Types: Topics
Categories: ပြည်ထဲရေး
agencies: အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

အခွန်လွတ် သာသနာ့မြေဂရန် လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ

 

(၁) လျှောက်လွှာ(ကျောင်းထိုင်ဆရာတော်၊ ဂေါပကအဖွဲ့၊ ကျောင်းဒါယကာ၊ သာသနာရေးမှ လျှောက်ထားရန်နှင့် ရုံးအခွန်တော် တံဆိပ်ခေါင်းကပ်ရန်)။
(၂) မြေစာရင်းပုံစံ(၁၀၅) (၁၀၆) နှစ်စုံစီ ။
(၃)

မြေပိုင်ဆိုင်မှု အထောက်အထား

- လယ်ယာမြေဖြစ်ပါက လယ်ယာမြေအား အခြားနည်းအသုံးပြုရန် ခွင့်ပြုမိန့်။
- ဘိုးဘပိုင်မြေ သို့မဟုတ် လက်ဝယ်ထားရှိပိုင်ခွင့်မြေဖြစ်ပါက မြေပိုင်ဆိုင်သူက အစိုးရသို့ ပြန်လည်အပ်နှံကြောင်း တရားဝင်စာချုပ်စာတမ်းဖြင့်   မှတ်ပုံတင်ထားသည့် စာချုပ်/ ကြေငြာချက် ။
(၄) မှတ်တမ်းဓါတ်ပုံများ (ဆောက်လုပ်ပြီး သို့မဟုတ် ဆောက်လုပ်မည့် ကျောင်၊ ဇရပ်များ၏ ရှေ့မြင်၊ ဘေးမြင်)။
(၅) ရပ်ကွက်/မြို့နယ်/တိုင်းဒေသကြီးသံဃနာယကကအဖွဲ့၏ ထောက်ခံချက်။
(၆) မြို့နယ်သာသနာရေး/ခရိုင်သာသနာရေး၏ ထောက်ခံချက်။
(၇) တည်နေရာပြမြေပုံနှင့် ပတ်၀န်းကျင်ပြမြေပု(၃)ပုံစီ။
(၈) မြေခွန်တော် အဆ (၂၀)ပေးသွင်းပြီး ငွေသွင်းချလံ။
(၉) လျှောက်ထားသူ ဆရာတော်၏ထွက်ဆိုချက်။
(၁၀) ပတ်ဝန်းကျင်ထွက်ဆိုချက်များ။
(၁၁) ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် (သို့မဟုတ်) ထွက်ဆိုချက်။

 

အထက်ပါ အချက်အလက်များ ပြည့်စုံစွာ ပါရှိပါက တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနသို့ သဘောထားတောင်းခံခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောထား တောင်းခံခြင်းတို့ ဆောင်ရွက်၍  သဘောထားများရရှိပါက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြရပါသည်။

 

 

Form(1) Download:

 

 အခွန်လွတ် သာသနာဂရန် လျှောက်ထားခြင်းအတွက် လိုအပ်သော လျှောက်လွှာ နမူနာပုံစံများ

ဦးစီးဌာန: အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

 

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အခြားသော Topics များ