- Types: Topics
- Categories: စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း
- agencies: လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်း
လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)လျှောက်ထားခြင်း
၁။ | လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်လွှာ(ပုံစံ-၁) ကို ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် အခမဲ့ ရယူ၍ ပြည့်စုံစွာဖြည့်စွက်ပြီး ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှတဆင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေး နှင့်စာရင်းအင်းဦးစီးဌာနရုံးသို့ လျှောက်ထားရပါမည်။ |
၂။ | ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် နည်းဥပဒေ ၃ (သို့မဟုတ်) ၄ အရ လူပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းမှ လျှောက်ထားသော လယ်ယာ မြေလုပ်ပိုင်ခွင့် လျှောက်လွှာကို စိစစ်ထောက်ခံချက်ဖြင့် မြို့နယ်ဦးစီးဌာနရုံးသို့ ပေးပို့ ရပါမည်။ |
၃။ | မြို့နယ်ဦးစီးဌာနရုံးသည် လက်ခံရရှိသည့် လျှောက်လွှာကို လယ်ယာမြေလုပ်ပိုင်ခွင့် လုပ်ငန်းစာတွဲဖွင့်လှစ်၍ သက်ဆိုင်ရာ လယ်ယာမြေ လုပ်ပိုင်ခွင့်လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ကန့်ကွက်လိုသူရှိပါက ခိုင်လုံသောအထောက်အထားတင်ပြ၍ ကန့်ကွက် နိုင်ကြောင်းကို ကန့်ကွက်နိုင်ရန်ထုတ်ဆင့်သည့်ကြော်ငြာ(ပုံစံ-၂)ဖြင့် ကြေငြာမည်ဖြစ် ပါသည်။ |
၄။ | ယင်းသို့ ကြေငြာရာတွင် ကြေငြာသည့်နေ့မှ ရက်ပေါင်း(၃၀)အတွင်း ကန့်ကွက်နိုင် ကြောင်း ဖော်ပြထားပါသည်။ |
၅။ | မြို့နယ်ဦးစီးဌာနရုံးသည် ကန့်ကွက်နိုင်ကြောင်းကြေငြာသည့်ကာလအတွင်း လျှောက် လွှာနှင့်စပ်လျဉ်းသည့် အချက်အလက်များကို လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်လွှာ မှတ်ပုံတင်စာရင်း(ပုံစံ-၃)တွင် ရေးသွင်းခြင်းကိုဆောင်ရွက်ပါမည်။ |
၆။ | ၄င်းနောက်လယ်ယာမြေလုပ်ပိုင်ခွင့်စစ်ဆေးချက်(ပုံစံ-၄)ဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထားသူနှင့် ပတ်သက်သည့် အချက် အလက်များကို စိစစ်မည်ဖြစ်ပါသည်။ |
၇။ | လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ ကန့်ကွက်ချက်တစ်စုံတစ်ရာ ရရှိလျှင် မြို့နယ်ဦးစီးရုံးသည် သက်ဆိုင်ရာ ရပ်ကွက် (သို့မဟုတ်)ကျေးရွာအုပ်စုလယ် ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ ယင်းကန့်ကွက်ချက်အပါအဝင် သက်ဆိုင်သည့် စာတမ်း အမှတ် အသားများကို ပေးပို့၍ စုံစမ်းစစ်ဆေးတင်ပြစေရန် အကြောင်းကြားဆောင် ရွက်သွားမည်ဖြစ်ပါသည်။ |
၈။ | ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် စုံစမ်းစစ်ဆေး တွေ့ရှိချက်ကို မြို့နယ်ဦးစီးဌာနရုံးသို့တင်ပြရမည်။ |
၉။ | မြို့နယ်ဦးစီးဌာနရုံးသည် တင်ပြချက်ကို လက်ခံရရှိသည့်အခါ လယ်ယာမြေလုပ်ပိုင် ခွင့်လုပ်ငန်းစာတွဲကိုသဘောထားမှတ်ချက်နှင့်အတူ သက်ဆိုင်ရာလယ်ယာမြေစီမံခန့် ခွဲမှုအဖွဲ့သို့တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါသည်။ |
၁၀။ | မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လယ်ယာမြေလုပ်ပိုင်ခွင့်လုပ်ငန်းစာတွဲကို စိစစ်၍ သဘောထားမှတ်ချက်နှင့်အတူ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြ သွားမည်ဖြစ်ပါသည်။ |
၁၁။ | ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် တင်ပြလာသည့် လယ်ယာမြေလုပ်ပိုင်ခွင့် လုပ်ငန်းစာတွဲကို ထပ်ဆင့်စိစစ်၍ လယ်ယာမြေ လုပ်ပိုင်ခွင့်လျှောက်ထားချက်ကို ခွင့်ပြုကြောင်း (သို့မဟုတ်) ငြင်းပယ်ကြောင်းဆုံးဖြတ်ပြီး မြို့နယ်ဦးစီးဌာနရုံးသို့ အကြောင်းကြား ပါသည်။ |
၁၂။ | မြို့နယ်ဦးစီးဌာနရုံးသည် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ အကြောင်းကြားချက် အရ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူကို လယ်ယာမြေမှတ်ပုံတင်ခွင့်မှတ်ပုံတင်ရန် ဦးစီး ဌာနရငွေစာရင်းသို့ မှတ်ပုံတင်ကြေး ဦးပိုင်လုပ်ကွက်(၁)ခုလျှင်(၅၀၀)ကျပ်နှုန်း ပေး သွင်းစေ၍ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူများမှတ်ပုံတင်စာရင်းပုံစံ(၅)တွင်မှတ်တမ်း တင်ပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြသွားမည်ဖြစ်ပါသည်။ |
၁၃။ | ငြင်းပယ်ခြင်းခံရသူကို လယ်ယာမြေလုပ်ပိုင်ခွင့်ငြင်းပယ်ခံရသူများမှတ်ပုံတင်စာရင်း (ပုံစံ-၆)တွင်မှတ်တမ်းတင်ပြီး မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြသွားမည် ဖြစ်ပါသည်။ |
၁၄။ | မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ၏ အကြောင်း ကြားချက်နှင့်အညီ လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိသူအား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)ထုတ်ပေးသွားမည်ဖြစ်ပါသည်။ |
၁၅။ | လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိရန်ငြင်းပယ်ခြင်းခံရသူထံ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိရန် လျှောက်ထားချက်ကို ငြင်းပယ်ကြောင်း အကြောင်းကြားစာ (ပုံစံ-၈)ပေးပို့သွားမည် ဖြစ်ပါသည်။ |
Form Download: |
လျှောက်လွှာဖောင် Download ရယူပါ။ |
ဦးစီးဌာန: လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန
လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရှိ အခြားသော Topics များ