- Types: Topics
- Categories: စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း
- agencies: လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်း
စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းလုပ်ငန်း
တင်သွင်းလာသောစာချုပ်တွင်ပြည့်စုံရမည့်အချက်များ
၁။ | စာချုပ်အမျိုးအစားအရသော်လည်းကောင်း၊ စာချုပ်တွင်ဖော်ပြထားသည့် တန်ဘိုး အရသော်လည်းကောင်း၊စာချုပ်အမျိုးအစားအလိုက် သတ်မှတ်ထားသည့်(သို့မဟုတ်) စာချုပ်တန်ဘိုးနှင့်ညီမျှသော ထိုက်သင့်သည့်လုံလောက်သောတံဆိပ်ခွန်ထမ်းဆောင်ပြီး (တံဆိပ် ခေါင်းကပ်ပြီး) ဖြစ်ရပါမည်။ |
၂။ | ချုပ်ဆိုသူများ၏လက်မှတ်၊ သက်သေများ၏လက်မှတ်၊ ပြည့်စုံစွာရေးထိုးထားပြီးဖြစ် ရပါမည်။ |
၃။ | မရွှေ့မပြောင်းနိုင်သောပစ္စည်းအတွက်ချုပ်ဆိုခြင်းဖြစ်ပါက ယင်းပစ္စည်းတည်နေရာ၊ ပစ္စည်းအမျိုးအမည်၊ အတိုင်းအတာ အကျယ် အဝန်း၊ တိကျပြည့်စုံစွာဖော်ပြထားရပါ မည်။ လိုအပ်ပါက သက်သေခံမြေပုံ(မြေစာရင်းပုံစံ-၁၀၅)ပူးတွဲတင်ပြရမည်။ |
၄။ | စာချုပ်ပါစာသာများ၏အကြားတွင်လည်းကောင်း၊ စာကြောင်းများ၏အကြားတွင် လည်းကောင်း၊ ချုပ်ဆိုသူတို့မှ ဖြည့်စွက်ချက်များ၊ ပြင်ဆင်ချက်များ၊ ရေးသွင်းချက် များ၊ ဖျက်ရာများ၊ ကွက်လပ်များ ဆောင်ရွက်ထားရှိခဲ့ပါက ယင်းကိစ္စများအတွက် ချုပ်ဆိုသူများ ကိုယ်တိုင် ယင်းပြင်ဆင်ချက်များဘေးတွင်လက်မှတ်ထိုး၍ သက်သေခံ ထားရှိရပါမည်။ |
၅။ | စာချုပ်ပါစာသားများသည် မှတ်ပုံတင်အရာရှိ နားမလည်သော ဘာသာစကားဖြစ်ပါ က ဘာသာပြန်ဆိုထားချက် ပူးတွဲပါရှိရပါမည်။ |
၆။ | နိုင်ငံခြားတွင် ချုပ်ဆို၍ ပေးပို့သောစာချုပ်ဖြစ်ပါက သက်ဆိုင်ရာနိုင်ငံရှိ Notary Public ရှေ့တွင် ချုပ်ဆိုမှုမှန်ကန်ကြောင်း Notary Public ၏သက်သေခံလက်မှတ်၊ တံဆိပ်နှင့် မြန်မာသံရုံးအရာရှိ (သို့မဟုတ်)ကောင်စစ်ဝန်၏ ထောက်ခံချက်၊ သံရုံး တံဆိပ်တို့ပါရှိရမည်ဖြစ်ပြီး နိုင်ငံတော်အတွင်းရောက်ပြီးနောက် ယင်းစာချုပ်အမျိုး အစားနှင့် ထိုက်တန်သော မြန်မာနိုင်ငံတံဆိပ်ခေါင်း ထပ်မံကပ်နှိပ်ထားပြီးဖြစ်ရပါ မည်။ |
၇။ | အရွှေ့မပြောင်းနိုင်သည့် ပစ္စည်းများအား ရောင်း၀ယ်ခြင်း၊ ပေးကမ်းခြင်း၊ စွန့်လွှတ်ခြင်း၊ လဲလှယ်ခြင်း၊ အမွေဆက်ခံခြင်း အစရှိသည့် စာချုပ်စာတမ်းများ၊ ကိုယ်စားလှယ် လွှဲစာ မြွက်ဟကြေညာချက်များ၊ တရားရုံးအမိန့်ဒီဂရီများ၊ ကျမ်းကျိန်ဆိုချက်များအား အစရှိသည့် စာရွက်စာတမ်းများ မှတ်ပုံတင်ခြင်းလုပ်ငန်းအား ၀န်ဆောင်မှုပေးလျက်ရှိပါသည်။ |
၈။ | ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သည့် Ease of Doing Business အစီရင်ခံစာတွင် ပိုင်ဆိုင်မှု မှတ်ပုံ တင်ခြင်း (Registering Property) အညွှန်းကိန်းတွင် အဆင့်မြှင့်တင်နိုင်ရေးအတွက် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ (၂၈.၇.၂၀၁၄) ရက်စွဲပါစာအမှတ်၊ ၆၂၈၄ / ၄ န - ၃ (၂၀၁၄) ဖြင့် ညွှန်ကြားချက်အရ “ လုပ်ငန်းကြာမြင့်ချိန် လျှော့ချရာတွင် အငြင်းပွားမှုမရှိ သည့် သာမန်ကိစ္စရပ်များအား မှတ်ပုံတင်သွင်းခြင်း (မှတ်ပုံတင်ခပေးသွင်းပြီး)၊ ရေးကူး ခြင်း နှင့် စာချုပ်ပြန်လည်ထုတ်ပေးသည်အထိ ရက်ပေါင်း (၂၁) ရက်အတွင်း ဆောင်ရွက်ပေး နိုင်ခဲ့ပါသည်။ |
၉။ | ထို့အတူ “ ကိုယ်စားလှယ်လွှဲစာများ မှတ်ပုံတင်ခြင်းကို (၃) ရက်အတွင်း အပြီးသတ် မှတ်ပုံတင်နိုင်ရေး” ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၂၀၁၈ ခုနှစ်၊ စာချုပ်စာတမ်းမှတ်ပုံတင် ဥပဒေအာဏာမတည်မီ (၂၉.၆.၂၀၁၈) ရက်နေ့မှစ၍ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာန (ရုံးချုပ်) မှ စာအမှတ်၊ ၇၇၃၀/ ၄ န - ၃ (၂၀၁၈) ဖြင့် Digital Deeds Management System (DDMS) စနစ်အား စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်း လုပ်ငန်း တွင် အသုံးပြုဆောင်ရွက်ရန် နည်းလမ်းညွှန်ကြားပြီးနောက် ယခင်လက်ရေးဖြင့် ရေးကူး ရသည့် စနစ်ထက် ပိုမိုမြန်ဆန်သော စနစ်သို့ ကူးပြောင်းအကောင်အထည်ဖော်နိုင်ခဲ့ပြီး ယခု အခါမည်သည့်စာချုပ်စာတမ်းကို မဆို (အငြင်းပွားမှုမရှိသည့် သာမန်ကိစ္စရပ်များ) (၁၀) ရက် အတွင်း အပြီးသတ်မှတ်ပုံတင်ခြင်းလုပ်ငန်းအား တိုးမြှင့်ဆောင်ရွက်နိုင်ပြီ” ဖြစ်ပါသည်။ |
Form Download: |
လျှောက်လွှာဖောင် Download ရယူပါ။ |
ဦးစီးဌာန: လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန
လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရှိ အခြားသော Topics များ