i1cover

စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဌာန

 

Category: စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန

 

 ပုဂ္ဂလိက စက်မှုလုပ်ငန်းများအား မှတ်ပုံတင်ခြင်းဆောင်ရွက်ရာတွင် အောက်ပါလုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ပါသည် -

(၁) လုပ်ငန်းရှင်မှ ပုဂ္ဂလိကစက်မှုလုပ်ငန်းမှတ်ပုံတင်ရန် တင်ပြလျှောက်ထားသည့်အခါ စက်မှုမှတ်ပုံတင် လျှောက်လွှာ ပုံစံ (က) (၃) စောင်ကို ထုတ်ပေး ရောင်းချပါသည်။၊
(၂) လျှောက်လွှာတွင် ဖော်ပြချက်များ မှန်ကန်မှု ရှိ/မရှိ၊ တည်ဆဲဥပဒေအရ ညီညွတ်မှု ရှိ/မရှိကို ရုံးမှ ပုံစံ (ခ) ဖြင့် ကွင်းဆင်းစစ်ဆေးပါသည်။
(၃) ကွင်းဆင်းစိစစ်ပြီးပါက အဆိုပါလုပ်ငန်းအား မှတ်ပုံတင်ရန် ထောက်ခံခြင်း/ ငြင်းပယ်ခြင်းပြုသည့် သဘောထားမှတ်ချက်ကို တိုင်းဒေသကြီး/ပြည်နယ်/ကောင်စီ နယ်မြေဦးစီးဌာနရုံးမှ ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြပါသည်။
(၄) စက်မှုကြီးကြပ်ရေးအဖွဲ့၏ သဘောထားမှတ်ချက်အပေါ်စိစစ်၍ ညွှန်ကြားရေးမှူးချုပ် သည် မှတ်ပုံတင်ခွင့်ပြုခြင်း/ မှတ်ပုံတင်ခွင့်အား ငြင်းဆိုခြင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်/ ကောင်စီနယ်မြေ ဦးစီးဌာနများသို့ အကြောင်းကြားပါ သည်။
(၅) အကြီးစား လုပ်ငန်းများအား ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်ပါက ပုဂ္ဂလိကစက်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ် ပုံစံ (ဂ)အား ညွှန်ကြားရေးမှူးချုပ်မှ လက်မှတ်ရေးထိုး၍ ခွင့်ပြုမိန့်ထုတ်ပေးပါသည်။
(၆) အလတ်စားနှင့် အငယ်စားလုပ်ငန်းများအား ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်ပြီး ရုံးချုပ်မှခွင့်ပြုချက်ရရှိပါက ပုဂ္ဂလိကစက်မှုလုပ်ငန်း မှတ်ပုံတင် လက်မှတ်ပုံစံ(ဂ)အားညွှန်ကြားရေးမှူးချုပ်ကိုယ်စားတိုင်းဒေသကြီးဦးစီးဌာနမှူးမှ လက်မှတ်ရေးထိုး၍ ထုတ်ပေးပါသည်။
(၇) စက်မှုလုပ်ငန်းရှင်မှ မှတ်ပုံတင်ကြေး ပေးဆောင်ပြီးကြောင်း အထောက်အထား တင်ပြသည့်အခါ တိုင်းဒေသကြီး/ ပြည်နယ်/ ကောင်စီနယ်မြေဦးစီးဌာနရုံးက မှတ်ပုံတင်လက်မှတ်ကို ထုတ်ပေးပါသည်။
(၈) စက်မှုလုပ်ငန်းရှင်သည် မှတ်ပုံတင်ကြေးကို တိုင်းဒေသကြီး/ ပြည်နယ်/ ကောင်စီ နယ်မြေဦးစီးဌာနရုံးထံမှ မှတ်ပုံတင်ခွင့်ပြုကြောင်း အကြောင်းကြားစာရရှိပြီးပါက ရက်ပေါင်း(၆၀)အတွင်း မြန်မာ့စီးပွားရေးဘဏ်သို့ သတ်မှတ် မှတ်ပုံတင်ကြေး အတိုင်းပေးသွင်းရပါသည်။ နောက်ထပ် ရက်ပေါင်း (၃၀) အတွင်း ပေးဆောင်ပါက ယင်းမှတ်ပုံတင်ကြေးအပြင် မှတ်ပုံတင်ကြေး၏ ၅၀ % အား ဒဏ်ကြေးပေးဆောင် ရပါသည်။ ဆက်လက်၍ ပေးဆောင်ရန် ပျက်ကွက်ပါက မှတ်ပုံတင်ခွင့်ပြုခြင်း ပယ်ဖျက်ပါသည်။

 

     
  ရုံးလိပ်စာ အမှတ် (၂၉)၊ သီတာအေး (၉၀၂) ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်း၊ (ရတနာပူရပြတိုက်အနီး)၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
  ဆက်သွယ်ရန်ဖုန်းနံပါတ်

၀၂ ၃၉၁၃၃ (တိုင်းဒေသကြီးဦးစီးဌာနမှူး)

၀၂ ၆၃၁၁၉ (အုပ်ချုပ်ရေး/ဘဏ္ဍာရေးဌာန)

၀၂ ၃၉၅၇၃ (စက်မှုကြီးကြပ်/စစ်ဆေး၊ SME)

  အီးမေးလ်လိပ်စာ  This email address is being protected from spambots. You need JavaScript enabled to view it.
  website လိပ်စာ  www.disi.gov.mm

  

Eservices   Topics
   
News