စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဌာန
Category: စက်မှုဝန်ကြီးဌာန
ပုဂ္ဂလိက စက်မှုလုပ်ငန်းများအား မှတ်ပုံတင်ခြင်းဆောင်ရွက်ရာတွင် အောက်ပါလုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ပါသည် -
(၁) | လုပ်ငန်းရှင်မှ ပုဂ္ဂလိကစက်မှုလုပ်ငန်းမှတ်ပုံတင်ရန် တင်ပြလျှောက်ထားသည့်အခါ စက်မှုမှတ်ပုံတင် လျှောက်လွှာ ပုံစံ (က) (၃) စောင်ကို ထုတ်ပေး ရောင်းချပါသည်။၊ |
(၂) | လျှောက်လွှာတွင် ဖော်ပြချက်များ မှန်ကန်မှု ရှိ/မရှိ၊ တည်ဆဲဥပဒေအရ ညီညွတ်မှု ရှိ/မရှိကို ရုံးမှ ပုံစံ (ခ) ဖြင့် ကွင်းဆင်းစစ်ဆေးပါသည်။ |
(၃) | ကွင်းဆင်းစိစစ်ပြီးပါက အဆိုပါလုပ်ငန်းအား မှတ်ပုံတင်ရန် ထောက်ခံခြင်း/ ငြင်းပယ်ခြင်းပြုသည့် သဘောထားမှတ်ချက်ကို တိုင်းဒေသကြီး/ပြည်နယ်/ကောင်စီ နယ်မြေဦးစီးဌာနရုံးမှ ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြပါသည်။ |
(၄) | စက်မှုကြီးကြပ်ရေးအဖွဲ့၏ သဘောထားမှတ်ချက်အပေါ်စိစစ်၍ ညွှန်ကြားရေးမှူးချုပ် သည် မှတ်ပုံတင်ခွင့်ပြုခြင်း/ မှတ်ပုံတင်ခွင့်အား ငြင်းဆိုခြင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်/ ကောင်စီနယ်မြေ ဦးစီးဌာနများသို့ အကြောင်းကြားပါ သည်။ |
(၅) | အကြီးစား လုပ်ငန်းများအား ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်ပါက ပုဂ္ဂလိကစက်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ် ပုံစံ (ဂ)အား ညွှန်ကြားရေးမှူးချုပ်မှ လက်မှတ်ရေးထိုး၍ ခွင့်ပြုမိန့်ထုတ်ပေးပါသည်။ |
(၆) | အလတ်စားနှင့် အငယ်စားလုပ်ငန်းများအား ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်ပြီး ရုံးချုပ်မှခွင့်ပြုချက်ရရှိပါက ပုဂ္ဂလိကစက်မှုလုပ်ငန်း မှတ်ပုံတင် လက်မှတ်ပုံစံ(ဂ)အားညွှန်ကြားရေးမှူးချုပ်ကိုယ်စားတိုင်းဒေသကြီးဦးစီးဌာနမှူးမှ လက်မှတ်ရေးထိုး၍ ထုတ်ပေးပါသည်။ |
(၇) | စက်မှုလုပ်ငန်းရှင်မှ မှတ်ပုံတင်ကြေး ပေးဆောင်ပြီးကြောင်း အထောက်အထား တင်ပြသည့်အခါ တိုင်းဒေသကြီး/ ပြည်နယ်/ ကောင်စီနယ်မြေဦးစီးဌာနရုံးက မှတ်ပုံတင်လက်မှတ်ကို ထုတ်ပေးပါသည်။ |
(၈) | စက်မှုလုပ်ငန်းရှင်သည် မှတ်ပုံတင်ကြေးကို တိုင်းဒေသကြီး/ ပြည်နယ်/ ကောင်စီ နယ်မြေဦးစီးဌာနရုံးထံမှ မှတ်ပုံတင်ခွင့်ပြုကြောင်း အကြောင်းကြားစာရရှိပြီးပါက ရက်ပေါင်း(၆၀)အတွင်း မြန်မာ့စီးပွားရေးဘဏ်သို့ သတ်မှတ် မှတ်ပုံတင်ကြေး အတိုင်းပေးသွင်းရပါသည်။ နောက်ထပ် ရက်ပေါင်း (၃၀) အတွင်း ပေးဆောင်ပါက ယင်းမှတ်ပုံတင်ကြေးအပြင် မှတ်ပုံတင်ကြေး၏ ၅၀ % အား ဒဏ်ကြေးပေးဆောင် ရပါသည်။ ဆက်လက်၍ ပေးဆောင်ရန် ပျက်ကွက်ပါက မှတ်ပုံတင်ခွင့်ပြုခြင်း ပယ်ဖျက်ပါသည်။ |
ရုံးလိပ်စာ | အမှတ် (၂၉)၊ သီတာအေး (၉၀၂) ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်း၊ (ရတနာပူရပြတိုက်အနီး)၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။ | |
ဆက်သွယ်ရန်ဖုန်းနံပါတ် |
၀၂ ၃၉၁၃၃ (တိုင်းဒေသကြီးဦးစီးဌာနမှူး) ၀၂ ၆၃၁၁၉ (အုပ်ချုပ်ရေး/ဘဏ္ဍာရေးဌာန) ၀၂ ၃၉၅၇၃ (စက်မှုကြီးကြပ်/စစ်ဆေး၊ SME) |
|
အီးမေးလ်လိပ်စာ | This email address is being protected from spambots. You need JavaScript enabled to view it. | |
website လိပ်စာ | www.disi.gov.mm |
Eservices | Topics | |
|
||
News | ||