Types: Topics
Categories: သာသနာရေးနှင့် ယဉ်ကျေးမှု
agencies: ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်(ပုဂံဌာနခွဲ)

ရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံ တည်ရှိရာဇုန် သို့မဟုတ် ရှေးဟောင်းနေရာတည်ရှိရာ ဇုန်အတွင်းတွင် အဆောက်အအုံကို တည်ဆောက်ခြင်း သို့မဟုတ်  တိုးချဲ့ဆောက်လုပ်ခြင်းအတွက် လျှောက်ထားခြင်း

 

အဆောက်အအုံ တိုးချဲ့တည်ဆောက်ခြင်း၊ ပြင်ဆင်ခြင်းနှင့် ဝင်းခြံနယ်နိမိတ်တိုးချဲ့ခြင်းလျှောက်ထားသူက ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

ပူးတွဲပါရှိရမည့်အချက်များ

(၁) မြို့နယ်စည်ပင်သာယာရေးကော်မတီမှ စိစစ်ထားရှိပြီးဖြစ်သော လတ်မှတ်ပါရှိသည့် တည်ဆောက်တိုးချဲ့ပြင်ဆင်မည့် အဆောက်အဦပုံစံ(သို့မဟုတ်) တိုးချဲ့မည့် ဝင်းခြံနယ်နိမိတ်၊ Drawing (Layout Plan , Plan Section, Elevation)များပါရှိရမည်။ (၎င်းပုံဆွဲများ အပေါ်တွင် စည်ပင်သာယာရုံးတံဆိပ်နှင့် စိစစ်ထားရှိသော အင်ဂျင်နီယာ၏ အမည်နှင့် လက်မှတ်ပါရှိရမည်။)
(၂)

အဆောက်အအုံ လုပ်မည့် တည်နေရာပြမြေပုံ။
(မြေစာရင်းရုံးတံဆိပ်နှင့် အတည်ပြုလက်မှတ်ပါရှိသော မြို့ပြမြေပုံ၊ စည်ပင်သာယာရုံး တံဆိပ်နှင့် အတည်ပြုလက်မှတ်ပါရှိသော စည်ပင်နယ်နိမိတ်ပြ မြေပုံပေါ်တွင် ဆောက်လုပ် မည့် အဆောက်အဦ၏ တည်နေရာဖော်ပြပေးပါရန်နှင့် ၎င်းနေရာမှန်ကန်ကြောင်း စည်ပင်သာယာရေးကော်မတီ၏ တာဝန်ရှိသူတစ်ဦးအမည်နှင့် လက်မှတ်ပါရှိရန် လိုအပ်ပါ မည်။)

(၃) မြေဂရန် (သို့မဟုတ်) မြေပိုင်ဆိုင်မှု အထောက်အထားပါရှိရမည်။
(၄) သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၏ မြို့ပြကျေးရွာဧရိယာအတွင်း လူနေထိုင် ရန် ခွင့်ပြုထားသည့်မြေနေရာဖြစ်ကြောင်းနှင့် လူနေအိမ်ဆောက်လုပ် ပြင်ဆင်မှုတို့နှင့်် ပတ်သက်သည့် ထောက်ခံချက်။
(၅) လျှောက်ထားသူ၏နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ။
(၆)

မဆောင်ရွက်မီ လက်ရှိအနေအထား ( အိမ် / ခြံဝင်း ) ၏ ရှေ့၊ နောက်၊ ဝဲ၊ ယာ မှတ်တမ်းဓါတ်ပုံ (၄)ပုံ။

(၇) လျှောက်ထားသူ၏ အမြဲတမ်းနေရပ်လိပ်စာနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်။

 

သိရှိလိုက်နာဆောင်ရွက်ရန်အချက်များ

(၁) အဆောက်အဦဆောက်လုပ်ရန် တင်ပြလာသော Drawing ပုံစံများသည် တည်းခိုခန်းအသွင် မဟုတ်ဘဲ လူနေထိုင်ရန်ဖွဲ့စည်းထားသော အခန်းဖွဲ့စည်းမှုပုံစံသာ ဖြစ်ရမည်။ (တည်းခိုခန်း အဖြစ် ခွင့်မပြုပါ)
(၂)

ရေးဆွဲတင်ပြသော အဆောက်အအုံပုံစံ(ဒီဇိုင်း)တွင် ဘာသာရေးအရ အဂါရဝဖြစ်စေမည့် အဆင် တန်ဆာများ မပြုလုပ်ရ။ ( ဥပမာ - ဘုရားတံကဲပုံစံ စသည့် ရှေးဟောင်း သာသနိကအဆောက်အအုံတွင် အသုံးပြုသောအဆင်တန်ဆာများ)

(၃)

မြေအောက်ခန်းများနှင့် မြေအောက်(၁ပေ)အနက်ထက် ကျော်လွန်သော ကြီးမားသည့် မြေအောက်ရေကန်များမပြုလုပ်ရ၊ ထည့်သွင်းတည်ဆောက်ခြင်းမပြုရ။

(၄)

ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေအရ လျှောက်ထားသူသည် လူနေအိမ်တည်ဆောက်ခြင်း၊ တိုးချဲ့ဆောက်လုပ်ခြင်း၊ ပြင်ဆင်ခြင်း၊ ဝင်းခြံနယ်နိမိတ် တိုးချဲ့ခြင်းဆောင်ရွက်ရန်အတွက် ပုံစံ(၁) (သို့မဟုတ်) ပုံစံ(၃)ကို လျှောက်ထားသူမှ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ(ရုံး) တွင် ဖြည့်စွက်ရမည်။

(၅)

လျှောက်ထားသူမှ နေအိမ်အဖြစ်ဆောက်လုပ်ခြင်းသာဖြစ်ကြောင်း (တည်းခိုခန်းအဖြစ် ပြောင်းလဲဆောင်ရွက်မည်မဟုတ်ပါကြောင်း) ဝန်ခံကတိပြုချက်အား ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ(ရုံး)၏ တာဝန်ရှိသူ၏ ရှေ့မှောက်တွင် အသိသက်သေနှင့်တကွ လက်မှတ်ရေးထိုးရမည်။

(၆)

တင်ပြလျှောက်ထားလာသော Drawing ပေါ်တွင် ကာယကံရှင်ကိုယ်တိုင်မှလည်း လက်မှတ် ရေးထိုးရမည်။ (ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲတွင် ကျန်ရှိမည့် လက်ခံပေါ်တွင် လက်မှတ်ရေးထိုးပေးရပါမည်)

(၇)

ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေအရ အဆောက်အဦ၏အမြင့်သည်(၃၀)ပေထက်မကျော်ရ။ (အမြင့်ပေ ၃၀ အတွင်း တည်ဆောက် ထားရှိသော (၂)ထပ်အဆောက်အဦ၏ အပေါ်ထပ်(Slab)မိုးတွင်တိုးမြှင့်၍ တည်ဆောက် အသုံးပြုခြင်း ခွင့်မပြုပါ။)

(၂)

ဤဒေသသည် ယဉ်ကျေးမှုအမွေအနှစ်ဒေသဖြစ်၍ လက်ရှိမြေပြင်အောက်တွင် ကြွင်းကျန် နေသောရှေးဟောင်းအဆောက်အဦများရှိနိုင်သည့်အတွက် အဆောက်အဦစတင်ဆောက်လုပ်ရန် မြေကျင်းတူးသောအချိန်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲရုံးသို့ သတင်းပေးပို့ပြီးမှသာ တူးဖော်မှုလုပ်ငန်းဆောင်ရွက်ပါရန်။

 

Click Here!

 လျှောက်လွှာဖောင် 

 ဦးစီးဌာန: ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)