လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန
Category: စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ သမိုင်းကြောင်း
ဗြိတိသျှနယ်ချဲ့တို့သည် ၄င်းတို့မအုပ်ချုပ်ရသေးသော ဒေသတို့ကို တည်တည်တံ့တံ့အုပ်ချုပ်နိုင်ရန် အတွက် မြေတိုင်းတာမြေပုံထုတ်သည့်လုပ်ငန်းကို စနစ်တကျဆောင်ရွက်ပြီးနယ်မြေဒေသကိုစနစ် တကျ ပိုင်းခြားအုပ်ချုပ်ခြင်း၊ မြေခွန်စည်းကြပ်ခြင်းနှင့် လယ်ယာကဏ္ဍစာရင်းဇယားများပြုစုခြင်း တို့ကို ဆောင်ရွက်ခဲ့ကြပါသည်။ ၁၈၈၇ခုနှစ်တွင် မြေစာရင်းဌာနကို စိုက်ပျိုးရေးဌာနနှင့်ပူးပေါင်း၍ Department of Land Records and Agriculture အဖြစ်ဖွဲ့စည်းဆောင်ရွက်စေခဲ့ပါသည်။၁၉၀၀ ပြည့်နှစ်တွင် မြေခွန်တော်နှုန်းထားသတ်မှတ်သည့် ကြေးတိုင်လုပ်ငန်းကို သီးသန့်လုပ်ကိုင်နိုင်ရန် Department of Settlement ကိုဖွဲ့စည်းခဲ့ပါသည်။ ၁၉၀၅ ခုနှစ်၊ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် ကြေးတိုင်လုပ်ငန်း၊ မြေစာရင်းလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို ပူးပေါင်း၍ Directorate of Settlement Land Record and Agriculture ကိုဖွဲ့စည်းခဲ့ပါသည်။၁၉၀၆ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့တွင် မြေခွန်တော်စည်းကြပ်ခြင်းလုပ်ငန်းကို ထိရောက်ကျယ်ပြန့်စွာ တိုးချဲ့လုပ်ကိုင်နိုင် ရန်အတွက် စိုက်ပျိုးရေးဌာနကို ခွဲထုတ်၍ ကြေးတိုင်နှင့်မြေစာရင်းဌာနတို့အားပူးပေါင်း၍ Commissioner of Settttlement and Land Records ဟုအမည်ပြောင်းလဲခဲ့ပါသည်။ ၁၉၄၈ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေမူကြမ်းကို လယ်ယာစိုက်ပျိုးရေးနှင့်သစ်တော ဝန်ကြီးဌာနလက်အောက်ရှိ မြေယာဌာနခွဲမှ (၉.၉.၁၉၄၈)ရက်နေ့တွင် နိုင်ငံတော်ပြန်တမ်းဖြင့်ထုတ် ပြန်ခဲ့ပါသည်။လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးလုပ်ငန်းများကို ကျယ်ပြန့်စွာနှင့် သီးသန့်ဆောင်ရွက် နိုင်ရန် ၁၉၅၂ခုနှစ်တွင် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဝန်ကြီးဌာနပေါ်ပေါက်လာပြီး ၄င်း၏ လက်အောက်တွင် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဌာနခွဲ၊လျော်ကြေးဌာနခွဲ၊ကြေးတိုင်နှင့်မြေစာရင်း ဌာနခွဲနှင့် မြေတိုင်းဌာနခွဲတို့ပါဝင်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၆၇ခုနှစ်တွင် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ် ရေးဌာနခွဲနှင့်လျော်ကြေးဌာနခွဲကို ကြေးတိုင်နှင့်မြေစာရင်းဌာနလက်အောက်သို့ထည့်သွင်းခဲ့ပါသည်။ ၁၉၇၂ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဝန်ကြီးဌာနကို ဖျက်သိမ်း၍ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးဌာနအောက်သို့ ပြောင်းလဲဖွဲ့စည်းခဲ့ပြီး၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနကိုလည်း လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောဝန်ကြီးဌာနအောက်တွင် ၁၉၇၄ခုနှစ်၊ ဇန်နဝါရီလ(၂၄)ရက်နေ့မှစ၍ ဖွဲ့စည်းပုံအသစ်ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ ယင်းနောက်တွင် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် သစ်တောရေးရာဝန်ကြီးဌာန(၂)ခု သီးခြား ရပ်တည်ခဲ့ရာ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနသည် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနအောက်တွင် ဦးစီးဌာနတစ်ခုအဖြစ် ရပ်တည်ခဲ့ပါသည်။ ၂၀၁၅ခုနှစ်၊ ဇွန်လ(၁)ရက်နေ့တွင် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ (၂၈-၄-၂၀၁၅)ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်၊၁၃/၂၀၁၅ဖြင့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနအား လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာန ဟု အမည်ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။
လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ မျှော်မှန်းချက်(Vision)
(၁) |
လယ်ယာကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် လယ်ယာကဏ္ဍနှင့် မြေအသုံးချမှု ဆိုင်ရာစာရင်းအင်း၊ သတင်းအချက်အလက်များ ထောက်ပံ့ပေးရေး။ To Provide Reliable Agricultural and Land Use Statistics For Sustainable Agricultural Sector Development . |
လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ ရည်မှန်းချက် (Mission)
(၁) | မြေအသုံးချမှုဆိုင်ရာ စာရင်းအင်းအချက်အလက်များအား အခြေခံ၍ ခိုင်မာသောသတင်း အချက်အလက်စနစ် ထူထောင်ရေး။ |
(၂) | ခိုင်မာမှန်ကန်သည့် လယ်ယာကဏ္ဍဆိုင်ရာ စာရင်းအင်းသတင်းအချက်အလက်စနစ် ထူထောင်ရေး။ |
လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ မူဝါဒ (Strategy)
(၁) | မြေတိုင်းတာ၍ မြေပုံများပြည့်စုံစွာထားရှိရေးနှင့် မြေကြီး၊မြေပုံ၊မြေစာရင်းမှန်ကန်အောင် ဆောင်ရွက်ရေး၊ |
(၂) | သီးနှံစိုက်ပျိုးထုတ်လုပ်မှုစာရင်းများ မှန်ကန်စွာ ကောက်ယူ၊ပြုစု၊ထုတ်ပြန်ရေး၊ |
(၃) | မြေယာအသုံးချမှုစာရင်းများ မှန်ကန်စွာ ကောက်ယူ၊ပြုစု၊ထုတ်ပြန်ရေး၊ |
(၄) | လယ်ယာကဏ္ဍနှင့်မြေအသုံးချမှုဆိုင်ရာ သတင်းအချက်အလက်စနစ်ထူထောင်ရေး၊ |
(၅) | လယ်ယာမြေဥပဒေ၊ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေများနှင့်အညီ စီမံခန့် ခွဲမှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရေး၊ |
(၆) | ကြေးတိုင်လုပ်ငန်းများဆောင်ရွက်ရေး၊ |
(၇) | လယ်ယာစီးပွားစစ်တမ်းများ မှန်ကန်စွာ ကောက်ယူ၊ပြုစု၊ထုတ်ပြန်ရေး၊ |
(၈) | စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေနှင့်အညီ စာချုပ်စာတမ်းများ မှတ်ပုံတင်ပေးရေး၊ |
(၉) | ဌာနလုပ်ငန်းများအတွက် ကျွမ်းကျင်ဝန်ထမ်းများ လေ့ကျင့်၊ပြုစု၊ပျိုးထောင်ရေး။ |
လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ လုပ်ငန်းတာဝန်များ (Main Function)
(၁) | ဌာနတွင် အသုံးပြုလျှက်ရှိသည့် ကွင်းမြေပုံများအား ဒီဂျစ်တယ်မြေပုံများအဖြစ်ပြောင်းလဲနိုင် ရေးအတွက် မြေတိုင်းတာခြင်း၊ မြေပုံထုတ်လုပ်ခြင်းလုပ်ငန်းများကို နှစ်အလိုက်စီမံချက်များ ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ |
(၂) | လယ်ယာကဏ္ဍဆိုင်ရာ စာရင်းအင်းအချက်အလက်များအား ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ မှန်ကန်စွာ ကောက်ယူ၊ ပြုစု၊ ထုတ်ပြန်ခြင်း၊ |
(၃) | မြေအသုံးချမှုဆိုင်ရာ စာရင်းအချက်အလက်များအား ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ မှန်ကန်စွာ ကောက်ယူ၊ ပြုစု၊ ထုတ်ပြန်ခြင်း၊ |
(၄) | ဌာနမှ တိုင်းတာထားသည့်မြေပုံများ၊ လယ်ယာကဏ္ဍနှင့် မြေအသုံးချမှုဆိုင်ရာ စာရင်းအင်း အချက်အလက်များအသုံးပြု၍ သတင်းအချက်အလက်စနစ်ထူထောင်ခြင်း၊ |
(၅) | လယ်ယာမြေနှင့်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းများအတွက် တည်ဆဲဥပဒေများနှင့်အညီ ဖွဲ့စည်းထားသည့် ကော်မတီ သို့မဟုတ်အဖွဲ့အစည်း အသီးသီး တွင် မိမိဌာန ဝန်ထမ်းများ ဥပဒေသတ်မှတ်ချက်နှင့်အညီ ပါဝင်ပူးပေါင်းဆောင်ရွက်ခြင်း၊ |
(၆) | ကြေးတိုင်လုပ်ငန်းများအား ကြေးတိုင်လက်စွဲပါပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်း၊ |
(၇) | လယ်ယာကဏ္ဍနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များ ထုတ်ပြန်နိုင်ရေးအတွက် လိုအပ်သော လူမှုစီးပွားရေးစစ်တမ်းများနှင့် လယ်ယာသန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ကောက်ယူပြုစုခြင်း၊ |
(၈) | စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ စာချုပ်စာတမ်းများမှတ်ပုံတင် ပေးသည့် လုပ်ငန်းများဆောင်ရွက်ခြင်း၊ |
(၉) |
ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးအတွက် လိုအပ်သည့် အလုပ်ရုံဆွေးနွေးပွဲ များဆောင်ရွက်ခြင်း၊ သင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်း။ |
ရုံးလိပ်စာ |
လမ်း၃၀နှင့်၆၈ လမ်းဒေါင့်၊ ချမ်းအေးသာစံမြို့နယ် |
|
ဆက်သွယ်ရန်ဖုန်းနံပါတ် | ၀၂-၄၀၆၀၄၁၇၊ ၀၂-၄၀၆၀၄၁၈ | |
ဖက်စ်ဖုန်း | ၀၂-၄၀၃၁၃၄၆ | |
အီးမေးလ်လိပ်စာ | This email address is being protected from spambots. You need JavaScript enabled to view it. |
|
Facebook Page | ||
Website |
Eservices | Topics | |
|
||
News | ||