓိကလုပ်ငန်းတာဝန်များ

(က) ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းရှိ ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံ များကို ရှေးမူလက်ရာမပျက် ထိန်းသိမ်းပြုပြင်ရန်၊
(ခ) ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံ မှတ်တမ်းစာရင်းကောက်ယူရန်၊
(ဂ) သုတေသနနှင့် ပြတိုက်လုပ်ငန်းများ ဆောင်ရွက်ရန်၊
(ဃ)

ရှေးဟောင်းနေရာဒေသများ၊ ရှေးဟောင်းအဆောက်အအုံများ၊ ရှေးဟောင်းဝတ္ထုပစ္စည်း များကို နိုင်ငံတော်မှထုတ်ပြန်ထားသည့် ဥပဒေများနှင့်အညီ ကာကွယ်စောင့်ရှောက်ရန်၊

(င)

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုဆောင်ရွက်ရန်၊

(စ)

မြန်မာနိုင်ငံရှိထူးခြားသော ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များအား စာရင်းပြုစုခြင်း နှင့် အမျိုးသားအဆင့် ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းများအား ဆောင်ရွက်သွားရန်၊

ဆောင်ပုဒ်

နိုင်ငံဂုဏ်ပြု ယဉ်ကျေးမှု


ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲတွင် ပြည်သူနှင့် ဆက်သွယ် ဆောင်ရွက်ပေးသည့်လုပ်ငန်းတာဝန်များ

(က) ပုဂံယဉ်ကျေးမှုဇုန်နယ်မြေအတွင်း နေအိမ်တိုးချဲ့တည်ဆောက်ခြင်း၊ ပြင်ဆင်ခြင်းနှင့် ဝင်းခြံကာရံခြင်းများအား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ညီညွတ်စေရေး ဆောင်ရွက်ခြင်း။
(ခ) ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း မြေစာရင်းပုံစံ(၁၀၅) ထုတ်ပေးရာတွင်  သတ်မှတ်ဇုန်နယ်မြေများနှင့် ကင်းလွတ်ခြင်း ရှိ/မရှိ စိစစ်ပြန်ကြားပေးခြင်း။
(ဂ) မြေငှားဂရန် လျှောက်ထားသည့်ကိစ္စများအား ဌာနမှသတ်မှတ်ထားသည့် စည်းကမ်း သတ်မှတ်ချက်နှင့်အညီ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများအား ထိခိုက်မူ ရှိ/မရှိ စစ်ဆေးသဘောထားပြန်ကြားခြင်း။
 

     
  ရုံးလိပ်စာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ပုဂံမြို့ဟောင်း
  ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၆၁ ၆၀၂၆၉
   အီးမေလ်လိပ်စာ This email address is being protected from spambots. You need JavaScript enabled to view it.
     

 

Eservices   Topics
 
News