Types: Topics
Categories: စက်မှု့
agencies: စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဌာန

လုပ်ငန်းသစ်မှတ်ပုံတင်ခြင်း

 

  လုပ်ငန်းသစ်မှတ်ပုံတင်ရာတွင် လိုအပ်သည့်အထောက်အထား အချက်အလက်များ-

(၁) စည်ပင်လိုင်စင်
(၂) ပါဝါမီတာ/ ထရန်စဖော်မာ အသုံးပြုမှုများ အတွက် EI ခွင့်ပြုမိန့်
(၃) လျှပ်ထုတ်စက်/အပူပေး ကိရိယာ အသုံးပြုမှုများအတွက် EI ခွင့်ပြုမိန့်
(၄) ဘွိုင်လာအသုံးပြုမှုများအတွက် BI မှတ်ပုံတင် လက်မှတ်
(၅) ကုန်အမှတ်တံဆိပ်ရှိသော လုပ်ငန်းများအတွက် ကုန်အမှတ်တံဆိပ် မှတ်ပုံတင် အထောက်အထား
(၆) ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရေးအတွက် စီမံ ဆောင်ရွက်ထားရှိမှု အစီအစဉ်
(၇) ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ သဘောထားမှတ်ချက်
(၈) လုပ်ငန်းရှင်သည် တိုင်းဒေသကြီးရုံးမှ ထုတ်ပေးသည့် ပုံစံ (က) (၃) စောင်နှင့်အတူ လိုင်စင်ဓာတ်ပုံ (၃) ပုံပါ ပူးတွဲပေးပို့လျှောက်ထားရပါမည်။

 

  သီးခြားလုပ်ငန်း တစ်ခုချင်းစီအတွက် ထပ်မံတင်ပြရန် လိုအပ်သည့် အထောက် အထား/ အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် --

(၁) ဆန်စက်/ကုလားပဲစက် စားသုံးသူရေးရာ ဦးစီးဌာန၏ ကြိတ်ခွဲခွင့် မှတ်ပုံတင် လက်မှတ်
(၂) မုန့်လုပ်ငန်း (ပေါင်မုန့်/ကိတ်မုန့်/မုန့်ဟင်းခါးဖတ်/... ) မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ စားသုံးရန်သင့်လျော်ကြောင်း ထောက်ခံချက်
(၃) မုန့်လုပ်ငန်း (ဘီစကစ်/ကွတ်ကီး/ကိတ်ခြောက်/မုန့်ကြွတ်/ချိုချဉ်/ဂျယ်လီ/... ) အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ထောက်ခံချက်
(၄) ရေသန့်/ရေသန့်ရေခဲလုပ်ငန်း ကုန်အမှတ် တံဆိပ်မှတ်ပုံတင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန (FDA) ထောက်ခံချက်
(၅) ဆားကြိတ် အိုင်အိုဒင်းဆား ထုတ်လုပ်ခွင့်မှတ်ပုံတင်
(၆) ပရဆေးလုပ်ငန်း(တိုင်းရင်းဆေး) ကျန်းမာရေးဝန်ကြီးဌာန၏ တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့် လိုင်စင်နှင့် တိုင်းရင်းဆေးဝါး ယာယီ မှတ်ပုံတင်လက်မှတ်
(၇) တိရိစ္ဆာန်ဆေးဝါးထုတ်လုပ်ငန်း

ကုန်အမှတ်တံဆိပ်မှတ်ပုံတင်

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ သုံးစွဲနိုင် သောအဆင့်ရှိကြောင်း ထောက်ခံချက်

(၈) သစ်စက်/သစ်အချောထည်လုပ်ငန်း သစ်တောဦးစီးဌာန၏ သစ်အချောထည်/ လျှာထိုးစက်လိုင်စင်/ SAW MILL LICENCE/ သစ်ခွဲစက်လိုင်စင်
(၉) စက္ကူစက်လုပ်ငန်း/ပေါင်းသကြားစက်/ကြာဆန်စက်/မုန့်တီ/မုန့်ဟင်းခါးဖတ်လုပ်ငန်း
ရေဆိုးများထွက်ရှိနိုင်သည့်အတွက် ရေဆိုးစွန့်ပစ်မှုအား စနစ်တကျစီစဉ်ထားမှုဖော်ပြရန်
(၁၀) လျှပ်စစ်ပစ္စည်းထုတ်လုပ်ငန်း စက်မှုဝန်ကြီးဌာန၊ လျှပ်စစ် စစ်ဆေးရေးဌာန၏လျှပ်စစ်ပစ္စည်းထုတ်လုပ်ခွင့်နှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်သူမှတ်ပုံတင်လက်မှတ်
(၁၁) ခြင်ဆေးခွေလုပ်ငန်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မြန်မာ့ စိုက်ပျိုးရေးလုပ်ငန်း၏ ပိုးသတ် ဆေးထုတ်လုပ်ခွင့်နှင့် ထုတ်လုပ်ရောင်းချခွင့် လိုင်စင်
(၁၂) မြေသြဇာလုပ်ငန်း

ကုန်အမှတ်တံဆိပ်မှတ်ပုံတင်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မြန်မာ့ စိုက်ပျိုးရေးလုပ်ငန်း၏ မြေသြဇာသည် သုံးစွဲရန် သင့်လျော်ကြောင်း ထောက်ခံချက်

လယ်ဆည်ဓာတ်ခွဲစမ်းသပ်ချက်အဖြေ

စိုက်ပျိုးရေး ဦးစီးဌာန၏ မြေသြဇာဖြန့်ဖြူး ရောင်းချခွင့်လိုင်စင်

မြေသြဇာကော်မတီမှ မြေသြဇာ ထုတ်လုပ်ခွင့် လက်မှတ်

(၁၃) ခေါင်းလျှော်ရည်/ဆပ်ပြာရည်/ ဆပ်ပြာမွှေးခဲလုပ်ငန်း ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်စမ်းသပ်မှုဦးစီးဌာန၊ မြန်မာ့သိပ္ပံနှင့်နည်းပညာသုတေသနဦးစီးဌာန (MSTRD) ၏ ဓာတ်ခွဲ စမ်းသပ်ချက်အဖြေ
(၁၄) ပုံနှိပ်တိုက်/ပလတ်စတစ်ပုံနှိပ်/ခဲစာလုံးပုံနှိပ်/အော့ဖ်ဆက် ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်ခွင့်မှတ်ပုံတင်
(၁၅) ပလတ်စတစ်လုပ်ငန်း လျှပ်စစ် စစ်ဆေးရေးဌာန၏ အပူပေးကိရိယာ သုံးစွဲခွင့်လက်မှတ်
(၁၆) မော်တော်ကားထုတ်လုပ်ငန်း စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီIDC ၏ ကားထုတ်လုပ်ခွင့်
(၁၇) အအေးခန်းလုပ်ငန်း

ငါးလုပ်ငန်းဦးစီးဌာန၏ မှတ်ပုံတင်လက်မှတ်

ရေထွက်ပစ္စည်း ရောင်းဝယ်ခွင့်/ ဝယ်ယူ စုဆောင်းခွင့်လက်မှတ်

မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ကျန်းမာရေး နှင့်ညီညွတ်ကြောင်း ထောက်ခံချက်

(၁၈) သံရည်ကျို/သံနန်းဆွဲ/ဝါကြိတ်
မီးသတ်ဦးစီးဌာန၏ ထောက်ခံချက်
(၁၉)

တွင်/သံဂဟေ၊ကားဘော်ဒီ

သံပန်းသံတံခါး

သံဂဟေဆော်စက် အသုံးပြုသည့်အတွက် လျှပ်စစ် စစ်ဆေးရေးဌာန၏သံဂဟေဆော်စက် လိုင်စင်
(၂၀) ဝါးတူလုပ်ငန်း ဝါးကုန်ကြမ်း ဝယ်ယူရရှိမှု အထောက်အထား
(၂၁) အသားစည်သွပ်ဘူးလုပ်ငန်း

FDA ထောက်ခံချက်

ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင် စမ်းသပ်မှု ဦးစီးဌာန၊ သုတေသနဦးစီးဌာန (MSTRD) ၏ ဓာတ်ခွဲစမ်းသပ်ချက်အဖြေ

(၂၂) ဆန်စက်/တွင်ခုံ/ရက်ကန်း အင်ဂျင်စက်အသုံးပြုပါကအင်ဂျင်နှင့်စက်အား ရှပ်တန်းနှင့်ဆွဲ၍ တိုက်ရိုက်စက်လည်ပတ်စေ နိုင်ပါသည်။ လျှပ်ထုတ်စက် (ဒိုင်နမို) မပါလျှင် လည်းရပါသည်။
(၂၃) မြေအုတ်လုပ်ငန်း

အုတ်ဖုတ်ရန် ကုန်ကြမ်းမြေလုံလောက်စွာရယူ နိုင်မည့် အစီအစဉ်နှင့်သက်ဆိုင်ရာ အထောက် အထားများ

အုတ်လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိရေးအတွက် သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၏ကန့်ကွက်ရန်မရှိကြောင်း သဘောထားမှတ် ချက်

(၂၄) သံဂဟေဆော်စက်သုံးလုပ်ငန်း/လျှပ်စစ်မီးဖိုသုံးမုန့်လုပ်ငန်း အင်ဂျင်စက်အသုံးပြုပါကအင်ဂျင်နှင့်တိုက်ရိုက်သုံး၍မရပါ လျှပ်ထုတ်စက်(ဒိုင်နမို)နှင့်တွဲဖက် အသုံးပြုရပါမည်။
(၂၅) ကုမ္ပဏီလုပ်ငန်း

ကုမ္ပဏီမှတ်ပုံတင်လက်မှတ်

ထုတ်ကုန်/ သွင်းကုန် လိုင်စင်ရှိလျှင် ပုံစံ(၆)/ ပုံစံ(၂၆)

(၂၆) အစုစပ်လုပ်ငန်း စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင် ထားသောအစုစပ်စာချုပ်
(၂၇) အထည်ချုပ်လုပ်ငန်း

CMP စနစ်ဖြစ်ပါက CMP အထောက်အထား

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့် (MIC)

(၂၈) စက်ပစ္စည်းစာရင်း

ပြည်တွင်း၌ ဝယ်ယူပါက ပြည်တွင်းဝယ်ယူမှု အထောက်အထား

ပြည်ပမှဝယ်ယူပါက ပြည်ပမှဝယ်ယူမှု အထောက်အထား (Custom Duty)

အခြားကုမ္ပဏီမှ ဝယ်ယူပါက ကုမ္ပဏီမှဝယ်ယူမှု အထောက်အထား

(၂၉) သားရေနယ်/ချည်ဆေးဆိုး

သားသတ်လိုင်စင် "စီ" ရရှိထားသူထံမှ သားရေ ကုန်ကြမ်းဝယ်ယူရရှိမှု အထောက်အထား

လူနေအိမ်ခြေ၊ ကျောင်းများ၊ (အများပြည်သူ)တို့ နှင့်မနီးကြောင်းရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေး မှူးထောက်ခံချက်

ရေဆိုးစွန့်ပစ်မှုအစီအစဉ်

(၃၀) အရက်ပုလင်းသွင်းလုပ်ငန်း

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ယစ်မျိုးလိုင်စင် D1-A

ကုန်အမှတ်တံဆိပ်မှတ်ပုံတင် အမှတ်အသားနှင့် စာချုပ်စာတမ်းများ

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီး ဌာန (FDA) ထောက်ခံချက်

လျှပ်စစ်ဓာတ်အား/လျှပ်ထုတ်စက်အသုံးပြုပါက လျှပ်စစ် စစ်ဆေးရေးဌာန၏ EI ခွင့်ပြုမိန့်

စည်ပင်သာယာရေးလိုင်စင်

ပတ်ဝန်းကျင်ညစ်ညမ်းမှု မရှိစေရေး စီမံ ဆောင်ရွက်ထားရှိမှု

(၃၁) အရက်ချက်လုပ်ငန်း (သီးခြားကန့်သတ်)

စည်ပင်လိုင်စင်/ငွေသွင်းချလံ

ယစ်မျိုးလိုင်စင် (D1)

ဓာတုဗေဒဝန်ရုံး၏ စစ်ဆေးချက်

ဓာတ်ပုံမှတ်တမ်းများ

ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှု မရှိစေရေး စီမံဆောင်ရွက်ချက်

အခွန်ကြွေးကျန်မရှိကြောင်း အခွန်ဦးစီးဌာန၏ ထောက်ခံချက်

(၃၂) ဝိုင်လုပ်ငန်း (သီးခြားကန့်သတ်)

စည်ပင်လိုင်စင်/ငွေသွင်းချလံ

ယစ်မျိုးပုံစံ (W-1)/ ယစ်မျိုးခွန်ပေးသွင်းချလံ

မြို့နယ်ကျန်းမာရေး ထောက်ခံချက်

ကုန်အမှတ်တံဆိပ်စာချုပ်စာတမ်း

ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး ဆောင်ရွက်မည့် လုပ်ငန်းရှင်၏ ဝန်ခံကတိ

ဓာတ်ပုံမှတ်တမ်း

အခွန်ကြွေးကျန်မရှိကြောင်း အခွန်ဦးစီးဌာန၏ ထောက်ခံချက်

(၃၃) စီးကရက်လုပ်ငန်း (သီးခြားကန့်သတ်)

စည်ပင်လိုင်စင်/ငွေသွင်းချလံ

ကုန်အမှတ်တံဆိပ် စာချုပ်စာတမ်း

ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး ဆောင်ရွက်မည့် လုပ်ငန်းရှင်၏ ဝန်ခံ ကတိ

ဓာတ်ပုံမှတ်တမ်း

အခွန်ကြွေးကျန်မရှိကြောင်း အခွန်ဦးစီးဌာန၏ ထောက်ခံချက်

(၃၄) တိုင်းရင်းဆေးဝါးထုတ်လုပ်ငန်း (သီးခြားကန့်သတ်)

စည်ပင်လိုင်စင်/ငွေသွင်းချလံ

တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့်လိုင်စင်/ မှတ်ပုံတင်လက်မှတ် (သက်တမ်းကုန်ပါက သက်တမ်းတိုး လျှောက်ထားကြောင်းတင်ပြစာ)

ကုန်အမှတ်တံဆိပ် စာချုပ်စာတမ်း

အခွန်ကြွေးကျန်မရှိကြောင်း ဦးစီးဌာန၏ ထောက်ခံချက်

ဓာတ်ပုံမှတ်တမ်း

 

 

Form Download:

လုပ်ငန်းသစ်မှတ်ပုံတင်ခြင်း

 ဦးစီးဌာန: စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဌာန