- Types: Topics
- Categories: ပြည်ထဲရေး
- agencies: အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ဗဒ္ဓသိမ်ဂရန် လျှောက်ထားမှုတွင် ပါဝင်ရမည့် အချက်အလက်များ
(၁) | လျှောက်လွှာ (သိမ်ဒါယကာမှ လျှောက်ထားရန် )။ |
(၂) | မြေစာရင်းပုံစံ (၁၀၅)၊ (၁၀၆) နှစ်စုံစီ ။ |
(၃) |
အခွန်လွတ် သာသနာ့ မြေဂရန်စာချုပ်။ |
(၄) |
မူလသာသနာမြေ ဖြစ်ကြောင်း မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ထောက်ခံချက် ။ |
(၅) | ပတ်ဝန်းကျင် ထွက်ဆိုချက်များ ။ |
(၆) | လျှောက်ထားသူ၏ထွက်ဆိုချက် ။ |
(၇) | သိမ်ဆောက်လုပ်မည့် အဆောက်အအုံပုံ၊ အကွက်ချပုံစံ၊ သိမ်ပန္နက်မြေပုံများ ။ |
(၈) | ကျောင်းထိုင်ဆရာတော်မှ သိမ်မြေနေရာအား နိုင်ငံတော်သို့ ပြန်လည်စွန့်လွှတ်အပ်နှံကြောင်း တရားဝင် စာချုပ်စာတမ်းဖြင့် မှတ်ပုံတင်ထားသည့် စွန့်လွှတ်စာချုပ် ။ |
(၉) | ရပ်ကွက် / ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ထောက်ခံချက် (သို့မဟုတ်) ထွက်ဆိုချက်။ |
(၁၀) | ရပ်ကွက် / မြို့နယ် / တိုင်းဒေသကြီး သံဃနာယက ထောက်ခံချက်။ |
(၁၁) | မြို့နယ်သာသနာရေး / ခရိုင်သာသနာရေး၏ ထောက်ခံချက်။ |
အထက်ပါအချက်အလက်များ ပြည့်စုံစွာ ပါရှိပါက တိုင်းဒေသကြီးသာသနာရေး ဦးစီးဌာနသို့ သဘောထားတောင်းခံခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောထားတောင်းခံခြင်းတို့ ဆောင်ရွက်၍ သဘောထားများရရှိပါက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) သို့ တင်ပြရပါသည်။
Form Download : |
ဗဒ္ဓသိမ်ဂရန် လျှောက်ထားမှုတွင် လိုအပ်သော ဖောင်များအတွက် နမူနာပုံစံများကို ရယူပါ။ |
ဉီးစီးဌာန: အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အခြားသော Topics များ
Read
14