Types: Topics
Categories: ပြည်ထဲရေး
agencies: အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

မြေငှားဂရန် အသစ် လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ

 

(၁) လျှောက်လွှာနှင့် လျှောက်ထားသူ၏ ထွက်ဆိုချက်။
(၂) ခရိုင်/ မြို့နယ်ထွေ/အုပ်၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့၏ လက်မှတ်၊ အမည်၊ ကိုယ်ပိုင်အမှတ်၊ ရုံးတံဆိပ်ဝိုင်းများနှင့် ရက်စွဲပါဝင်သော မြေစာရင်းပုံစံ (၁၀၅)၊ (၁၀၆) (၂)စုံ (မြေပုံတစ်ပုံ၌ အခွန်တံဆိပ်ခေါင်း ကပ်ရမည်။ )
(၃) မြေပိုင်ဆိုင်မှု အထောက်အထား တင်ပြရန်။
(၄) စည်းကြပ်မည့် မြေခွန်အပေါ် သဘောတူကြောင်း လျှောက်ထားသူ၏ ဝန်ခံကတိပြုချက်။
(၅) ပတ်ဝန်းကျင် ထွက်ဆိုချက်များ တင်ပြရန် ။
(၆) လမ်းနယ်နိမိတ် ကပ်ပါက စည်ပင်သာယာရေးအဖွဲ့ (သို့မဟုတ်)  ဦးစီးအရာရှိ (မြို့ပြ) ရုံး၊ လမ်းဦးစီးဌာန၏ ထောက်ခံချက် ။
(၇) အဆောက်အဦ မှတ်တမ်းဓာတ်ပုံများ။
(၈) ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ထွက်ဆိုချက် (သို့မဟုတ်) ထောက်ခံချက် ။
(၉) သက်ဆိုင်ရာ မြေတိုင်းစာရေး၏ထွက်ဆိုချက် ။

 

မှတ်ချက်။

  • လက်မှတ်ရေးထိုးသူများသည် ဌာန၊ အဖွဲ့အစည်းဖြစ်ပါက ရုံးတံဆိပ်များ ပြည့်စုံစွာ ပါရှိရန် ။
  • (၅)ဧက အထက်ဖြစ်ပါက တိုင်းဒေသကြီးအစိုးရအဖွဲ့၏သဘောထား ရယူ၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြရန်။

 

Form Download

 မြေငှားဂရန် အသစ် လျှောက်ထားရာတွင် လိုအပ်သော လျှောက်လွှာ နမူနာပုံစံများကို ဒေါင်းလုပ်ချ ရယူပါ။ 

ဦးစီးဌာန: အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

 

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အခြားသော Topics များ