- Types: Topics
- Categories: စက်မှု့
- agencies: စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဌာန
မှတ်ပုံတင်ပြီးသည့် လုပ်ငန်းများတွင် အပြောင်းအလဲများပြုလုပ်လိုခြင်း
လုပ်ငန်းရှင်သည် မိမိ၏လုပ်ငန်းနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါ ပြောင်းလဲခြင်း များပြုလုပ်လိုပါက သက်ဆိုင်ရာ ခရိုင်/တိုင်းဒေသကြီးဦးစီးဌာနရုံးသို့ လျှောက်လွှာရေးသား၍ လျှောက်ထားရပါမည် -
(၁) | လုပ်ငန်းတည်နေရာ ပြောင်းရွှေ့ခြင်း |
(၂) | လုပ်ငန်းအမျိုးအမည် ပြောင်းလဲခြင်း |
(၃) | လုပ်ငန်းအချင်းချင်း ပေါင်းစပ်ခြင်း/ လုပ်ငန်းခွဲခြမ်းစိတ်ဖြာခြင်း/ လုပ်ငန်းအရွယ်အစားပြောင်းလဲခြင်း/ စက်ပစ္စည်းတိုးချဲ့ခြင်း |
(၄) | ပိုင်ဆိုင်မှုလွှဲပြောင်းခြင်း (လုပ်ငန်းရှင်သေဆုံး/ အမွေဆက်ခံ/ လွှဲပြောင်း/ ရောင်းချ/ ပိုင်ဆိုင်မှု ပုံသဏ္ဍာန်) |
(၅) | လုပ်ငန်းအမည် ပြောင်းလဲခြင်း |
ပြောင်းလဲခြင်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် အချက်အလက်များ
စဉ် | ပြောင်းလဲမှု အမျိုးအစားများ | တင်ပြရမည့် အထောက်အထားများ | ဆောင်ရွက်မှု အခကြေးငွေနှုန်း |
(၁) | လုပ်ငန်းတည်နေရာပြောင်းရွှေ့ခြင်း | သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်/ ကောင်စီနယ်မြေ အတွင်းရှိ စည်ပင် သာယာရေး ကော်မတီ၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီး ဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ မြန်မာ့လျှပ်စစ်ဓာတ်အား လုပ်ငန်းနှင့် လူမှုဖူလုံရေးအဖွဲ့တို့၏သဘောထားမှတ်ချက်၊ ပုဂ္ဂလိကစက်မှုမှတ်ပုံတင် လက်မှတ် |
မှတ်ပုံတင်ကြေး၏ (၅၀%) |
(၂) | လုပ်ငန်းအမျိုးအမည်ပြောင်းလဲခြင်း |
ပုဂ္ဂလိက စက်မှုမှတ်ပုံတင်လက်မှတ် လုပ်ငန်းရှင်၏ ပတ်စပို့ဓာတ်ပုံ (၃)ပုံ သက်ဆိုင်ရာ လုပ်ငန်းအလိုက် ရယူထား သည့်လိုင်စင် အထောက်ထားများ |
မှတ်ပုံတင်ကြေး အတိုင်း |
(၃) | လုပ်ငန်းအချင်းချင်းပေါင်းစပ်ခြင်း/ခွဲခြမ်းစိတ်ဖြာခြင်း/လုပ်ငန်း အရွယ်အစားလဲခြင်း/ စက်ပစ္စည်းတိုးချဲ့ခြင်း |
ပုဂ္ဂလိက စက်မှုမှတ်ပုံတင်လက်မှတ် လုပ်ငန်းရှင်၏ ပတ်စပို့ဓာတ်ပုံ (၃)ပုံ လုပ်ငန်းရှင်ကတင်ပြလိုသည့်အထောက် အထားများ (ရှိလျှင်) သက်ဆိုင်ရာ လုပ်ငန်းအလိုက် ရယူထား သည့်လိုင်စင် အထောက်အထားများ |
မှတ်ပုံတင်ကြေး အတိုင်း |
(၄) | ပိုင်ဆိုင်မှုလွှဲပြောင်းခြင်း (လုပ်ငန်းရှင်သေဆုံး/အမွေဆက်ခံ/လွှဲပြောင်း/ရောင်းချ/ ပိုင်ဆိုင်မှု ပုံသဏ္ဍာန်) |
ပုဂ္ဂလိက စက်မှုမှတ်ပုံတင်လက်မှတ် ပြောင်းလဲလုပ်ကိုင်မည့် လုပ်ငန်းရှင်၏ ပါတ်စပို့ဓာတ်ပုံ (၃) ပုံ ငွေသွင်းချလံ မူရင်း ပိုင်ဆိုင်မှုလွှဲပြောင်းရန် ပေါ်ပေါက်သည့် အကြောင်းရင်းနှင့် စပ်ဆိုင်သောအထောက် အထားများ သက်ဆိုင်ရာလုပ်ငန်းအလိုက် ရယူထား သည့်လိုင်စင် အထောက်အထားများ |
မှတ်ပုံတင်ကြေး အတိုင်း |
(၅) | လုပ်ငန်းအမည် ပြောင်းလဲခြင်း |
ပုဂ္ဂလိက စက်မှုမှတ်ပုံတင်လက်မှတ် လုပ်ငန်းရှင်၏ ပါတ်စပို့ဓာတ်ပုံ (၃) ပုံ သက်ဆိုင်ရာလုပ်ငန်းအလိုက် ရယူထား သည့်လိုင်စင် အထောက်အထားများ |
မှတ်ပုံတင်ကြေး အတိုင်း |
ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်ပါက တိုင်းဒေသကြီး ပုဂ္ဂလိကစက်မှု လုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ ထောက်ခံချက်ဖြင့် ရုံးချုပ်သို့တင်ပြပြီး ရုံးချုပ်၏ ခွင့်ပြုချက်ဖြင့် ညွှန်ကြားရေးမှူးချုပ်မှ လက်မှတ်ရေးထိုး၍ ခွင့်ပြုမိန့်ထုတ်ပေးပါသည်။
Form Download: |
ပုဂ္ဂလိကစက်မှုလုပ်ငန်းနေရာပြောင်းလဲခြင်းဆောင်ရွက်ရန် |
ဦးစီးဌာန: စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဌာန
စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဌာနရှိ အခြားသော Topics များ
-
စက်မှုမှတ်ပုံတင်လက်မှတ် ပျက်စီး/ပျောက်ဆုံးခြင်း
- 1609 hit(s)
-
လုပ်ငန်းသစ်မှတ်ပုံတင်ခြင်း
- 4628 hit(s)