- Types: Topics
- Categories: စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း
- agencies: ငါးလုပ်ငန်း
ငါးမွေးကန်လိုင်စင်များ ထုတ်ပေးခြင်း
ငါးမွေးမြူခြင်းလိုင်စင်လျှောက်ထားမည့်သူသည် သက်ဆိုင်ရာ ခရိုင်/မြိုနယ် ငါးလုပ်ငန်းဦးစီးဌာနရုံးများသို့ သွားရောက်၍ -
လျှောက်ထားရာတွင် လိုအပ်သည့်အချက်များ
(၁) | ငါးမွေးမြူခြင်းလိုင်စင်လျှောက်လွှာ |
(၂) | ၀န်ခံကတိပြုချက် |
(၃) | မှတ်ပုံတင်မိတ္တူ |
(၄) | အိမ်ထောင်စုစာရင်းမိတ္တူ |
(၅) | မြေစာရင်းပုံစံ (၁၀၅) မြေပုံ |
(၆) | လျှောက်ထားမြေ၏ ဆိုက်ပလန်ပြမြေပုံ |
စသည့်အထောက်အထား၊အချက်အလက်တို့ဖြင့် ခရိုင်/မြိုနယ်ဦးစီးဌာနမှူး ထံသို့ လျှောက်ထားရပါမည်။ ခရိုင်/မြို့နယ်ရုံးများမှ ကွင်းဆင်းစစ်ဆေးပြီး အထောက်အထား ပြည့်စုံမှန်ကန်သည့် အမှုတွဲအား တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနရုံးသို့ ဆက်လက် တင်ပြလာ သည့်အခါ တိုင်းဒေသကြီးငါးလုပ်ငန်းဦးဌာနရုံးမှ အချက်အလက်ပြည့်စုံမှုရှိသည့် အမှုတွဲအား ငါးမွေးမြူခြင်းလိုင်စင် (ယာယီ) ခွင့်ပြုချထားပေးပါသည်။ ငါးမွေးမြူခြင်းလိုင်စင်(ယာယီ)ရရှိသည့် ငါးလုပ်ငန်းဦးစီးဌာနမှ ပြဌာန်းသည့် စည်းကမ်းများကို လိုက်နာရမည်ဖြစ်ပြီး သက်ဆိုင်ရာ ခရိုင်/မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး များတွင် သက်ဆိုင်ရာငွေစာရင်းခေါင်းစဉ်ဖြင့် ငါးမွေးမြူခြင်းဆိုင်ရာ အခွန်အခအား ပေးသွင်းရမည် ဖြစ်ပါသည်။ ထို့သို့ပေးသွင်းပြီးကြောင်း အထောက်အထားဖြင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံးမှ ပြန်လည်တင်ပြသည့်အခါ ငါးမွေးမြူခြင်းလိုင်စင် (ယာယီ) ကဒ်အား ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ပါသည်။
Form Download: |
ဦးစီးဌာန: ငါးလုပ်ငန်းဦးစီးဌာန
ငါးလုပ်ငန်းဦးစီးဌာနရှိ အခြားသော Topics များ
-
ရေထွက်ပစ္စည်းသယ်ယူခွင့် မျှောစာများထုတ်ပေးခြင်း
- 1869 hit(s)
-
ငါးမွေးကန်လိုင်စင်များ ထုတ်ပေးခြင်း
- 2151 hit(s)