Types: Topics
Categories: စက်မှု့
agencies: စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဌာန

မှတ်ပုံတင်ပြီးသည့် လုပ်ငန်းများတွင် အပြောင်းအလဲများပြုလုပ်လိုခြင်း

 

  လုပ်ငန်းရှင်သည် မိမိ၏လုပ်ငန်းနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါ ပြောင်းလဲခြင်း များပြုလုပ်လိုပါက သက်ဆိုင်ရာ ခရိုင်/တိုင်းဒေသကြီးဦးစီးဌာနရုံးသို့ လျှောက်လွှာရေးသား၍ လျှောက်ထားရပါမည် -

(၁) လုပ်ငန်းတည်နေရာ ပြောင်းရွှေ့ခြင်း
(၂) လုပ်ငန်းအမျိုးအမည် ပြောင်းလဲခြင်း
(၃) လုပ်ငန်းအချင်းချင်း ပေါင်းစပ်ခြင်း/ လုပ်ငန်းခွဲခြမ်းစိတ်ဖြာခြင်း/ လုပ်ငန်းအရွယ်အစားပြောင်းလဲခြင်း/ စက်ပစ္စည်းတိုးချဲ့ခြင်း
(၄) ပိုင်ဆိုင်မှုလွှဲပြောင်းခြင်း (လုပ်ငန်းရှင်သေဆုံး/ အမွေဆက်ခံ/ လွှဲပြောင်း/ ရောင်းချ/ ပိုင်ဆိုင်မှု ပုံသဏ္ဍာန်)
(၅) လုပ်ငန်းအမည် ပြောင်းလဲခြင်း

 

ပြောင်းလဲခြင်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် အချက်အလက်များ

စဉ် ပြောင်းလဲမှု အမျိုးအစားများ တင်ပြရမည့် အထောက်အထားများ ဆောင်ရွက်မှု အခကြေးငွေနှုန်း
(၁) လုပ်ငန်းတည်နေရာပြောင်းရွှေ့ခြင်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်/ ကောင်စီနယ်မြေ အတွင်းရှိ စည်ပင် သာယာရေး ကော်မတီ၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီး ဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ မြန်မာ့လျှပ်စစ်ဓာတ်အား လုပ်ငန်းနှင့် လူမှုဖူလုံရေးအဖွဲ့တို့၏သဘောထားမှတ်ချက်၊ ပုဂ္ဂလိကစက်မှုမှတ်ပုံတင် လက်မှတ်
မှတ်ပုံတင်ကြေး၏ (၅၀%)
(၂) လုပ်ငန်းအမျိုးအမည်ပြောင်းလဲခြင်း

ပုဂ္ဂလိက စက်မှုမှတ်ပုံတင်လက်မှတ်

လုပ်ငန်းရှင်၏ ပတ်စပို့ဓာတ်ပုံ (၃)ပုံ

သက်ဆိုင်ရာ လုပ်ငန်းအလိုက် ရယူထား သည့်လိုင်စင် အထောက်ထားများ

မှတ်ပုံတင်ကြေး အတိုင်း
(၃) လုပ်ငန်းအချင်းချင်းပေါင်းစပ်ခြင်း/ခွဲခြမ်းစိတ်ဖြာခြင်း/လုပ်ငန်း အရွယ်အစားလဲခြင်း/ စက်ပစ္စည်းတိုးချဲ့ခြင်း

ပုဂ္ဂလိက စက်မှုမှတ်ပုံတင်လက်မှတ်

လုပ်ငန်းရှင်၏ ပတ်စပို့ဓာတ်ပုံ (၃)ပုံ

လုပ်ငန်းရှင်ကတင်ပြလိုသည့်အထောက် အထားများ (ရှိလျှင်)

သက်ဆိုင်ရာ လုပ်ငန်းအလိုက် ရယူထား သည့်လိုင်စင် အထောက်အထားများ

မှတ်ပုံတင်ကြေး အတိုင်း
(၄) ပိုင်ဆိုင်မှုလွှဲပြောင်းခြင်း (လုပ်ငန်းရှင်သေဆုံး/အမွေဆက်ခံ/လွှဲပြောင်း/ရောင်းချ/ ပိုင်ဆိုင်မှု ပုံသဏ္ဍာန်)

ပုဂ္ဂလိက စက်မှုမှတ်ပုံတင်လက်မှတ်

ပြောင်းလဲလုပ်ကိုင်မည့် လုပ်ငန်းရှင်၏ ပါတ်စပို့ဓာတ်ပုံ (၃) ပုံ

ငွေသွင်းချလံ မူရင်း

ပိုင်ဆိုင်မှုလွှဲပြောင်းရန် ပေါ်ပေါက်သည့် အကြောင်းရင်းနှင့် စပ်ဆိုင်သောအထောက် အထားများ

သက်ဆိုင်ရာလုပ်ငန်းအလိုက် ရယူထား သည့်လိုင်စင် အထောက်အထားများ

မှတ်ပုံတင်ကြေး အတိုင်း
(၅) လုပ်ငန်းအမည် ပြောင်းလဲခြင်း

ပုဂ္ဂလိက စက်မှုမှတ်ပုံတင်လက်မှတ်

လုပ်ငန်းရှင်၏ ပါတ်စပို့ဓာတ်ပုံ (၃) ပုံ

သက်ဆိုင်ရာလုပ်ငန်းအလိုက် ရယူထား သည့်လိုင်စင် အထောက်အထားများ

မှတ်ပုံတင်ကြေး အတိုင်း

 

ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်ပါက တိုင်းဒေသကြီး ပုဂ္ဂလိကစက်မှု လုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ ထောက်ခံချက်ဖြင့် ရုံးချုပ်သို့တင်ပြပြီး ရုံးချုပ်၏ ခွင့်ပြုချက်ဖြင့် ညွှန်ကြားရေးမှူးချုပ်မှ လက်မှတ်ရေးထိုး၍ ခွင့်ပြုမိန့်ထုတ်ပေးပါသည်။

 

Form Download:

ပုဂ္ဂလိကစက်မှုလုပ်ငန်းနေရာပြောင်းလဲခြင်းဆောင်ရွက်ရန်

 ဦးစီးဌာန: စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဌာန