- Types: Topics
- Categories: စက်မှု့
- agencies: စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဌာန
စက်မှုမှတ်ပုံတင်လက်မှတ် ပျက်စီး/ပျောက်ဆုံးခြင်း
စက်မှုမှတ်ပုံတင်လက်မှတ် ပျက်စီးလျှင် လုပ်ငန်းရှင်သည် အောက်ပါအချက် အလက်များဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး ဦးစီးဌာနမှူးများထံသို့ ကဒ်မိတ္တူပြန်လည် လျှောက်ထားရပါသည် ။
(၁) | ပျက်စီးခြင်း အကြောင်းအရာပါရှိသော လျှောက်လွှာ |
(၂) | ပျက်စီးသည့် စက်မှုမှတ်ပုံတင်လက်မှတ် မူရင်း |
(၃) | လိုင်စင်ဓာတ်ပုံ (၁) ပုံ |
(၄) | ဆောင်ရွက်ခအဖြစ် မှတ်ပုံတင်ကြေး နှုန်းထားအတိုင်း ပေးဆောင်သည့် ငွေသွင်းချလံ |
သက်ဆိုင်ရာ တိုင်းဒေသကြီးဦးစီးဌာနရုံးမှ အထက်ပါ လျှောက်ထားချက်များအား စိစစ်၍မှန်ကန်ပါက မှတ်ပုံတင်လက်မှတ်မိတ္တူကို ထုတ်ပေးပါသည်။
စက်မှုမှတ်ပုံတင်လက်မှတ် ပျောက်ဆုံးလျှင် လုပ်ငန်းရှင်သည် အောက်ပါအချက် အလက်များဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး ဦးစီးဌာနမှူးထံသို့ ကဒ်မိတ္တူပြန်လည် လျှောက်ထားရပါသည် ။
(၁) | ပျောက်ဆုံးခြင်း အကြောင်းအရာပါရှိသော လျှောက်လွှာ |
(၂) | ပျောက်ဆုံးကြောင်း ရဲစခန်းထောက်ခံချက် |
(၃) | လိုင်စင်ဓာတ်ပုံ (၁) ပုံ |
(၄) | ဒဏ်ကြေးအဖြစ် မှတ်ပုံတင်ကြေး နှုန်းထားအတိုင်း ပေးဆောင်သည့် ငွေသွင်းချလံ |
သက်ဆိုင်ရာ တိုင်းဒေသကြီးဦးစီးဌာနရုံးမှ အထက်ပါ လျှောက်ထားချက်များအား စိစစ်၍မှန်ကန်ပါက မှတ်ပုံတင်လက်မှတ်မိတ္တူကို ထုတ်ပေးပါသည်။
Form Download: |
စက်မှုမှတ်ပုံတင်လက်မှတ် ပျက်စီး/ပျောက်ဆုံးခြင်း |
ဦးစီးဌာန: စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန
စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဌာနရှိ အခြားသော Topics များ
-
စက်မှုမှတ်ပုံတင်လက်မှတ် ပျက်စီး/ပျောက်ဆုံးခြင်း
- 1609 hit(s)
-
လုပ်ငန်းသစ်မှတ်ပုံတင်ခြင်း
- 4627 hit(s)