Types: Topics
Categories: စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း
agencies: လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်း

မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများလုပ်ပိုင်ခွင့်နှင့်အသုံးပြုခွင့်လျှောက်ထားခြင်း (ဗဟိုကော်မတီ)

လျှောက်ထားခွင့်ရှိသူများ

(၁) မြန်မာနိုင်ငံသားရင်းနှီးမြှပ်နှံသူများ
(၂) အစိုးရဌာန၊အစိုးရအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ
(၃) ၁၉၈၇ခုနှစ်၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေ ပုဒ်မ ၁၄ အရ သက်ဆိုင်ရာဝန်ကြီးဌာနက ကင်းလွတ်ခွင့်ပြုထားသူများဖြစ်သည့် နိုင်ငံတော်နှင့် သံတမန် အဆက်အသွယ်ရှိသော နိုင်ငံခြားသံတမန်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အခြားမည်သည့်အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်
(၄) အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတစ်ရပ်ရပ်နှင့် အကျိုးတူကိစ္စရပ်များအတွက် ဆောင် ရွက်မည့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဥပဒေအရ ခွင့်ပြုထားသော ရင်းနှီးမြှပ်နှံသူများ
(၅) မြန်မာနိုင်ငံသားရင်းနှီးမြှပ်နှံသူများနှင့်အကျိုးတူကိစ္စရပ်များအတွက်ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဥပဒေအရ ခွင့်ပြုထားသော ရင်းနှီးမြှပ်နှံသူများ
(၆) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားခြင်းနှင့် ပတ်သက်၍ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၈ ခုနှစ်) တွင် အောက်ပါအတိုင်း ပြဌာန်းထားရှိပါသည်။

(က) ပုဒ်မ - ၁၀၊ ပုဒ်မခွဲ (က) အရ စိုက်ပျိုးရေးလုပ်ငန်းများအတွက် ဧက (၃၀၀) ထက်ပိုသော မြေဧရိယာ၊ မွေးမြူရေးလုပ်ငန်းအတွက် ဧက (၅၀) ထက်ပိုသော မြေဧရိယာ၊ ဓါတ်သတ္တု ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အစိုးရကခွင့်ပြုထားသော ဥပဒေနှင့် ညီညွတ်သည့် အခြား လုပ်ငန်းများကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ သို့ လျှောက်ထားရမည်ဖြစ်ပါသည်။

(ခ) ပုဒ်မ - ၁၀ (က) အရ စိုက်ပျိုးရေးလုပ်ငန်းအတွက် ဧက (၃၀၀) အထိ မြေဧရိယာနှင့် မွေးမြူရေးလုပ်ငန်းအတွက် ဧက (၅၀) အထိ မြေဧရိယာများကို သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ သို့ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိရေးအတွက် လျှောက်ထားရမည် ဖြစ်ပါသည်။

(၇) ထိုသို့လျှောက်ထားရာတွင် နည်းဥပဒေ (၂၀၁၂ ခုနှစ်) အပိုဒ် - ၄ အရ အောက်ဖော်ပြပါပုံစံများကို အသုံးပြု၍ လျှောက်ထားရမည်ဖြစ်ပါသည်-
(က) ရာသီသီးနှံ၊ စက်မှုကုန်ကြမ်းရာသီသီးနှံ၊ နှစ်ရှည်ပင်ဥယျာဉ်ခြံသီးနှံစိုက်ပျိုးမှုအတွက် လုပ်ပိုင်ခွင့်လျှောက်လွှာ ( ပုံစံ - ၁ )
(ခ) မွေးမြူရေးလုပ်ငန်းအတွက် အသုံးပြုခွင့်လျှောက်လွှာ( ပုံစံ - ၂ )
(ဂ) ဓါတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းအတွက် အသုံးပြုခွင့်လျှောက်လွှာ( ပုံစံ - ၃ )
(ဃ) အစိုးရကခွင့်ပြုထားသော ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းအတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်လွှာ ( ပုံစံ - ၄)
 (၈) ထိုသို့လျှောက်ထားရာတွင် လျှောက်လွှာပုံစံများကို အောက်ပါဦးစီးဌာနရုံးများတွင် ထုတ်ယူ နိုင်ပါသည်။
(က) လုပ်ကွက်ငယ်တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းအတွက် ဧက (၃၀၀) အထိ မြေဧရိယာကို လျှောက်ထားရန် လျှောက်လွှာပုံစံ- ၁နှင့် မွေးမြူရေးလုပ်ငန်းအတွက် ဧက (၅၀) အထိ မြေဧရိယာကို လျှောက်ထားရန် လျှောက်လွှာပုံစံ-၂ကို မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနရုံး များတွင် ရယူနိုင်ပါသည်။
(ခ) စိုက်ပျိုးရေးလုပ်ငန်းအတွက် ဧက (၃၀၀) ထက်ပိုသော မြေဧရိယာကို လျှောက်ထားရန်  လျှောက်လွှာပုံစံ-၁ နှင့် မွေးမြူရေးလုပ်ငန်းအတွက် ဧက (၅၀) ထက်ပိုသော မြေဧရိယာ ကို လျှောက်ထားရန် လျှောက်လွှာပုံစံ -၂ ကို ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦစီးဌာနရုံးများ တွင် ရယူနိုင်ပါသည်။

 

အသုံးပြုလိုသည့်နည်းလမ်းအလိုက် အသုံးပြုရမည့်လျှောက်လွှာပုံစံများ

(၁) ရာသီသီးနှံ၊စက်မှုကုန်ကြမ်းရာသီသီးနှံ၊ နှစ်ရှည်ပင်၊ ဥယျာဉ်ခြံသီးနှံစိုက်ပျိုးမှုအတွက် လုပ်ပိုင်ခွင့်လျှောက်လွှာ (ပုံစံ-၁) (ဗဟိုကော်မတီနှင့်တိုင်းဒေသကြီးလုပ်ငန်းအဖွဲ့)
(၂) မွေးမြူရေးလုပ်ငန်းအတွက်အသုံးပြုခွင့်လျှောက်လွှာ (ပုံစံ-၂)
(၃) ဓါတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းအတွက်လျှောက်လွွှာ(ပုံစံ-၃)
(၄) အစိုးရကခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများအတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်လွှာ (ပုံစံ-၄)

 

ထိုသို့လျှောက်ထားရာတွင် နည်းဥပဒေ (၂၀၁၂ ခုနှစ်) အပိုဒ် - ၅ အရ လျှောက်လွှာနှင့် အတူ သက်ဆိုင်ရာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ထုတ်ပေးသော အောက်ပါ မြေပုံတစ်မျိုးမျိုးကို ပူးတွဲတင်ပြရမည်ဖြစ်ပါသည်။

(၁) ကွင်းမြေပုံရှိသောဒေသဖြစ်လျှင် တည်ဆဲနှစ်အတွက်အသုံးပြုလျှက်ရှိသော ၁၆လက်မ = ၁ မိုင်စကေး ကွင်းမြေပုံမှ ရေးဆွဲသည့်မြေပုံနှစ်ပုံ
(၂) ကွင်းမြေပုံမရှိသေးသည့်ဒေသဖြစ်လျှင် တစ်လက်မ=တစ်မိုင်စကေး သို့မဟုတ် ၁:၅၀၀၀၀ စကေးဖြင့် ရေးဆွဲထားသည့် ယာယီမြေပုံကြမ်း နှစ်ပုံ

 

ကျေးလက်ဒေသတောင်သူလယ်သမားများနှင့် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင် လိုသူများက ဧက(၅၀)ထက်မပိုသောမြေလွတ်မြေလပ်နှင့်မြေရိုင်းများကို တိုင်းဒေသကြီး လုပ်ငန်းအဖွဲ့သို့လျှောက်ထားနိုင်ပြီး တိုင်းဒေသကြီးလုပ်ငန်းအဖွဲ့မှ တစ်ကြိမ်လျှင် (၁၀)ဧကထက်မပိုစေဘဲ စုစုပေါင်း ဧက(၅၀)ထိ အကြိမ်ကြိမ်ခွင့်ပြုပေးလျှက်ရှိပါသည်။

 

Form Download:

ရာသီသီးနှံ၊စက်မှုကုန်ကြမ်းရာသီသီးနှံ၊ နှစ်ရှည်ပင်၊ ဥယျာဉ်ခြံသီးနှံစိုက်ပျိုးမှုအတွက် လုပ်ပိုင်ခွင့်လျှောက်လွှာ

မွေးမြူရေးလုပ်ငန်းအတွက်အသုံးပြုခွင့်လျှောက်လွှာ

ဓါတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းအတွက်လျှောက်လွွှာ

အစိုးရကခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများအတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်လွှာ

 ဦးစီးဌာန: လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန