သာသနာရေးဦးစီးဌာန
Category: သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
ဦးစီးဌာနတွင် ပြည်သူနှင့် ဆက်သွယ်ဆောင်ရွက်ပေးရသည့် လုပ်ငန်းတာဝန်များ
(က) | သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်လျှောက်ထားမှုများကိုစီစဉ်ဆောင်ရွက်ပေးခြင်း၊ |
(ခ) | အခွန်လွတ်သာသနာ့မြေဆောင်ရွက်ခြင်း၊ သစ်တောမြေထုတ်နှုတ်မှု ဆောင်ရွက်ခြင်း |
(ဂ) | ဘာသာရေးဆိုင်ရာအခမ်းအနားများကို ကူညီဆောင်ရွက်ပေးခြင်း၊ |
(ဃ) |
ပရိယတ္တိပညာရေးဆိုင်ရာ စာမေးပွဲများ ကျင်းပပြုလုပ်ပေးခြင်း၊ |
(င) |
ပြည်တွင်း/ပြည်ပ ဘာသာရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ ညီလာခံများကို ဘာသာကြီး(၄)ခုက ပုဂ္ဂိုလ်များ တက်ရောက်နိုင်ရေး စီမံ ဆောင်ရွက်ခြင်း |
(စ) |
အိန္ဒိယနိုင်ငံ၊ နီပေါနိုင်ငံရှိ သံဝေဇနိယလေးဌာနဘုရားဖူးကိစ္စများ ကူညီဆောင်ရွက်ပေးခြင်း |
(ဆ) |
သဘာဝဘေးအန္တရာယ်ကိစ္စရပ်များ ဖြစ်ပေါ်လာပါက ဆရာ/ဒကာပေါင်းစည်း၍ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ပေးခြင်း |
(ဇ) |
နိုင်ငံတော်က အသိအမှတ်ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီထောက်ပံ့ခြင်း |
(ဈ) |
ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့အား တတ်နိုင်သမျှ အားပေးကူညီစောင့်ရှောက်ခြင်း |
(ည) |
ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းရေးနှင့် ဆွေးနွေးပွဲ Interfaith Dialogue များကို အားပေးကူညီခြင်း |
(ဋ) |
ဘာသာအသီးသီး၏ ဘာသာရေးအဖွဲ့များနှင့် အခါအားလျော်စွာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခြင်း |
(ဌ) |
ဟိန္ဒူဘာသာဝင်တို့၏ ဒီပါဝလီနေ့ကို အများပြည်သူ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ကြေညာနိုင်ရန်အတွက် ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်နှင့် ဆက်သွယ်၍ ဒီပါဝလီနေ့ ကျရောက်မည့်ရက်ကို အတည်ပြုချက် ရယူပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(သာသနာရေး) ဝန်ကြီးရုံးမှတဆင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ တင်ပြဆောင်ရွက်ပေးခြင်း |
(ဍ) |
အစ္စလာမ်ဘာသာဝင်တို့၏ ဘက္ကရီအိဒ်နေ့ကို အများပြည်သူ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ကြေညာနိုင်ရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးနှင့် ဆက်သွ,်၍ ဘက္ကရီအိဒ်နေ့ ကျရောက်မည့်နေ့ရက်ကို အတည်ပြုချက် ရယူပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (သာသနာရေး)ဝန်ကြီးရုံးမှ တစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ တင်ပြဆောင်ရွက်ပေးခြင်း၊ အစ္စလာမ်ဘာသာဝင်များ ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ မက္ကာမြို့သို့ ဟဂျ်ဝတ်ပြုရန် သွားရောက်ရာတွင် ကူညီ ဆောင်ရွက်ပေးခြင်း |
(ဎ) | ဆဌသံဂါယနာတင်ထားသော ပါဠိတော်၊ အဌကထာ၊ ဋီကာများကို မပျောက်မပျက်စေရန်နှင့် သာသနာတော်ထွန်းကားပြန့်ပွားစေရန် ရည်သန်၍ သာသနာရေးဦးစီးဌာန၊ ပုံနှိပ်ထုတ်ဝေရေးဌာနခွဲ၊ ကမ္ဘာအေးစာပုံနှိပ်တိုက်မှ ဆဌသံဂါယနာတင်ကျမ်းစာများ၊ ပြဌာန်းကျမ်းစာများ၊ တိပိဋက ပါဠိမြန်မာအဘိဓာန်များကို ရိုက်နှိပ်ထုတ်ဝေ၍ ဖြန့်ချီပေးလျက်ရှိခြင်း |
ရုံးလိပ်စာ | ၃၅ လမ်း၊ ၆၃ × ၆၄ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့ | |
ဆက်သွယ်ရန်ဖုန်းနံပါတ် | ၀၂ ၃၆၃၁၂၊ ၀၉ ၂၀၀၁၃၄၉ | |
အီးမေးလ်လိပ်စာ | religiousaffairs.mdy @gmail.com | |
Eservices | Topics | |
News | ||