Types: Topics
Categories: ပြည်ထဲရေး
agencies: အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

ကျောက်ထုတ်လုပ်ခွင့်လိုင်စင် လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ

လုပ်ငန်းလိုင်စင်လျှောက်ထားသူမှ သတ္တုတွင်းဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာန၏ သဘောထားရရှိပါက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ စတင် လျှောက်ထားရမည်။ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လျှောက်ထားရာတွင် အောက်ပါအချက်အလက်များ ပါရှိရမည်-

(၁) လျှောက်လွှာ ( လျှောက်လွှာပုံစံ နမူနာ ပူးတွဲ  )။
(၂) မြေစာရင်းပုံစံ(၁၀၅)၊(၁၀၆)(၂)စုံစီ (အခွန်တံဆိပ်ခေါင်း ပါရှိရမည်၊ လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာန၊ ခရိုင် / မြို့နယ် ထွေ/အုပ်တို့၏ တံဆိပ်ဝိုင်းများ၊ လက်မှတ်များ၊ ကိုယ်ပိုင်အမှတ်များ ပါရှိရမည် )။
(၃) သတ္တုတွင်းဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာန၏ သဘောထား။
(၄) သစ်တောဦးစီးဌာန၏သစ်တောကြိုးဝိုင်း ဧရိယာအတွင်း ကျရောက်မှု မရှိကြောင်းနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုမရှိကြောင်း ထောက်ခံချက် ။
(၅) ရွာမြေ၊ သာသနာမြေ၊ တောင်သူလုပ်ကွက်၊ လယ်မြေ၊ ယာမြေ၊ တောင်ယာစိုက်ပျိုးမြေများနှင့် လွတ်ကင်းမှုရှိ/မရှိ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၏သဘောထား ထောက်ခံချက် ။
(၆) လျှောက်ထားမြေအနီး ဘုရား၊ ဘုန်းကြီးကျောင်း စသည်တို့ ရှိပါက သာသနာမြေနှင့် လွတ်ကင်းကြောင်း ခရိုင်(သို့) မြို့နယ် သာသနာရေးဦးစီးဌာန၏ ထောက်ခံချက် ။
(၇) လျှောက်ထားမြေတွင် စိုက်ပျိုးသီးနှံထုတ်လုပ်မှု မရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ ထောက်ခံချက်။
(၈) တည်နေရာပြ မြေပုံ၊ ပတ်ဝန်းကျင်ပြ မြေပုံ ။
(၉) လျှောက်ထားသူ၏ထွက်ဆိုချက်။
(၁၀) လျှောက်ထားသူမှ လိုင်စင်ကြေးငွေအား အပြေအကျေ ပေးဆောင်ပါမည်ဖြစ်ကြောင်း ဝန်ခံ ကတိပြုချက် ။
(၁၁) ရပ်ကွက် / ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ထွက်ဆိုချက်(သို့မဟုတ်)ထောက်ခံချက်။
   

 

 Form Download:

Form (1)

Form (2)

 လမ်းခင်းရန်/အဆောက်အဦး အသုံးပြုရန်၊ ကျောက်တူးဖော်ထုတ်ယူခွင့် လိုင်စင် လျှောက်ထားခြင်းအတွက် လျှောက်လွှာ နမူနာပုံစံများ  ရယူပါ၊

 ဉီးစီးဌာန: အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

 

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အခြားသော Topics များ