- Types: Topics
- Categories: စက်မှု့
- agencies: စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဌာန
စက်မှုမှတ်ပုံတင် သက်တမ်းတိုးမြှင့်ခြင်း/ပယ်ဖျက်ခြင်း
ပုဂ္ဂလိကစက်မှုလုပ်ငန်း မှတ်ပုံတင် သက်တမ်းတိုးမြှင့်ခြင်း ဆောင်ရွက်မှု လုပ်ငန်း စဉ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(၁) | လုပ်ငန်းရှင်သည် မှတ်ပုံတင်စက်မှုလုပ်ငန်းအား သက်တမ်းတိုးမြှင့်ရန် နှစ်စဉ် မှတ်ပုံတင်သက်တမ်း မကုန်ဆုံးမီရက်ပေါင်း (၃၀) အတွင်း ကြိုတင်၍ တိုင်းဒေသကြီးဦးစီးဌာနမှူးထံ ပုံစံ (င) ဖြင့် လျှောက်ထားရပါမည်။ |
(၂) | ဖော်ပြပါစက်မှုလုပ်ငန်းသည် သတ်မှတ်ချက်များနှင့်ညီညွတ်ပြီး သက်တမ်း တိုးမြှင့်ကြေး ပေးသွင်းပြီး ကြောင်းအထောက်အထား (ငွေသွင်းချလံ) တင်ပြလျှင် တိုင်းဒေသကြီးဦးစီးဌာနမှူးသည် မှတ်ပုံတင် သက်တမ်းတိုးမြှင့်ပေးပါသည်။ |
(၃) | နှစ်စဉ် မှတ်ပုံတင်သက်တမ်းကုန်ဆုံးပြီးနောက် ရက်ပေါင်း (၆၀) အတွင်း သက်တမ်းတိုး လျှောက်ထားပါက သက်တမ်းတိုးကြေးအပြင် သက်တမ်းတိုးကြေး၏ (၅၀%) ကို ဒဏ်ကြေးပေးဆောင် ရပါသည်။ |
(၄) | နှစ်စဉ် မှတ်ပုံတင်သက်တမ်းကုန်ဆုံးပြီးနောက် ရက်ပေါင်း (၆၀) ကျော်လွန် သည်အထိ သက်တမ်းတိုး လျှောက်ထားခြင်းမရှိပါက စက်မှုမှတ်ပုံတင် စာရင်းမှ ပယ်ဖျက်ပါသည်။ |
သီးခြားကန့်သတ်လုပ်ငန်းများ သက်တမ်းတိုးမြှင့်ခြင်း
သီးခြားကန့်သတ်လုပ်ငန်းများသက်တမ်းတိုးမြှင့်ခြင်းအတွက်ပုံမှန်သက်တမ်းတိုး လုပ်ငန်းစဉ်များအပြင် အောက်ပါအထောက်အထားများ ထပ်မံလိုအပ်ပါသည် -
(၁) | အရက်ချက်လုပ်ငန်း သက်တမ်းတိုးရန်လိုအပ်သည့် အထောက်အထား |
(က) | စည်ပင်လိုင်စင်/ငွေသွင်းချလံ |
(ခ) | ယစ်မျိုးလိုင်စင် (D1) |
(ဂ) | ဓာတုဗေဒဝန်ရုံး၏ စစ်ဆေးချက် |
(ဃ) | ဓာတ်ပုံမှတ်တမ်းများ |
(င) | ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုမရှိစေရေး စီမံဆောင်ရွက်ချက် |
(စ) | အခွန်ကြွေးကျန်မရှိကြောင်း အခွန်ဦးစီးဌာန၏ ထောက်ခံချက် |
(၂) | ဝိုင်လုပ်ငန်း |
(က) | စည်ပင်လိုင်စင်/ငွေသွင်းချလံ |
(ခ) | ယစ်မျိုးပုံစံ (W-1)/ယစ်မျိုးခွန်ပေးသွင်းချလံ |
(ဂ) | မြို့နယ်ကျန်းမာရေး ထောက်ခံချက် |
(ဃ) | ကုန်အမှတ်တံဆိပ်စာချုပ်စာတမ်း |
(င) | ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး ဆောင်ရွက်မည့် လုပ်ငန်းရှင်၏ ဝန်ခံကတိ |
(စ) | ဓာတ်ပုံမှတ်တမ်း |
(ဆ) | အခွန်ကြွေးကျန်မရှိကြောင်း အခွန်ဦးစီးဌာန၏ ထောက်ခံချက် |
(၃) | စီးကရက်လုပ်ငန်း |
(က) | စည်ပင်လိုင်စင်/ငွေသွင်းချလံ |
(ခ) | ကုန်အမှတ်တံဆိပ် စာချုပ်စာတမ်း |
(ဂ) | ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး ဆောင်ရွက်မည့် လုပ်ငန်းရှင်၏ ဝန်ခံ ကတိ |
(ဃ) | ဓာတ်ပုံမှတ်တမ်း |
(င) | အခွန်ကြွေးကျန်မရှိကြောင်း အခွန်ဦးစီးဌာန၏ ထောက်ခံချက် |
(၄) | တိုင်းရင်းဆေးဝါးထုတ်လုပ်ငန်း |
(က) | စည်ပင်လိုင်စင်/ငွေသွင်းချလံ |
(ခ) | တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့်လိုင်စင်/ မှတ်ပုံတင်လက်မှတ် (သက်တမ်းကုန်ပါက သက်တမ်းတိုး လျှောက်ထားကြောင်းတင်ပြစာ) |
(ဂ) | ကုန်အမှတ်တံဆိပ် စာချုပ်စာတမ်း |
(ဃ) | အခွန်ကြွေးကျန်မရှိကြောင်း ဦးစီးဌာန၏ ထောက်ခံချက် |
(င) | ဓာတ်ပုံမှတ်တမ်း |
Form Download: |
စက်မှုမှတ်ပုံတင် သက်တမ်းတိုးမြှင့်ခြင်း/ပယ်ဖျက်ခြင်း |
ဦးစီးဌာန: စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဉီးစီးဌာန
စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဌာနရှိ အခြားသော Topics များ
-
စက်မှုမှတ်ပုံတင်လက်မှတ် ပျက်စီး/ပျောက်ဆုံးခြင်း
- 1609 hit(s)
-
လုပ်ငန်းသစ်မှတ်ပုံတင်ခြင်း
- 4628 hit(s)