- Types: Topics
- Categories: စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း
- agencies: လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်း
မြေစာရင်းပုံစံ(၁၀၅)(၁၀၆) ရေးကူးခွင့် လျှောက်ထားခြင်း
(မန္တလေး(၅)မြို့နယ်နှင့် အမရပူရမြို့မြေများ မပါဝင်ပါ)
မြေစာရင်းပုံစံ(၁၀၅)(၁၀၆)ရေးကူးခွင့် လျှောက်ထားလိုလျှင် အောက်ဖော်ပြပါ အချက်အလက်များ လိုအပ်ကြောင်း အသိပေး ကြေညာအပ်ပါသည်-
၁။ | လျှောက်ထားလိုသူသည် မြေစာရင်းပုံစံ-၁၀၃ ဖြင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေး နှင့်စာရင်းအင်းဦးစီးဌာနမှူးထံလျှောက်ထားရမည်။ |
၂။ | မြေစာရင်းပုံစံ-၁၀၃၏ အပိုင်း(၁) မြေစာရင်း၊မြေပုံနှင့်မှတ်တမ်းများ မိတ္တူရေးကူးခွင့် လျှောက်ထားခြင်းကို လျှောက်ထားသူကိုယ်တိုင် ရေးသွင်းဖော်ပြ၍ လက်မှတ်ရေးထိုး ရပါမည်။ |
၃။ | ရေးကူးလိုသည့်မြေကွက်အကြောင်းအရာအချက်အလက်များကို သက်ဆိုင်ရာစာရင်း၊ မြေပုံဖြင့်တိုက်ဆိုင်၍ မှန်ကန်စွာရေးသွင်းဖော်ပြရပါမည်။ |
၄။ | လျှောက်ထားသူမှ ရေးကူးလိုသည့်အကြောင်းအရာ (ဥပမာ- စာချုပ်စာတမ်းမှတ်ပုံ တင်ပြုလုပ်ရန်/တရားရုံးသက်သေခံတင်ပြရန် စသည်ဖြင့်)ဖော်ပြရပါမည်။ |
၅။ | လျှောက်လွှာတွင် ပိုင်ဆိုင်သူ(သို့မဟုတ်) သက်ဆိုင်သူ ကိုယ်တိုင်လျှောက်ထားလျင် ပိုင်ဆိုင်ကြောင်း (သို့မဟုတ်) တနည်းနည်းဖြင့်သက်ဆိုင်ကြောင်းအထောက်အထားကိုလည်းကောင်း၊ ကိုယ်စားလှယ်ကလျှောက်ထားလျှင် တရားဝင်ကိုယ်စားလှယ်လွွှဲ စာကိုလည်းကောင်း ပူးတွဲတင်ပြရပါမည်။ |
၆။ | မြေစာရင်းပုံစံ (၁၀၅) (၁၀၆) ရေးကူးခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် လယ်ယာမြေစီမံခန့် ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ (၆.၃.၂၀၁၇) ရက်စွဲပါစာအမှတ်၊ ၁၈၆၃ / မပ (စီမံ) - ၁၆ (၁၇) ညွှန်ကြားချက်အရ “ လျှောက်ထားသူမှ မြေစာရင်းပုံစံ (၁၀၃) ဖြင့် စတင်လျှောက် ထားသည့်နေ့မှစ၍ အငြင်းပွားမှုမရှိသည့် သာမန်ကိစ္စရပ်များတွင် ကွင်းဆင်းစိစစ်ခြင်း၊ မြေပုံမြေရာဇ၀င်များနှင့် တိုက်ဆိုင်စိစစ်ပြီး မြေပုံရေးကူးခြင်းကိစ္စရပ်အပါအ၀င် လုပ်ငန်း များဆောင်ရွက်ရန်အတွက် လျှောက်လွှာစတင်လက်ခံရရှိသည့်နေ့စမှ၍ မြေပုံမြေရာဇ၀င် များ ပြန်လည်ထုတ်ပေးသည့် နေ့အထိအပါအ၀င် အနည်းဆုံး (၁၅) ရက်အတွင်း ပြီးစီးအောင်” ဆောင်ရွက်ပေးလျက်ရှိပါသည်။ |
Form Download: |
လျှောက်လွှာဖောင် Download ရယူပါ။ |
ဦးစီးဌာန: လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန
လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရှိ အခြားသော Topics များ